
မင်းသမီးကလေးအာရုဏ်ဦး အပိုင်း( ၁ ) 👸👸👸
ဟိုးရှေ့ရှေ့တုံးက ဘုရင်ကြီးနဲ့ မိဖုရားကြီး ဇနီးမောင်နှံရှိကြတယ်။ သူတို့ဟာ ပေါင်းသင်းလာခဲ့တာ ကြာပြီဖြစ်ပေမယ့် သားသမီးတစ်ယောက်မှ မထွန်းကားရှာဘူး။👶👶👶 ဒါကြောင့်သားသမီးလိုချင် ပြင်းပြလျှက်ရှိတယ်။ နောက်ဆုံးမှာတော့ မိဖုရားကြီးဟာ သမီးလေးတစ်ယောက် မွေးဖွားခဲ့တယ်။ ကလေူငယ်လေူဟာရုပ်ရည်ချောမောပြီး အရမ်းချစ်စရာကောင်းတာကြောင့် အရုဏ်ဦး လို့အမည်မှည့် လိုက်တယ်။ သမီးကလေးရဲ့ နာမည်ကင်ပွန်းတပ်နေ့ကို အားလပ်ရက်အဖြစ်ကြေငြာတယ်။ ရပ်နီးရပ်ဝေးက ဧည့်သည်တွေကို ဖိတ်ကြားတယ်။ အဲ့ဒီနေ့မှာ မြို့ လမ်းတစ်လျှောက် လူပရိသတ်တွေနဲ့ ပြည့်နှက်စည်ကားလျှက်ရှိတယ်။ ကျေးလက်ဒေသကပြည်သူပြည်သားတွေက မင်းသမီးကလေးအတွက် အကောင်းဆုံး ခြံထွက်သီးနှံနဲ့🍎🍏🍊🍋🍄🍅🍆🍇🍈🍉🍐🍑🍒🍓🍍 သားမွှေးတွေကို ယူလာကြတယ်။
Leave မင်းသမီးကလေးအာရုဏ်ဦး အပိုင်း( ၁ ) 👸👸👸 to:
Read more #zappl posts
Best Posts From zinmarthant
We have not curated any of zinmarthant's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.