ANSOE avatar

အတ္တ နဲ့ အနတ္တ

ansoe

Published: 09 Oct 2022 › Updated: 09 Oct 2022အတ္တ နဲ့ အနတ္တ

အတ္တ နဲ့ အနတ္တ

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ရေးချင်တာရေးအစီအစဉ်အတိုင်း ရေးချင်တာတွေရေးခဲ့ပြီးပြီဆိုတော့ကာ ဒီနေ့တော့ နဲနဲလောက် ဦးနှောက်ခြောက်စေနိုင်တဲ့ စာတွေရေးရင်ကောင်းမယ်ထင်တယ်... တခါတရံတော့ ရေးတင်ပါရစေ... ရူပဗေဒ ဓာတုဗေဒ ကနေဆင့်ပွားလို့ အမျိုးမျိုးဖြစ်ထွန်းခဲ့ကြတဲ့ သိပ္ပံပညာရပ်တွေ နည်းပညာရပ်တွေ ထွန်းကားလာတာနဲ့အမျှ ရုပ်ကိုအဓိကထားတဲ့လူတွေ များပြားလာတာတွေ့ရပါတယ်... အနုမြူလို သေးငယ်လွန်းတဲ့အရာတွေကို ဖွဲ့စည်းထားတာက အရာဝတ္ထုတိုင်းဆိုတာကို သိပ္ပံပညာရှင်တိုင်းက လက်ခံထားပြီးဖြစ်ပါတယ်...



အနုမြူမှုန်ကို သာမန်မျက်စိနဲ့ မမြင်နိုင်ပေမယ့် အနုမြူဆိုတာ ရှိတယ်လို့ အားလုံးကလည်း လက်ခံထားပြီးဖြစ်ပါတယ်... အနုမြူမှုန်ရှိတယ်ဆိုတာကို မည်သူကမျှ ငြင်းပယ်ကြလိမ့်မည်မဟုတ်ပါ... သို့ဆိုလျှင် မမြင်ရရင် မရှိဘူးဆိုတဲ့စကားက လူကပ်များပြောတဲ့စကားပဲဖြစ်နေပေလိမ့်မည်... လေရှိတယ်ဆိုတာကို လူတိုင်းလက်ခံကြပေမယ့် လေကို မြင်ကြရတာမဟုတ်ပါ... ဒါကိုလည်း ဘယ်သူကမှ ငြင်းကြမယ်မဟုတ်ပါ... လေရှိလို့ သတ္တဝါတွေ အသက်ရှင်နေထိုင်နိုင်ကြတယ်ဆိုတာကိုလည်း လက်ခံထားကြပြီးဖြစ်ပါတယ်... တချို့အရာများဟာ ရှိပင်ရှိသော်ငြားလည်း သာမန်အားဖြင့် မြင်နိုင်ကြသည်မဟုတ်ပါ...

မမြင်ရရင်မယုံကြည်ဘူးဆိုသူတွေ လောကကြီးမှာ အများအပြား‌ရှိနေခြင်းဟာ ရုပ်ဝါဒီသမားများဖြစ်နေကြတာကိုတော့ ထိုသူများ သတိပြုမိကြလိမ့်မယ်မဟုတ်ပါ... ထိုသူတို့ကို မေးခွန်းတစ်‌ခုမေးကြည့်မယ်ဆိုပါက ယောင်နန ဖြစ်ကုန်ကြလိမ့်မယ်လို့ ထင်ပါတယ်... လောကကြီးမှာ မိခင် ဖခင်ဆိုတာဟာ သတ္တဝါတိုင်းမှာ ရှိပါတယ်... ဒါပေမယ့် အဲဒီ မိခင် ဖခင်ဆိုသူတိုင်းက မိမိတို့ရဲ့ မိခင် ဖခင် ဟုတ်မဟုတ်ကိုတော့ ကိုယ်တိုင် သိမြင်နိုင်ပါ့မလားဆိုတာကို စဉ်းစားကြည့်မယ်ဆို သိနိုင်တဲ့အရာတစ်ခုဖြစ်ပါလိမ့်မယ်...

