zayarmin avatar

welcome back home CR7

zayarmin

Published: 29 May 2018 › Updated: 29 May 2018welcome back home CR7

welcome back home CR7

ရိုနယ်ဒိုရဲ့ အိုးထရတ်ဖို့ဒ် အပြန်ခရီးကို မန်ချက်စတာ ယူနိုက်တက်အသင်း လက်ခံသင့်မသင့်
ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်တဲ့ရိုနယ်ဒိုကတော့ စံချိန်ဟောင်းများစွာကို ချိုးဖြတ်ရင်း စံချိန်သစ်ပေါင်းများစွာကို တင်ထားနိုင်ခဲ့သူတစ်ဦးပါ။ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ရီးရဲလ်အသင်းနဲ့အတူ ဥရောပချန်ပီယံလိဂ် ဖလားကို ရိုနယ်ဒို (၃) နှစ်ဆက်တိုက်ပိုင်ဆိုင်နိုင်ခဲ့သလို ချန်ပီယံလိဂ် ဖလား (၅) ကြိမ်ရယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။ဒီပွဲပြီးစဉ်မှာတော့ ရိုနယ်ဒိုရဲ့ အပြောင်းအရွှေ့သတင်းက လှုပ်ခတ်လာခဲ့ပြီး ကစားသမားကိုယ်တိုင်က...
ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်တဲ့ရိုနယ်ဒိုကတော့ စံချိန်ဟောင်းများစွာကို ချိုးဖြတ်ရင်း စံချိန်သစ်ပေါင်းများစွာကို တင်ထားနိုင်ခဲ့သူတစ်ဦးပါ။

ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ရီးရဲလ်အသင်းနဲ့အတူ ဥရောပချန်ပီယံလိဂ် ဖလားကို ရိုနယ်ဒို (၃) နှစ်ဆက်တိုက်ပိုင်ဆိုင်နိုင်ခဲ့သလို ချန်ပီယံလိဂ် ဖလား (၅) ကြိမ်ရယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။ဒီပွဲပြီးစဉ်မှာတော့ ရိုနယ်ဒိုရဲ့ အပြောင်းအရွှေ့သတင်းက လှုပ်ခတ်လာခဲ့ပြီး ကစားသမားကိုယ်တိုင်က မကြာခင်ရက်ပိုင်းအတွင်းမှာ ကြေငြာသွားမယ်လို့ဆိုခဲ့ပါတယ်။

ဒီလိုအပြောင်းအရွှေ့သတင်းတွေကြားမှာ ရိုနယ်ဒိုရီးရဲလ်ကထွက်ခွာခဲ့ရင် မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြန်လည်ရောက်ရှိတော့မယ်ဆိုတဲ့ သတင်းတွေက မီဒီယာတွေကြားမှာ ရေပန်းစားနေခဲ့ပါတယ်။ရိုနယ်ဒိုလို ကစားသမားတစ်ဦးကိုပိုင်ဆိုင်ရတဲ့အသင်းတိုင်းအတွက်ကတော့ ငြင်းပယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ဆိုကြမှာပါ။ဒါပေမယ့် ဒီတစ်ခါတော့ မန်ချက်စတာ ယူနိုက်တက်အသင်း ရိုနယ်ဒိုကို ဘာလို့ပြန်မခေါ်ယူသင့်လည်းဆိုတဲ့ အမြင်ဘက်ကနေ ဖော်ပြပေးချင်ပါတယ်။

ပထမဆုံး ပြောချင်တာကတော့ နည်းပြမော်ရင်ညို ရဲ့ နည်းစနစ်ပိုင်းနဲ့ ရိုနယ်ဒိုအံဝင်နိုင်ပ့ါမလားဆိုတာပါ။ရိုနယ်ဒို နဲ့ မော်ရင်ညိုဆိုတာ ရီးရဲလ်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့သူတွေဖြစ်ပြီး အဲ့ဒီအချိန်တုံးက ရိုနယ်ဒိုပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့အချိန်တွေရှိခဲ့ပါတယ်။မော်ရင်ညိုရဲ့အသင်းမှာ ကစားရတဲ့ တိုက်စစ်မှူးတစ်ဦးဟာ ပြိုင်ဘက်အသင်းကို အကောင်းဆုံး ဖိအားပေးနိုင်ခြင်း ၊ နေရာလွတ်ရှာဖွေနိုင်ခြင်း နဲ့ လိုအပ်ရင် ကွင်းလယ်အထိဆင်းပြီး ဘောလုံးရယူရတဲ့ ကစားပုံကို အသုံးပြုလေ့ရှိတာကြောင့် ဒီပုံစံကစားပုံမှာဆိုရင် ရိုနယ်ဒိုရုန်းကန်ရတက်ပါတယ်။

