ANSOE avatar

My Entry For Around The World - Challenge #32/6 🌎

ansoe

Published: 17 Dec 2025 › Updated: 17 Dec 2025My Entry For Around The World - Challenge #32/6 🌎

My Entry For Around The World - Challenge #32/6 🌎

Hello everyone, have a nice day.

အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။


It's been a while since I've posted anything. I haven't taken any photos either. This week, I'm trying to post some photos I took while traveling. I love the fresh, cool feel of the morning before sunrise. The air I breathe is clean and fresh. There's almost no dust or smoke. That's why I love the morning. This week's contest photo is a picture of birds flying freely in the 4-foot fog before sunrise, under a red sky in the east, with a peaceful village in the background. I saw it as a painting. I thought it was a painting by a professional artist. It was true. Nature was painted by a professional artist.

This beautiful morning photo was taken from the road (Beside Pyinmana-Taungnyo Road) between Nay Pyi Taw and Yamethin. I don't know the name of the village.




စာမရေး ပို့စ်မတင်ဖြစ်တာ အချိန်အနည်းငယ်ကြာသွားခဲ့ပြီ။ ဓာတ်ပုံတွေလည်းမရိုက်ဖြစ်လို့ပါ။ အခုတပတ်မှာတော့ ခရီးသွားရင်းနဲ့ ရိုက်ယူခဲ့တဲ့ ဓာတ်ပုံအချို့နဲ့ ကြိုးစားပြီး ပို့စ်တင်လိုက်ရပါတယ်။ နေမထွက်မီ နံနက်ခင်းရဲ့ လတ်ဆတ်အေးမြတဲ့အရသာကို ကြိုက်နှစ်သက်တယ်။ ရှုရှိုက်ရတဲ့လေက သန့်ရှင်းလတ်ဆတ်တယ်။ ဖုန်မှုန့်တွေ မီးခို့ငွေ့တွေမပါသလောက်နဲပါးတယ်။ ဒါကြောင့် နံနက်ခင်းကို သဘောကျမိတယ်။ အခုတပတ်ရဲ့ပြိုင်ပွဲဝင်ဓာတ်ပုံကလည်း နံနက်ခင်းနေမထွက်မီ အရှေ့ဖက်မှာ အနီရောင်တွေဖြာနေတဲ့ မိုးကောင်းကင်အောက်မှာနောက်ခံမှာ အေးချမ်းမှုနဲ့တည်ရှိနေတဲ့ကျေးရွာနဲ့အတူ ၄ ပေလောက်ဖုံးလွှမ်းနေတဲ့မြူနှင်းတွေကြားမှာ လွတ်လပ်စွာပျံသန်းနေတဲ့ ငှက်ကလေးတွေရဲ့ပုံပဲဖြစ်ပါတယ်။ ပန်းချီကားတစ်ခုလို့ မြင်မိတယ်။ ကျွမ်းကျင်တဲ့ပန်းချီဆရာက ရေးဆွဲထားတဲ့ ပန်းချီကားတစ်ခုလို့ထင်မိတယ်။ အမှန်ပါပဲ။ သဘာဝကို သဘာဝပန်းချီဆရာကပဲ ပန်းချီရေးဆွဲလိုက်တာပါ။

ဒီနံနက်ခင်းအလှဓာတ်ပုံက နေပြည်တော် နဲ့ ရမည်းသင်း ကြားက(ပျဉ်းမနား-တောင်ညို လမ်းဘေး)လမ်းမပေါ်ကနေ ရိုက်ယူထားခဲ့တာဖြစ်ပါတယ်။ ရွာရဲ့နာမည်ကိုတော့မသိပါဘူး။


The photo below is the contestant photo for this week's Around The World Challenge #32/6.

အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် Around The World Challenge #32/6. အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။



With all due respect -

အားလုံးကို လေးစားလျှက် -


ansoe@ansoe

17 DECEMBER 2025 WEDNESDAY

Leave My Entry For Around The World - Challenge #32/6 🌎 to:

Written by

Myanmar Hive Community(Zeyar Shwe Myay)

Read more #hive-125125 posts


Best Posts From ANSOE

We have not curated any of ansoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From ANSOE