မုံရွာဘားကမ့်ရောက် အတွေးတစ်ချို့
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
မုံရွာဘားကမ့်အကြောင်းစာရေးရန်အစီအစဉ်မရှိသော်လည်း ယခုရက်ပိုင်းတွင် ဆက်တိုက်ခရီးထွက်နေရခြင်းကြောင့် ခရီးသွားချိန်တွေ့ကြုံရသည့် အကြောင်းအရာများအား ရေးသားလိုက်ပါသည်။ အခြားအကြောင်းအရာတို့အား စဉ်းစားရေးသားရန်အချိန်မလုံလောက် တော့ပါသဖြင့် မုံရွာမြို့တွင် ကျင်းပလျက်ရှိသော ဘားကမ့်(Barcamp)အကြောင်းကိုသာ အနည်းငယ်ရေးသားလိုက်ပါသည်။ အပြည့်အစုံရေးသားရန်လည်း အချက်အလက်အပြည့်အစုံ ရယူနိုင်ခဲ့ခြင်းမရှိသောကြောင့် အနည်းငယ်မျှသာ ရေးသားလိုက်ခြင်းဖြစ်ပါသည်။
ဘားကမ်းအကြောင်းမရေးသားခင် ကျွန်တော်အနေဖြင့်လေ့လာထားသည့်အထဲမှ ဘားကမ့်ဆိုတာဘာလဲဆိုတာ လူအများသိအောင် ရေးပေးချင်ပါသည်။ သိထားပြီးသူများအနေဖြင့် သည်းခံဖတ်ရှုကြပါ။ သိသမျှလေးအား မျှဝေလိုခြင်းဖြစ်ပါသည်။ ဘားကမ်းဆိုသည်မှာ ကြိုတင်ဇာတ်တိုက်ထားခြင်းမျိုးမဟုတ်ပဲနှင့် ပွဲသို့ တက်ရောက်လာကြသော ပရိဿတ်များ၏ ကျွမ်းကျင်မှု အသိပညာများ၊ အတတ်ပညာများအား အချိန်တစ်ချိန်တည်းမှာ တပြိုင်နက် ဆွေးနွေးနိုင်ကြရန် အခန်းခွဲကာ ပြောဆိုဆွေးနွေးခြင်းပြုလုပ်နိုင်သည့် အခမ်းအနားတစ်ခုဖြစ်ပါသည်။ အလွယ်တကူပြောဆိုရမည် ဆိုပါက ကျွန်တော်တို့တစ်တွေ မိတ်ဆွေအချင်းချင်း လက်ဖက်ရည်ဆိုင်ထိုင်၊ သို့တည်းမဟုတ် ဘီယာဆိုင်ထိုင်ပြီး အပြန်အလှန် စကားပြောဆို ဆွေးနွေးကြခြင်း၊ အသိပညာ အတတ်ပညာများအား မျှဝေပေးကြခြင်းဖြစ်မည်ဟု ထင်ပါသည်။ တတ်သိနားလည်သူများမှ ရှင်းလင်းပြောပြ ဆွေးနွေးကြခြင်းပင်ဖြစ်ပါသည်။ အဓိပ္ပါယ် ပြည့်စုံချင်မှလည်း ပြည့်စုံနိုင်မည်ဖြစ်ပါသည်။ သိသမျှ ဖွင့်ဆိုပြောပြခြင်းသာ ဖြစ်ပါသည်။
ထိုကဲ့သို့သော အခမ်းအနားများ အများအပြားကျင်းပပေးနိုင်ရန်လိုအပ်ပါသည်။ ယနေ့ခေတ်တွင် လူငယ်အများစုအတွက် အင်မတန်လည်း အကျိုးရှိနိုင်မည့် အခမ်းအနားတစ်ခုဟုလည်း မြင်မိပါသည်။ ရှင်းသူက ရှင်း မေးသူကမေး အဆင်ပြေလှပါ သည်။ အချို့သောသူများသည် ဘားကမ့်ဟုပြောလိုက်လျှင် အိုင်တီနည်းပညာဆိုင်ရာ ဆွေးနွေးခြင်းဟု သဘောပေါက်ကြသည်လားမသိပါ။ ထိုကဲ့သို့သော အခမ်းအနားမျိုး မဟုတ်ပါ။ ကဏ္ဍမျိုးစုံပါဝင်ဆွေးနွေးနိုင်ပါသည်။ နယ်ပယ်စုံမှ အောင်မြင်နေသူများ၊ တတ်သိ နားလည်သူများမှ စိတ်ရှည်လက်ရှည် ရှင်းပြပေးသော အခမ်းအနားတစ်ခုဖြစ်ပါသည်။ ဗဟုသုတအဖြစ် ဖြစ်စေ၊ မိမိတို့နှင့်သက်ဆိုင်ရာ ကဏ္ဍအတွက် သိလိုသည်များကို မေးမြန်း ဆွေးနွေးလိုသည်ဖြစ်စေ သွားရောက်သင့်သည့် အခမ်းအနားတစ်ခုဟုလည်း မြင်မိပါသည်။ မိမိတို့လုပ်ကိုင်နေသော လုပ်ငန်းနယ်ပယ်အတွက်လည်း အကျိုးရှိမည်ထင်ပါသည်။ ထို့အပြင် နောက်တစ်ခု အကျိုးရှိသည်မှာ အောင်မြင်သူများနှင့် လက်ပွန်းတီး ဆွေးနွေးနိုင်သည့် အခွင့်အရေး၊ ထိုသူများနှင့် မိတ်ဆွေဖြစ်နိုင်သည့်အခွင့်အလမ်းများလည်း ရရှိနိုမည်ဖြစ်ပါ သည်။ မိတ်ဆွေဖြစ်နိုင်ခွင့်သည် မိမိတို့၏၏ အရည်အချင်းပေါ်တွင် မူတည်နေမည်ဖြစ်ပါသည်။