ရိုနယ်ဒိုရဲ့ အသက်ကယခုနှစ်မှာ (၃၃) နှစ်ပြည့်ပြီးခဲ့ပါပြီ။ဒါပေမယ့် သူ့ရဲ့ခန္ဓာကိုယ်အချိုးအစား နဲ့ ကြံ့ခိုင်မှုပိုင်းက အသက် (၂၃) နှစ်အရွယ်သာရှိသေးတယ်လို့ ရိုနယ်ဒို ကြုံးဝါးထားခဲ့ပြီး အသက် (၄၁)နှစ်ထိလည်း ဘောလုံးကစားသွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီမှာ ယခင်ရာသီတွေကထက် ရိုနယ်ဒိုရဲ့ လုပ်အားနှုန်းလျော့ချတဲ့ ကစားပုံကိုဇီဒန်းဖန်တီးပေးခဲ့ပြီး တောင်ပံကစားသမားအဖြစ်ကနေ အထောင်တိုက်စစ်မှူးတစ်ဦးအဖြစ် ပုံသွင်းပေးခဲ့ပါတယ်။နေရာပြောင်းလဲကစားရတဲ့အတွက် ရိုနယ်ဒိုအနည်းငယ်ရုန်းကန်ခဲ့ရတယ်လို့ဆိုရမှာဖြစ်ပေမယ့် သူ့လိုစွမ်းဆောင်ရည်မြင့်ကစားသမားတစ်ဦးကတော့ အလျင်အမြန်ပဲ အထိုင်ကျခဲ့ပြီး သွင်းဂိုးတွေကို ပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။ဒါပေမယ့် ရိုနယ်ဒိုရဲ့ အသက်အရွယ်ပိုင်းက စကားပြောလာခဲ့ပြီဆိုတာကို ပြီးခဲ့တဲ့ရာသီမှာ သူရဲ့လှုပ်ရှားမှုတွေက တစ်ခါတစ်ရံမှာ ဇရာရဲ့သဘောကို မြင်တွေ့နေခဲ့ရပြီး ရီးရဲလ်အသင်းကို ရောက်ရှိခဲ့ပြီးချိန်တည်းက ပထမဆုံးအဖြစ် အနည်းဆုံးဂိုးဖန်တီးမှုပြုလုပ်ခဲ့တဲ့ ရာသီအဖြစ် ပြီးခဲ့တဲ့ရာသီက မှတ်တမ်းဝင်ခဲ့ပါတယ်။မန်ချက်စတာ ယူနိုက်တက်အသင်းလို လူငယ်တိုက်စစ်ကစားသမားများစွာနဲ့ ဖွဲ့စည်းထားခဲ့ပြီး ပရီးမီးယားလိဂ်လို မြန်နှုန်းမြင့်ပြိုင်ပွဲတစ်ခုမှာ ရိုနယ်ဒိုရဲ့အသက်အရွယ်ပိုင်းက ဘယ်လောက်ထိစွမ်းဆောင်နိုင်မှာလည်းဆိုတာ မေးခွန်းထုတ်စရာပါ။

နောက်ထပ်တစ်ခုက ရိုနယ်ဒိုရဲ့ပြောင်းရွှေ့ကြေးပါ။အသင်းနဲ့ချုပ်ဆိုထားခဲ့တဲ့ စာချုပ်လျော်ကြေးငွေတွေဘာတွေကို ထည့်မတွက်ပဲ မေ့ထားမယ်ဆိုရင်တောင် ရိုနယ်ဒိုကိုခေါ်ယူဖို့အနည်းဆုံး ပေါင်သန်း (၁၀၀) အသုံးပြုရပါမယ်။အသက် (၃၃) နှစ်အရွယ်ရှိကစားသမားတစ်ဦးအတွက် အသုံးပြုရမယ့်ပြောင်းရွေ့ကြေးက များပြားတယ်လို့ ဆိုနိုင်ပေမယ့် ရိုနယ်ဒို ဖြစ်နေတဲ့အတွက် ဒီပမာဏက နည်းပါးတယ်လို့ ဆိုနိုင်ပါတယ်။ရိုနယ်ဒိုကိုခေါ်ယူပြီးချိန်မှာ ပေးချေရမယ့် လစာငွေကလည်း မြင့်မားတဲ့ အခြေအနေတစ်ရပ်မှာရှိပါတယ်။အသင်းမှာ လက်ရှိရှိနေတဲ့ ပေါ့ဘာ နဲ့ ဆန်းချက်တို့ (၂) ဦးကြားမှာတောင် လစာငွေကိစ္စဖြေရှင်းရခက်ခဲနေခဲ့ပြီး ရိုနယ်ဒိုသာ ရောက်ရှိခဲ့မယ်ဆိုရင် ဒီပြဿာနာက ပိုမိုရှုပ်ထွေးနိုင်ပါတယ်။ဒါ့ကြောင့်မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ ရိုနယ်ဒိုအတွက် အသုံးပြုဖို့ စီစဉ်ထားခဲ့တဲ့ ပမာဏကို အရည်အသွေးမြင့် ကွင်းလယ်ကစားသမားတစ်ဦး နဲ့ နောက်တန်းကစားသမားတွေခေါ်ယူရာမှာ အသုံးပြုသင့်ပါတယ်။

