ANSOE avatar

Around The World- Challenge #42/4🌎

ansoe

Published: 26 Feb 2024 › Updated: 26 Feb 2024Around The World- Challenge #42/4🌎

Around The World- Challenge #42/4🌎

Hello everyone, have a nice day.

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးဖြစ်ကြပါစေ။


A few days ago, I went on a short trip with my family. I think it should be a short vacation trip. It took more than 1 hour by car from where we live. It is a small place that is starting to become famous. We swim beside the stream that flows through the mountains and forest, eat food, and relax.

လွန်ခဲ့တဲ့ရက်အနည်းငယ်က ခရီးတိုတစ်ခုကို မိသားစုနဲ့အတူ သွားဖြစ်ခဲ့ပါတယ်။ အပန်းဖြေ ခရီးတိုတစ်ခုလို့ပြောရမယ်ထင်ပါတယ်။ ကျွန်တော်တို့နေထိုင်ရာကနေ ကားနဲ့ (၁)နာရီကျော်လောက် သွားခဲ့ရပါတယ်။ နာမည်ကျော်ကြားစပြုနေတဲ့ နေရာလေးတစ်ခုပါ။ တောတောင်တွေကြားထဲကနေ ဖြတ်သန်းစီးဆင်းလာတဲ့ စမ်းချောင်းနံဘေးမှာ ရေကူးရင်း အစားအသောက်စားရင်းနဲ့ အနားယူအပန်းဖြေကြတာပါ။

In fact, this place relies on the stream to find business. For the honest villagers, I think they will have a comfortable living because they are doing business. Bathing in the cool and clear stream between the rocks is truly relaxing. The water was clear and it was a happy feeling to see the rocks on the underwater floor clearly. Friends can rest in these places to relax both mind and body.

တကယ်တမ်း ဒီနေရာလေးက စမ်းချောင်းကို အမှီပြုပြီးတော့ စီးပွားရှာကြတာပဲဖြစ်ပါတယ်။ ရိုးသားတဲ့ရွာသူ ရွာသားတွေအတွက်တော့ လုပ်ငန်းလုပ်ရတဲ့အတွက် စားဝတ်နေရေးအဆင်ပြေကြမယ်လို့ထင်ပါတယ်။ တောက်တွေကြားမှာရှိတဲ့ အေးမြပြီး ကြည်လင်နေတဲ့စမ်း‌ချောင်း မှာ ရေချိုးကြရင်း အပန်းပြေစေတာတော့အမှန်ပါပဲ။ ရေကကြည်လင်တော့ ရေအောက်ကြမ်းပြင်က ကျောက်ခဲတွေကို ရှင်းရှင်းလင်းလင်းမြင်ရတာကလည်း ပျော်ရွှင်စရာ ခံစားချက်တစ်မျိုးပါပဲ။ မိတ်ဆွေတို့လည်း စိတ်ရော ကိုယ်ရော အပန်းဖြေဖို့ ဒီလိုနေရာတွေမှာ အနားယူနိုင်ကြပါစေ။


The photo below is the contestant photo for this week's around the world challenge #42/4.

အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် around the world challenge #42/4 အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။



This photo was taken in Myanmar, Mandalay Region It was taken at recreation center located in Pathein Gyi Township. known as ATHE SWAL MOUNTAIN recreation center.

ဒီဓာတ်ပုံကို မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်မှာတည်ရှိတဲ့ အသည်းစွဲတောင် အပန်းဖြေစခန်းမှာ ရိုက်ယူခဲ့တာပဲဖြစ်ပါတယ်။


With all due respect -

အားလုံးကို လေးစားလျှက် -


ansoe@ansoe

Leave Around The World- Challenge #42/4🌎 to:

Written by

Myanmar Hive Community(Zeyar Shwe Myay)

Read more #hive-117778 posts


Best Posts From ANSOE

We have not curated any of ansoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From ANSOE