နိဗ္ဗာန်ဘယ်မှာလဲ
နိဗ္ဗာန်ဘယ်မှာလဲ
မင်္ဂလာပါမိတ်ဆွေများခင်ဗျား..စာရေးသူအနေဖြင့် ဒီတစ်ပတ် facebook အသုံးပြုရင်း ဖတ်မိတဲ့ post တစ်ခုမှာ တဏှာ ကုန်မှ နိဗ္ဗာန်ကိုရောက်နိုင်တယ်ဆိုရင် ရူးနေလို့တဏှာမရှိသောသူတွေကော နိဗ္ဗာန် ရောက်မှာလားဆိုပြီး တင်ထားတာတွေ့ရပါတယ်။လူတွေက နိဗ္ဗာန် လို့ပြောပြောနေကြတယ်။နိဗ္ဗာန်ဘယ်မှာရှိလည်းဆိုတာကိုတော့ လူတစ်ရာမှာတစ်ယောက် သိချင်မှသိမှာပါ။ နိဗ္ဗာန်ဆိုတာ ဘာလဲ။နိဗ္ဗာန်ဘယ်မှာရှိလဲ။နိဗ္ဗာန်ကိုရောက်အောင် ဘယ်လမ်းကသွားရမလဲဆိုတာကို စာရေးသူအနေဖြင့် ဆွေးနွေးတင်ပြချင်ပါတယ်။ယခုလိုဆွေးနွေးတာဟာ စာရေးသူရဲ့ ဖတ်ခဲ့၊မှတ်ခဲ့၊နာခဲ့ဖူးတဲ့တရားတော်တွေထဲကမှ မိမိနားလည်သလိုသာတင်ပြဆွေးနွေးခြင်းဖြစ်တဲ့အတွက် စာဖတ်သူအနေဖြင့် မှန်သည်၊မှားသည်ကို မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ထပ်မံ သုံးသပ်လက်ခံပေးစေလိုပါတယ်။အမှားရှိကလည်း ဝေဖန်ထောက်ပြပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ...
ပထမဦးစွာ နိဗ္ဗာန်ဆိုတာဘာလဲဆိုတာ အရင်ရှင်းပါမယ်။ဒုက္ခအားလုံးချုပ်ငြိမ်းရာဟာ နိဗ္ဗာန် ဖြစ်ပါတယ်။အိုခြင်း၊နာခြင်း၊သေခြင်း ကင်းမဲ့ရာဟာလည်း နိဗ္ဗာန်ဖြစ်ပါတယ်။ဟုတ်ပြီ..ဒါဆိုရင် နိဗ္ဗာန်မှာ ဒုက္ခဆိုတာမရှိဘူး။အိုခြင်း၊နာခြင်း၊သေခြင်း မရှိဘူးဆိုတော့ အိုခြင်းနာခြင်း၊သေခြင်း ဟာ ဘာလို့ဖြစ်သလဲ ပြန်ကြည့်ရင် ခန္ဓာရလာလို့ဖြစ်တာပါ။ဒီခန္ဓာကိုယ်ကြီးရလာတာဟာ ဒုက္ခလား၊သုခလား ဆိုရင် စာဖတ်သူအနေဖြင့်စဉ်းစားကြည့်ပါ။တစ်နေ့တစ်နေ့ ဒီခန္ဓာကိုယ်ကြီး ဖီးလိမ်းပြင်ဆင်ရတယ်။ရေချိုးပေးရတယ်။အစာအာဟာရထောက်ပံ့ပေးနေရတယ်။ဘယ်လောက်ပင် ကြွယ်ဝချမ်းသာ၊ချောမောလှပနေပါစေ။တစ်နေ့မှာ ဒီခန္ဓာကိုယ်ကြီးက အိုလာမယ်၊နာလာမယ်၊နောက်ဆုံးတော့ မရဏ ကိုသာသွားရတာပါပဲ။ကိစ္စများမြောင် လူတို့ဘောင်ဆိုသလိုပဲ လူ့ဘဝနေစဉ်အခိုက်အတန့်အတွင်းမှာ ကြုံတွေ့ရတာတွေက ဒုက္ခလား၊သုခလား ဆိုတာ စာဖတ်သူအနေနဲ့ သုံးသပ်ကြည့်စေချင်ပါတယ်။ဒါတွေကို သုခလို့မှတ်ယူနေအုံးမယ်ဆိုရင်တော့ နိဗ္ဗာန် ဆိုတာ အလှမ်းဝေး နေအုံးမှာဖြစ်ပါတယ်။ဆိုလိုချင်တာက တဏှာကိုပယ်မှ နိဗ္ဗာန်ရောက်မယ်ဆိုတာ ကိလေသာ တဏှာကိုပြောတာရယ်မဟုတ်ပါဘူး။တဏှာဆိုတာ တက်မက်ခြင်း၊စွဲလမ်းခြင်းလို့ ခွဲခြားသိမြင်စေချင်ပါတယ်။အရသာကိုတက်မက်တာလည်ူ တဏှာပါပဲ။အနံ့ကိုတက်မက်တာလည်း တဏှာပါပဲ။
ရှေးလွန်လေခဲ့သော အတိတ်အကြောင်းအခြင်းအရာ၅ပါးပေါ်မူတည်ပြီးတော့ အဝိဇ္ဇာ ဆိုတဲ့မသိခြင်းကြောင့် ကျနော်တို့တွေ ဒီခန္ဓာကိုယ်ကိုရခဲ့ရပြီးပြီလို့မှတ်ပါ။ဒီခန္ဓာကိုယ်ရလာခြင်းဟာ ဒုက္ခလို့မှတ်ယူနိုင်ဖို့ ပဋိစ္စသမုပ္ပာဒ် ကိုနားလည်ဖို့လိုပါတယ်။ဒါမှ ခန္ဓာရဲ့ကျိုးကြောင်းဖြစ်စဉ်ကို သိမြင်နိုင်၍ မိမိတို့ရရှိထားသော ခန္ဓာသည်ဒုက္ခသစ္စာဟု နားလည်သဘောပေါက်လာမှာဖြစ်ပါတယ်။
Photo Credit
ပဋိစ္စသမုပ္ပာဒ် ရဲ့နိဗ္ဗာန်ထွက်လမ်းကိုကြည့်ပါ။ဝေဒနာရဲ့နောက်က တဏှာကပ်ပါလာတယ်။ဒီရရှိလာတဲ့ ခန္ဓာကိုယ်ကြီးကို တပ်မက်စွဲလမ်းခြင်းဆိုတဲ့ တဏှာထပ်ဆက်ရင် နိဗ္ဗာန်ထွက်လမ်းကိုကျော်ပြီး နောက်ထပ်ခန္ဓာတစ်ခု ထပ်ဖြစ်လာအုံးမှာဖြစ်ပါတယ်။ဒီနေ့ဆွေးနွေးတင်ပြသမျှကို ပြန်အကျဉ်းချုပ်ရရင် နိဗာန် ဘယ်မှာရှိသလဲဆိုရင် ခန္ဓာရဲ့အဆုံးသတ်ဟာ နိဗ္ဗာန်ပါပဲ။မမြင်ရင် မြင်အောင် ပဋိစ္စသမုပ္ပာဒ် ကိုထပ်ကြည့်ပါ။ နိဗ္ဗာန်သည် ခန္ဓာရဲ့အဆုံးသတ်၊ ခန္ဓာအားလုံးချုပ်ငြိမ်းရာဟာ နိဗ္ဗာန် ဖြစ်ပါတယ်လို့ ဆွေးနွေးရင်း pro အချိန်မမီမှာဆိုးလို့ ဒီမျှနဲ့ခနနားပါရစေ။နောက်အပိုင်းဆက် နိဗ္ဗာန်သို့သွားရာလမ်းကို ဆွေးနွေး တင်ပြပါမယ်။စာဖတ်သူရဲ့အတွေးအမြင်ကိုလည်း ဆွေးနွေးသွားဖို့ဖိတ်ခေါ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ....
@zinminhtet
MSC-126
Leave နိဗ္ဗာန်ဘယ်မှာလဲ to:
Read more #myanmar posts
Best Posts From zinminhtet
We have not curated any of zinminhtet's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.