လူ နဲ့ လူချင်း ဆက်ဆံခြင်း
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....
ဘာသာရေးနဲ့ပတ်သက်ပြီး ပို့စ်တွေရေးမတင်ဖြစ်ခဲ့ဘူး။ အခုတော့ နည်းနည်းလေးရေးမယ်။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ့်ဘာသာတရားရေးတင်ခဲ့ရင် အခြားဘာသာဝင်တွေလည်းရှိနေတဲ့အတွက် အဆင်မပြေဖြစ်မှာစိုးလို့ပါ။ သေချာစဉ်းစားကြည့်မိတော့ အခြားဘာသာဝင်တွေထက် ကိုယ့်ဘာသာဝင်တွေနဲ့ပဲ အဆင်မပြေဖြစ်ဖို့များတာကို တွေ့ရတယ် 😁 ငြင်းခုံ စကားနိုင်လုချင်လို့ ပို့စ်တင်ခြင်းမဟုတ်ပဲ ကိုယ် ဉာဏ်မှီသလောက် မျှဝေခြင်းသာဖြစ်လို့ အမှားပါခဲ့ရင်လည်း ထောက်ပြဝေဖန် အကြံပြုနိုင်ပါတယ်။
ဝိပဿနာတရားဆိုတာ ထိုင်ပြီးအားထုတ်ရတာ၊ နာရတာမဟုတ်ဘူး။ ဟောရတာမဟုတ်ဘူး။ ဒီလိုမတွေးလေနဲ့။
ဝိပဿနာတရားကို ဟောရင်းနဲ့ဘဲ နာရင်းနဲ့ဘဲ ရဟန္တာဖြစ်သွားကြတဲ့သူတွေရှိတယ်။ နားထောင်နေရင်းကနေပြီးတော့ Apply လုပ်သွားတာ။ အဲဒီလို Apply လုပ်သွားရင် ကျင့်ပြီးသား တခါတည်းဖြစ်သွားတယ်။
ပါချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသက အဲဒီလို ဟောကြားခဲ့ဖူးတယ်။
ကျွန်တော်တို့မှားယွင်းနေတဲ့အချက်တွေကို ထောက်ပြခဲ့တယ်လို့ထင်ပါတယ်။ ဆိတ်ငြိမ်တဲ့နေရာမှာ တင်ပလ္လင်ခွေထိုင် မျက်စိနှစ်လုံး စုံမှိတ်ပြီးနေမှ တရားကျင့်တာမဟုတ်ဘူးဆိုတာကို ထောက်ပြခဲ့တယ်လို့ မြင်မိပါတယ်။ နောက်ပြီးတော့ ကျွန်တော်ဟိုးအရင်တုံးကရေးခဲ့ဖူးတဲ့စာတွေမှာ ပါခဲ့ဖူးပါတယ်။ တရားဘယ်အချိန်ကျင့်ရမှာလဲဆိုသလ်ုမျိုးပါ။ အချိန်တိုင်းမှာ ကိုယ့်ရဲ့စိတ်က တရားနဲ့ရှိနေမယ်ဆိုရင် မတရားတာကို မလုပ်ဖူးဆိုရင် တရားကျင့်နေတဲ့သူလို့ ယူဆပါတယ်။
ဘုရားစင်ရှေ့မှာ ဘုရားကို သူ့အသတ်မသတ်ပါဘူးလို့ပြောပြီး ဘုရားစင်ရှေ့ကထတာနဲ့ ဆန့်ကျင်ဘက်အလုပ်တွေကို လုပ်နေတာက ဘုရားကို လိမ်နေတာလို့မြင်ပါတယ်။ ဘုရားစင်ရှေ့မှာတော့ အာမဘန္တေ ဆိုပြီးကတိပေးတယ်။ ဘုရားစင်နဲ့ဝေးတဲ့အချိန် လုပ်ချင်ရာလုပ်တယ်ဆိုတာ တရားကျင့်တာ ဘုရားစကားကို နားထောင်တာ မဟုတ်တာ သေချာပါတယ်။ ပါးစပ်က ဘုရား ဘုရား လက်က ကားယား ယားယားဆိုတဲ့စကားက အဲဒီလိုလူတွေကိုပြောခဲ့တာဖြစ်မယ်။ တရားဆိုတာကိုတော့ မှန်မှန်ကန်ကန် သိမြင်ဖို့တော့ လိုပါတယ်။ တရားမှာ စိတ်ခံစားချက်ဆိုတာတွေ မပါဝင်သလို ကြိုက်ခြင်း မကြိုက်ခြင်း၊ ချစ်ခြင်း မုန်းခြင်းတွေလည်း မပါဝင်ပါဘူး။
