အကြောင်း အကျိုး
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
ကနေ့စာရေးဖို့ ကုန်ကြမ်းရှာတာ မတွေ့တော့ ထုံးစံအတိုင်း စိတ်ကူးနဲ့တည့်ရာ ရေးချင်ရာရေးအစီအစဉ်အတိုင်း ရေးဖို့ပဲ အကြောင်းဖန်လာပြန်ပါတယ်... အကြောင်းဖန်တော့လည်း အကြောင်းရှာရတာပေါ့... အကြောင်းရှာတော့ ခေါင်းမှာချာချာလယ်ဆိုသလိုပဲ... အကြောင်းမရှာရင်တော့ ပြဿနာမရှိပေမယ့် အကြောင်းရှာတော့ တကယ်ကို ချာချာလယ် မူးတယ် ဖြစ်တော့တာပဲ...
ဘာ့ကြောင့်လဲဆိုတော့ အရာရာတိုင်းမှာ "အကြောင်းကြောင့် အကျိုးဆိုတာ ဖြစ်လာရတယ်"လို့ ဆိုထားတယ်မဟုတ်ပါလား... သူတစ်ပါးကို ဆဲရေးတိုင်းထွာတဲ့အကြောင်းကြောင့် ကိုယ့်ကိုလည်း သူတစ်ပါးက ဆဲဆိုခြင်းခံရတဲ့ အကျိုးဖြစ်လာတာပေါ့... ဒါက အမြဲတမ်းမှန်နေတဲ့ သဘာဝအမှန်တရားဖြစ်ပါတယ်...
ခုခေတ်ကာလမှာတော့ အဲဒီသဘာဝအမှန်တရားကို လက်မခံချင်ကြတဲ့သူတွေ များလာတာကို မြင်ရပါတယ်... အကြောင်းနဲ့အကျိုးကို လက်မခံချင်ကြတော့တဲ့လူတွေက ပိုများလာပါတယ်... အကြောင်း အကျိုး ဆက်စပ်ချက်ကို လက်မခံချင်တဲ့သူတွေများလာလေလေ ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာလောကကြီး ပျက်စီးလေလေပါပဲ...
အကြောင်းဆိုတာ ကိုယ်လုပ်ခဲ့တာဖြစ်လို့ အကျိုးဆိုတာကို သေချာပေါက် ကိုယ်ပဲခံစားရမှာဖြစ်ပါတယ်... ကိုယ်စိုက်တဲ့အတိုင်း ရိတ်သိမ်းရမယ်ဆိုတဲ့စကားက အကြောင်းအကျိုးကို ဖော်ပြချက်တစ်ခုပဲဖြစ်ပါတယ်... လောက ဥပဒေမှာ ရှောင်လွဲလို့ရနိုင်ပေမယ့် သဘာဝဓမ္မမှာတော့ ရှောင်လွဲလို့မရပါ...
ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ အကြောင်း ကြောင့် အကျိုးဆိုတာ ဖြစ်ပေါ်လာရတာပဲဖြစ်ပါတယ်... အကြောင်းမဲ့သက်သက်ဆိုတာ သဘာဝဓမ္မမှာ မရှိပါ... မယုံဘူးဆိုတဲ့အတွေးနဲ့ သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းဆိုတဲ့ အကြောင်းတရားကြောင့် ကိုယ်တိုင်လည်း သူတစ်ပါးလက်ချက်နဲ့သေဆုံးရတဲ့ အကျိုးတရားကို သေချာပေါက် ခံစားရမှာပါ...
ဘယ်လိုအကြောင်းကို ဖန်တီးမိလို့ ယခုလို ဒုက္ခပေါင်းစုံဖြစ်တည်နေတဲ့အကျိုးကို ရရှိနေရသလဲဆိုတာကိုတော့ ကျွန်တော်လည်း မသိနိုင်ပါ... မည်သို့ပင်ဆိုကြစေကာမူ အကြောင်းနဲ့အကျိုးကို ဆန့်ကျင်ပြီးဖြစ်နေတဲ့ အရာတစ်ခုမှ မရှိပါ... မကောင်းတဲ့အကြောင်းကို ဖန်တီးမိရင် မကောင်းတဲ့အကျိုးကို တစ်ချိန်ချိန်ခံစားကြရမှာဖြစ်တဲ့အတွက် ကောင်းတဲ့အကြောင်းလေးတွေကို ဖန်တီးနိုင်ကြပါစေလို့ဆုတောင်းလိုက်ရပါတယ်...
အားလုံးကို လေးစားလျှက် -
@ansoe
Leave အကြောင်း အကျိုး to:
Read more #hive-122133 posts
Best Posts From ANSOE
We have not curated any of ansoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From ANSOE
- My Entry For Around The World - Challenge #12/7 🌎
- My Entry For Around The World - Challenge #7/7 🌎
- My Entry For Around The World - Challenge #5/7 🌎
- My Entry For Around The World - Challenge #4/7 🌎
- My Entry For Around The World - Challenge #2/7 🌎
- My Entry For Around The World - Challenge #52/6 🌎
- My Entry For Around The World - Challenge #51/6 🌎
- My Entry For Around The World - Challenge #50/6 🌎
- My Entry For Around The World - Challenge #49/6 🌎
- My Entry For Around The World - Challenge #48/6 🌎