နိဗ္ဗာန်လမ်းပြ(လမ်း၃သွယ်)
နိဗ္ဗာန်လမ်းပြ(လမ်း၃သွယ်)
Photo Credit
မင်္ဂလာပါမိတ်ဆွေများခင်ဗျာ..ပြီးခဲ့တဲ့ နိဗ္ဗာန်ဘယ်မှာလဲဆိုတဲ့ ဆောင်းပါးမှာ နိဗာန်ဘယ်မှာရှိလဲဆိုတာ ဆွေးနွေးတင်ပြခဲ့ပြီးဖြစ်ပါတယ်ယခုဆောင်းပါးမှာတော့ နိဗ္ဗာန် ကိုဘယ်လိုသွားမလဲဆိုတာဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။
နိဗ္ဗာန် ဘယ်လိုသွားမလဲဆိုတာ မပြောခင် လမ်းကြီး၃လမ်းရှိတဲ့အကြောင်း ပြောချင်ပါတယ်။အဲ့ လမ်းကြီး၃လမ်းမှာ လမ်းညွှန်ဆိုင်းဘုတ်လေးတွေရှိပါသတဲ့ဗျာ။မန္တလေးသို့တောင်ကြီးသို့ ရန်ကုန်သို့ ဆိုသလိုပဲ လမ်းတိုင်းမှာ ဒီလမ်းကသွားရင်ဘယ်ရောက်မယ်ဆိုပြီး ညွှန်ပြထားပါတယ်။ဟုတ်ကဲ့..အခုကျနော်တင်ပြမယ့် လမ်း၃လမ်းကတော့ 'ကံလမ်း'
'ဈန်လမ်း' 'ဉာဏ်လမ်းဆိုတဲ့ လမ်းသုံးသွယ်ပဲဖြစ်ပါတယ်။
အထက်ပါတင်ပြခဲ့တဲ့လမ်းသုံးသွယ်မှာ ဘယ်လမ်းကသွားရင် ဘယ်ကိုရောက်မယ်ဆိုတာ ရှိပါတယ်။'ကံလမ်း'ကနေသွားမယ်ဆိုရင်တော့ လူ၊နတ်ရောက်ပါမယ်။ဈန်လမ်းကတော့သွားမယ်ဆိုရင်တော့ ဗြဟ္မာ ဘုံရောက်ပါမယ်။ဉာဏ်လမ်းက သွားမှသာ နိဗာန် ဘုံကိုရောက်မှဖြစ်ပါတယ်။ဒါဆို ဘယ်ကသွားရင် ဘယ်ရောက်မယ်ဆိုတာသိပြီးတဲ့နောက် လမ်းတစ်ခုခြင်းဆီအကြောင်းကို ထပ်ပြီးဆွေးနွေးသွားပါမယ်။
ကံလမ်း-ကျနော်တို့ နေ့စဉ်ပစ္စုပ္ပန်ကညလမှာပြုလုပ်နေတဲ့ ကောင်းမှု၊မကောင်းမှု မှန်သမျှဟာ ကျနော်တို့ရဲ့ ကံအတွက်ပြုလုပ်နေကြရတာပါ။အလှူဒါနတွေပြုလုပ်နေကြတယ်ဆိုတာလည်း နောင်သံသရာ အတွက် အထောက်အပံ့ကောင်းတစ်ခု ဖြစ်သလို သီလစောင့်တည်ခြင်းဟာလည်း အလားတူပဲဖြစ်ပါတယ်။ဒါနရှိတဲ့လူဟာ လူဖြစ်ရင်လည်း လူချမ်းသာနတ်ဖြစ်ရင်လည်း နတ်ချမ်းသာဖြစ်တယ်၊လက်ရှိဘဝမှာလည်း အခြွေအရံပေါများတယ်ဆိုတာ မိတ်ဆွေတို့အသိပဲဖြစ်ပါတယ်။အလှူဒါနပြုလုပ်ခြင်းဟာ နောင်သံသရာ အတွက် ရိက္ခာယူခြင်းသာဖြစ်ပါတယ်။နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ကောင်းတစ်ခုဖြစ်နိုင်ပေမယ့် နိဗ္ဗာန်ကိုတော့ အလှူဒါနပြုလုပ်ရုံနဲ့ မရောက်ရှိနိုင်ကြောင်းဆွေးနွေးတင်ပြလိုပါတယ်။ပြီးခဲ့တဲ့ အတိတ်ဘဝတွေမှာ ကျနော်တို့ဟာ ကံလမ်းပေါ်လျောက်ခဲ့ကြလို့ လက်ရှိဘဝမှာ လူလာဖြစ်ကြရပါတယ်။သို့သော် ကျနော်ပြုလုပ်ခဲ့ ဒါနသီလပေါ်မူတည်ပြီးတော့ လူဖြစ်ရတာတောင် တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ချမ်းသာတဲ့ မိခင်ဝမ်းမှာဝင်စားကြသလို ဆင်းရဲတဲ့မိခင်ဝမ်းမှာ ဝင်စားကြရတာလည်းရှိပါတယ်။သံသရာမှ မလွတ်မြောက်နိုင်သေးသ၍တော့ ရိက္ခာထုတ်တော့ယူဆောင်သွားကြဖို့လိုပါတယ်။
Photo Credit
သို့ပေမယ့် ကံလမ်းကနေပဲလျောက်သရွေ့ကာလပတ်လုံး သံသရာမှလွတ်မြောက်နိုင်ကြောင်းမရှိပါဘူး။နောက်တစ်ခုအနေဖြင့် လူဖြစ်မယ်၊နတ်ဖြစ်မယ်ပေါ့။နတ်ဖြစ်ရင်လည်း နတ်စည်းစိမ်ခံစားရမယ်။ဒါပေမယ့် ကုသိုလ်ကံအရှိန်အဟုန်ကုန်သွားရင် နတ်ဘဝကနေစုတေပြီး အခြားဘုံဘဝကိုရောက်သွားအုံးမှာဖြစ်ပါတယ်။သံသရာမှာ လည်နေသရွေ့အဖြစ်အပျက်က ရှိနေအုံးမှာပါ။ဒါနရော၊သီလရော စောင့်တည်တဲ့ပုဂ္ဂိုလ်ဟာ သီလသာရှိပြီး ဒါနမရှိတဲ့ပုဂ္ဂိုလ်ထက် အချက်၆ချက်သာလွန်ပါတယ်။မိတ်ဆွေများအနေဖြင့် ဒီခန္ဓာကိုယ်ကြီးကို မက်မောနေသေးတယ်၊ကံလမ်းပေါ်မှာပဲဆက်လျောက်ကြအုံးမယ်ဆိုရင် တော့ ဒါန နဲ့ သီလကိုမလွတ်တမ်းလုပ်ဆောင်ကြဖို့ တိုက်တွန်းရင်း ယခုဆောင်းပါးကို နိဂုံးချုပ်ပါရစေ။ထပ်မံပြီး ဈန်လမ်းအကြောင်းကို ဆွေးနွေးတင်ပြသွားပါအုံးမယ်။
@zinminhtet
MSC-126
Leave နိဗ္ဗာန်လမ်းပြ(လမ်း၃သွယ်) to:
Read more #myanmar posts
Best Posts From zinminhtet
We have not curated any of zinminhtet's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.