တရားကျင့်တာ တရားရဖို့အတွက် အချိန်ဘယ်လောက်ကြာသလဲလို့ တွေးတတ် မေးတတ်ကြပါတယ်။ တရားကျင့်ပြီး တရားရဖို့အတွက် အချိန်ကန့်သတ်ထားတာမျိုး မရှိပါဘူး။ အဲဒီလိုလည်း ကန့်သတ်လို့ရတဲ့အရာမဟုတ်ပါဘူး။ ဘယ်လောက်ကျင့်ရင် တရားရပြီဆိုတာမျိုး မရှိပါဘူး။ တရားကျင့်တဲ့သူအပေါ်မှာမူတည်ပါတယ်။ အရည်အချင်းရှိပြီး မှန်မှန်ကန်ကန် နှလုံးသွင်းနိုင်တဲ့သူတွေဆိုရင် တစ်မိနစ် တစ်စက္ကန့်နဲ့လည်းတရားရနိုင်သလို မှန်မှန်ကန်ကန် နှလုံးမသွင်းနိုင်ရင် သေသာသွားမယ် တရားရမှာမဟုတ်ပါဘူး။ အရည်အချင်းမရှိတဲ့သူတွေဆိုရင်တော့ ကိုယ့်ဖာသာစဉ်းစားကြပေါ့။
တရားနဲ့ပတ်သက်တာတွေကို ရေးတင်နေလို့ တရားရနေပြီလို့တော့မထင်လိုက်ပါနဲ့။ ဒါပေမယ့် ကိုယ်နဲ့ဆက်ဆံတဲ့လူတိုင်းကိုတော့ တရားနဲ့ဆက်ဆံတယ်။ မတရားသဖြင့်မဆက်ဆံဘူး။ ဘုရားစကားကို အတတ်နိုင်ဆုံးလိုက်နာတယ်။ ဘုရားကို မလိမ်ညာဘူး။ လူနဲ့လူချင်းဆက်ဆံတဲ့အခါတိုင်း တရားနဲ့ဆက်ဆံနိုင်အောင်ကြိုးစားနေဆဲပါပဲ။ တရားကျင့်ဖို့ဆိုပြီးလည်း တောထဲမသွားနိုင်သေးဘူး။ မစွန့်လွှတ်နိုင်သေးဘူး။ တရားကျင့်တာက အချိန်ကာလနဲ့မသက်ဆိုင်ဘူး။ တရားကျင့်နဲ့လူနဲ့ပဲ တိုက်ရိုက်သက်ဆိုင်နေပါတယ်။
ဝိသာခါကျောင်းအမကြီးဆိုတာ ဗုဒ္ဓဘာဝင်အများစုက သိပြီးသားပါ။ ဝိသာခါကျောင်းအမကြီးက ဘယ်အသက်အရွယ်မှာ တရားရပြီး သောတာပန်ဖြစ်တာလဲဆိုတာကို ကြည့်ရင် အချိန်သတ်မှတ်ချက်နဲ့ တရားရတာမဟုတ်ဘူးဆိုတာ သိသာပါလိမ့်မယ်။ မသိတာကို သိအောင်ကြိုးစားတယ်။ သိပြီးသွားရင်လည်း လက်တွေ့လိုက်နာနိုင်အောင် ကြိုးစာနေရဆဲပဲဖြစ်ပါတယ်။ တင်ပလ္လင်ချိတ် မျက်စိမှိတ်ပြီး အေးအေးဆေးဆေး တရားကျင့်နိုင်ဖို့ကတော့ ဝေးနေပါသေးတယ်။ အဲလိုမလုပ်နိုင်သေးပဲ လူ့လောကကြီးမှာ ကျင်လည်နေသေးသမျှကာလမှာ လူနဲ့လူချင်း ဆက်ဆံတဲ့နေရာမှာ အတတ်နိုင်ဆုံး တရားနဲ့အညီ ကျင့်ကြံနေထိုင်နေရအုံးမှာပါ။
သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။
အားလုံးကို လေးစားလျှက် -
@ansoe
Leave လူ နဲ့ လူချင်း ဆက်ဆံခြင်း to:
Read more #hive-122133 posts
Best Posts From ANSOE
We have not curated any of ansoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From ANSOE
- My Entry For Around The World - Challenge #12/7 🌎
- My Entry For Around The World - Challenge #7/7 🌎
- My Entry For Around The World - Challenge #5/7 🌎
- My Entry For Around The World - Challenge #4/7 🌎
- My Entry For Around The World - Challenge #2/7 🌎
- My Entry For Around The World - Challenge #52/6 🌎
- My Entry For Around The World - Challenge #51/6 🌎
- My Entry For Around The World - Challenge #50/6 🌎
- My Entry For Around The World - Challenge #49/6 🌎
- My Entry For Around The World - Challenge #48/6 🌎