Blogger များသိသင့်စရာ (အပိုင်း၂)
အရင်ပို့စ်မှာတော့ အကြမ်းဖျင်းရေးထားပြီးပါပြီ..
မဖတ်ရသေးရင် https://steemit.com/myanmar/@zwal/blogger-undefinedthithng-syaa အဲ့လlinkကနေသွားရောက်ဖတ်ရူ့နိုင်ပါတယ်။
ခုဆက်လက်ရေးသားမည့်အကြောင်းကတော့ မြန်မာ Blogger များ ဝင်ငွေတိုးပွားစေရန် ရည်ရွယ်ပြီး သိသင်စရာလေးတွေကို မျှဝေပေးပါ့မယ်။
ခုနောက်ပိုင်းမှာ Facebook နဲ့ Pageတွေမှာ လင့်တင်ခြင်းကို Facebook က မနှစ်သက်သလို ဖြစ်လာပါပြီ..
အဓိက ပိုက်ဆံရှာနေတဲ့ Pageမှာဆို အရမ်းသိသာပါတယ် အဲ့လိုPageမှာ မိမိWebsite linkတစ်ခုခုတင်ကြည့်ပါ Reach သိပ်မရောက်ဘူး ပေ့မှာLikeလုပ်ထားသူတွေကို 20% လောက်သာ ပြပါတယ်။ ဆိုလိုတာက မိမိတင်လိုက်တဲ့ Linkနဲ့ပိုစ့်ကို လူမြင်တွေ့နိုင်နှုန်းဟာ 80%လောက် Facebook ကရှော့ချထားလို့ပါ။
ဘာကြောင့်ဒီလို ဖြစ်လာရသလဲ ဆိုရင် Facebook Instant Articles Future အသစ်ကြောင့်လို့ ကျနော်သုံးသပ်မိပါတယ်။ ၄င်းFutureကို Blogger များ (တစ်နည်း) Publisher များကို သုံးအောင် Facebook က တွန်းနေနခြင်းဖြစ်ပါတယ်... ထိုFuture ကို ကျနော့်အနေနဲ့ ကောင်းတယ် မကောင်းဘူး ဆိုတာကို ကျနော်ကိုယ်တိုင်းစမ်းသပ်နေပါတယ် ။ လွန်ခဲ့တဲ့ 2015လောက်ကထင်တယ် ကျနော် Facebook Instant Articles Future အသစ်ကို စမ်းသပ်ခဲ့ပါသေးတယ် အဲ့တုန်းက အခက်အခဲကြီးကြီမားမားတစ်ခုကြောင့် ကျနော် ဆက်ပြီးမစမ်းတော့ပဲ ပစ်ထားလိုက်ပါတယ်။
ထိုအခက်အခဲဆိုတာ ဘာလဲသိချင်တယ်ဟုတ်? 😃
ပြောပြပါမယ် အဲ့ဒါကတော့ မြန်မာဖောင့်ပြသနာ ပါပဲ။
မြန်မာလူမျိုး မြန်မာစာနဲ့မတင်လို့ ဘယ်စာနဲ့သွားတင်ရပါ့မလဲ? အဲ့ဒီ Facebook Instant Articles Future အသစ်မှာ မြန်မာစာ လုံးဝ ထောက်ပံ့ပေးမထား။
အဲ့တော့ ပြသနာတက်ပီလေ.... ဘာလုပ်ရမလဲ ပစ်သာထားလိုက်တော့တယ်... တစ်ခြားနိုင်ငံတွေ မှာတော့ Engish လိုဆိုတော့ အဆင်ပြေပေမယ့် ကျနော်တို့ မြန်မာနိုင်ငံမှာတော့ လုံးဝ အဆင်မပြေပါဘူး။
အခု2017လောက်မှာတော့ Facebook Instant Articles Future ဟာ မြန်မာစာကို ထောက့်ပံ့ပေးလာပါပြီ.. ဒါ Bloggerတွေ Publisher တွေအတွက် သတင်းကောင်း တစ်ခုပဲမဟုတ်ပါလား....
ခုကျနော့်အနေနဲ့ ခုလိုပြန်လည်ချပြရေးသားဖို့ဆိုတာ ကိုယ်တိုင် သိတက်ကျွမ်းထားမှသာ ခုလိုပြန်လည်ချပြပေးလို့ရမည်မဟုတ်ပါလား? သိသလိုလို မသိသလိုလိုနဲ့တော့ ကျနော်ဆရာကြီးမလုပ်တက်ကြောင်းပါ 😃
ဒါကြောင့်အခု Facebook Instant Articles Future
Platform အသစ်ကြီး ကို သဲသဲမဲမဲစတင်လေ့လာနေပါပြီ.. Bloggerများတိုးတက်စေရန်အတွက် ရည်ရွယ်ပါတယ်။ Blogger တွေတိုးတက်ရင် ဘာဖြစ်မလဲ????
နည်းပညာBlogger က နည်းပညာတွေ ပုံမှန်မျှဝေလာမယ် စာအုပ်စာပေ Bloggerတွေက စာအုပ်စာပေလေးတွေ ရေးတင်လာကြမယ် ၊ သတင်း / ရသ / ဗဟုသုတ ဒါတွေ အင်တာနက်သုံးတိုင်း တွေ့မြင်လာမယ် တစ်ခုရှိတယ် ကောင်းတာကိုပဲ အတုယူပါ ။
ခုခေတ်မှာ ဟိုပုံ သည်ပုံ မမှန်ကန်တဲ့ သတင်းတွေ လက်ညိုးထိုးမလွဲဘူး ဒါကို Facebook ကသိတယ်
Facebook Instant Articles Future
Platform မှာ ဒါတွေသွားနောက်လို့မရဘူး မရအောင်လဲ ပိတ်ပင်တားမြစ်ထားတယ် အရမ်းကောင်းတဲ့ အချက်၁ချက်ပါ။ လူငယ်တွေအတွက် အတုယူမမှားရအောင်
ထိမ်းချုပ်ထားပါတယ်။
ကဲ.. ဒီလောက်ပါပဲဗျ လူလဲအရမ်းနားချင်နေပီ မအိပ်တာ ၃ရက်ရှိပြီ အိပ်လဲ ခနရယ် ပြန်နိုးနိုးနေတယ်။
ကွန်ပြူတာနဲ့ ဖုန်း ဖုန်းနဲ့ကွန်ပြူတာ Rရိုက်နေတယ် ဟိဟိ....
နောက်ပို့စ်မှာ ဆက်လက်ရေးသားပါအုံးမည်။
Post by @ZWAL
Photos Credit ; Google.com
Leave Blogger များသိသင့်စရာ (အပိုင်း၂) to:
Read more #myanmar posts
Best Posts From zwal
We have not curated any of zwal's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.