မုံရွာဘားကမ့်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမတွင် ၂၀၁၈ ခုနှစ်၊ မတ်လ (၁၁)ရက်၊ (၁၂)ရက် (၂)ရက်ကျင်းပခြင်းဖြစ်ပါသည်။ ကျွန်တော်အနေဖြင့် ယနေ့(၁၁-၃-၂၀၁၈)တွက် မုံရွာဘားကမ့်သို့ သွားရောက်ခဲ့ခြင်းဖြစ်ပါသည်။ အောင်မြင်ကျော်ကြားနေသူများ ပါဝင်ကြသကဲ့သို့ မအောင်မြင် မကျော်ကြားသေးသူများလည်း ပါဝင်ကြပါသည်။ ခေါင်းစဉ်အလိုက်ဆွေးနွေး ရှင်းပြ ကြခြင်းဖြစ်ပါသည်။ လူသိများသူများအား ဖော်ပြရမည်ဆိုပါက **နိုင်ငံကျော်များဖြစ်ကြသော အဆိုတော် မိုးမိုး၊ ဦးဘုန်း(ဓာတု)၊ ဦးမင်းကိုနိုင်၊ ဦးဂျင်မီ၊ ဦးဇော်လင်း(Youth Computer)၊ ဦးသစ်ဆန်းခန့်(Channel Myanmar) စသည့် နာမည်ကျော်များအပြင် အခြားသူများလည်း ပါဝင် ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါသည်။ ထိုသို့ဆွေးနွေးရာတွင် ခေါင်းစဉ်မတူသကဲ့သို့ ဆွေးနွေးကြသည့်အခန်းများလည်း မတူညီကြပါ။ မိမိတို့ စိတ်ဝင်စားရာ ခေါင်းစဉ်အတွက် ရှင်းလင်းဆွေးနွေးပေးနေသော အခန်းတွင် သွားရောက် နားထောင် ပါဝင်ဆွေးနွေးနိုင်ပါသည်။ ယနေ့လူငယ်များအတွက် အလွန်ကောင်းမွန်သော အခမ်းအနားတစ်ခုဖြစ်ကြောင်း ထပ်မံပြောကြားလိုပါသည်။
အချုပ်အားဖြင့်ဆိုရသော် ဘားကမ့်ကဲ့သို့သော အခမ်းအနားများ နိုင်ငံတစ်ဝှမ်းလုံးတွင် ကျင်းပပေးနိုင်လျင် အလွန်အင်မတန် ကောင်းလှပါသည်။ ထိုကဲ့သို့သော အခမ်းအနားများသို့ လူငယ် လူရွယ်များအနေဖြင့် တက်ရောက်သင့်ပါကြောင်း အကြံပြုတိုက်တွန်းလိုပါသည်။ စိတ်ကူးထဲတွင် မပေါ်လာခဲ့သောအကြောင်းအရာတစ်ခုသည် မုံရွိာဘားကမ့်သို့ရောက်ရှိပြီး အချိန်အတော်ကြာမှ ခေါင်းအတွင်းသို့ဝင်ရောက်လာခဲ့ရာ အားမလိုအားမရဖြစ်မိပါသည်။ ထိုစိတ်ကူးအတွေးသည်ကား ကျွန်တော်တို့၏ Steemit Platform အကြောင်းအား Leader နှင့်အဖွဲ့သားများဖြင့် ခေါင်းစဉ် တစ်ခုအနေဖြင့် ၀င်ရောက်ဟောပြောနိုင်လျင် အလွန်ကောင်းလေစွဟူသော စိတ်ကူးပင်ဖြစ် ပါသည်။ ထိုစိတ်ကူးပေါ်ချိန်တွင် နောက်ကျနေခဲ့ပြီဖြစ်ပါသည်။ နောက်နောင် ထိုပွဲမျိုးကြုံပါက Leader အားဖိတ်ကြားကာ ဟောပြောစေချင်စိတ်ကူးကလေးသည် ဦးနှောက်အတွင်းသို့ ၀င်ရောက် နေရာယူထားခဲ့ပါ သည်။ Steemit Platform အား လူအများသိစေရန် ကြိုးစားအားထုတ်ကြည့် မည်ဖြစ်ပါကြောင်း ရေးသားရင်းဖြင့် ရပ်နားလိုက်ပါသည်။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
10-Mar-2018 စနေနေ့(Saturday)
Leave မုံရွာဘားကမ့်ရောက် အတွေးတစ်ချို့ to:
Read more #myanmar posts
Best Posts From ANSOE
We have not curated any of ansoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From ANSOE
- My Entry For Around The World - Challenge #12/7 🌎
- My Entry For Around The World - Challenge #7/7 🌎
- My Entry For Around The World - Challenge #5/7 🌎
- My Entry For Around The World - Challenge #4/7 🌎
- My Entry For Around The World - Challenge #2/7 🌎
- My Entry For Around The World - Challenge #52/6 🌎
- My Entry For Around The World - Challenge #51/6 🌎
- My Entry For Around The World - Challenge #50/6 🌎
- My Entry For Around The World - Challenge #49/6 🌎
- My Entry For Around The World - Challenge #48/6 🌎