အရာဝတ္ထုတိုင်းဟာ အနုမြူတစ်ခု ဖြစ်တည်နေပုံနဲ့ အတူတူပင်ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကြပါတယ်... ကမ္ဘာမြေကြီးတည်ဆောက်ပုံကလည်း အနုမြူမှုန်တစ်ခု တည်ဆောက်ပုံနဲ့ အတူတူပဲလို့ ဆိုကြပါတယ်... အဖိုဓာတ် အမဓာတ်တို့ရဲ့ အချင်းချင်း အပြန်အလှန် ဆွဲဆောင်ထားကြပါတယ်... နေရာတိုင်းမှာလည်း ထိုသဘောတရားက မှန်နေကြောင်း အလွယ်တကူ တွေ့နိုင်မယ်လို့ ထင်ပါတယ်... အဖို အဖို အချင်းချင်းက မဆွဲဆောင်ကြသလို အမ အမချင်းကလည်း မဆွဲဆောင်ကြပေမယ့် အဖို နဲ့ အမ ကတော့ အချင်းချင်း ဆွဲဆောင်နေကြတယ်ဆိုတာက သဘာဝတရားကြီးရဲ့ အမှန်တရားတစ်ခုပါ...

ပရိုတွန်လို့ခေါ်တဲ့ အဖိုက နောက်ပရိုတွန် အဖိုတစ်ခုနဲ့တွဲထားခဲ့ရင် အချင်းချင်းတွန်းကန်နေကြပါတယ်... ဒါပေမယ့် အဲဒီ ပရိုတွန် နှစ်ခုရှိတဲ့နေရာကို နယူထရွန်လို့ခေါ်တဲ့ အမနှစ်ခု ထည့်ပေးလိုက်မယ်ဆိုရင်တော့ အချင်းချင်းပေါင်းစပ်ပြီးတော့ ယူနစ်တစ်ခုကို မွေးဖွားပေးကြပါတယ်... ဒြပ်စင်တစ်ခုရလာတယ်လို့ ဆိုရမလားတော့မသိပါ... လူတို့မြင်တွေ့နိုင်တဲ့ ရေမှုန်လေးတစ်ခုက အလွန်သေးငယ်ပါတယ်... ဒါပေမယ့် မြင်တွေ့နေရတဲ့ ရေမှုန်လေးထဲမှာ အက်တမ်လို့ခေါ်နိုင်တဲ့အရာပေါင်း အလွန်များပြားနေတာကိုတော့ မသိနိုင်ကြပါဘူး... အက်‌တမ်ဘယ်နှစ်ခုလောက် ပေါင်းစပ်ပါဝင်နေမလဲဆိုတာလည်း မသိနိုင်ပါ...

သိပ္ပံအကြောင်းတွေပြောနေလို့ သိပ္ပံပညာရှင်ထင်မနေကြနဲ့... ကျောင်းမှာသင်ခဲ့ဖူးသမျှထဲက အသေးဆုံးအဆင့်ကို မှတ်မိ‌သလို နူးညံ့သိမ့်မွေ့လွန်းပါတယ်... သိပ္ပံပညာရပ်ထက် ပိုပြီး သိမ်မွေ့နူးညံ့တာက ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်တွေကို ကိုယ်တိုင်သိနိုင်ဖို့ပဲဖြစ်ပါတယ်... သိပ္ပံပညာရှင်‌အများစုက တည်မြဲခြင်းဆိုတဲ့ အတ္တကို ဦးတည်နေကြပေမယ့် ဗုဒ္ဓရဲ့ တရားတော်တွေကတော့ မတည်မြဲခြင်းဆိုတဲ့ အနတ္တကို ဖော်ပြပါတယ်... အတ္တ နဲ့ အနတ္တ ဘယ်အရာကို ယုံကြည်ကြသလဲဆိုတာ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြပေတော့... ဦးနှောက်ခြောက်အောင်တော့ လုပ်ခဲ့ပါပြီ... အတ္တ နဲ့ အနတ္တကိုတော့ ကိုယ့်ဖာသာရွေးကြပါတော့...


အားလုံးကို လေးစားလျှက် -


ansoe@ansoe

Leave အတ္တ နဲ့ အနတ္တ to:

Written by

Myanmar Hive Community(Zeyar Shwe Myay)

Read more #hive-122133 posts


Best Posts From ANSOE

We have not curated any of ansoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From ANSOE