ရိုနယ်ဒို မန်ချက်စတာ ယူနိုက်တက်အသင်းကို ရောက်ရှိခဲ့မယ်ဆိုရင် တောင်ပံကစားသမားတစ်ဦးထက် တိုက်စစ်မှူးတစ်ဦးရဲ့ နေရာကိုတာဝန်ယူကစားမှာပါ။လက်ရှိအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဦးဆောင်နေခဲ့တဲ့ လူကာကူဟာ မော်ရင်ညိုအားကိုးရတဲ့သူတစ်ဦးဖြစ်လို့ ရိုနယ်ဒိုသာရောက်ရှိခဲ့ရင် ဘင်ဇီမာနဲ့ တွဲဖက်ကစားသလို ကစားကွက်အခင်းအကျင်းကို ဖန်တီးနိုင်ပေမယ့် လူကာကူတာဝန်ယူထားခဲ့တဲ့ အပိုင်းကို ရိုနယ်ဒိုလိုက်ပြီး စွမ်းဆောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ပြီးခဲ့တဲ့ရာသီက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံးခြေစွမ်းပြသခဲ့သူတွေက လူကာကူနဲ့ ဒီဂီယာတို့ (၂)ဦးပါ။လူကာကူဆိုတာ ပြိုင်ဘက်အသင်း ဂိုးပေါက်ထဲမှာ ဂိုးသွင်းယူနိုင်သလို မိမိအသင်းဘောလုံး ဆုံးရှုံးချိန်မှာလည်း အသင်းနဲ့လိုက်ပါပြီး နောက်တန်းထိလိုက်ပါကစားပေးနိုင်သူဖြစ်တာကြောင့် မော်ရင်ညိုရဲ့ စိတ်ကြိုက်ကစားသမားဖြစ်နေလို့ လူကာကူကို ရိုနယ်ဒိုနဲ့ နှိုင်းယှဉ်ပြီးပြောဆိုတာ မဟုတ်ပေမယ့် အသင်းအတွက် အရေးပါတဲ့အပိုင်းမှာတော့ ကွာခြားသွားနိုင်ပါတယ်။

နိဂုံးချုပ်ရရင်တော့ မော်ရင်ညို အနေနဲ့အသင်းမှာ ဆန်းချက် ၊ ပေါ့ဘာ ၊ လူကာကူ ၊ မာတစ် ၊ ဒီဂီယာအစရှိတဲ့ထိပ်တန်း ကစားသမားတွေကို ပိုင်ဆိုင်ထားနိုင်ခဲ့ပြီးဖြစ်လို့ နောက်ထပ်ကြယ်ပွင့်ကစားသမားတစ်ဦး မလိုအပ်ဘူးလို့ပြောဆိုနိုင်ပေမယ့် ရိုနယ်ဒို နဲ့ မော်ရင်ညို ၊ မော်ရင်ညို နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း တာဝန်ရှိသူတွေကြားမှာ ဘယ်လိုစိတ်ကူးတွေရှိနေမယ်ဆိုတာကတော့ သူတို့ကိုယ်တိုင်သာ သိရှိမှာပါ။ဒါ့ပေမယ့် အာဆင်ဝင်းဂါး ဘယ်အသင်းကို နည်းပြပြုလုပ်မယ်ဆိုတဲ့ မေးခွန်းကို စိတ်ဝင်စားနေချိန်မှာ ရိုနယ်ဒိုရဲ့ အပြောင်းအရွှေ့သတင်းကလည်း ယခုနှစ် အပြောင်းအရွှေ့ရာသီကို စိတ်လှုပ်ရှားမှုတွေနဲ့ အသက်သွင်းဦးမှာပါ။ image #photo by google
#crd wow box

Leave welcome back home CR7 to:

Written by

Read more #esteem posts


Best Posts From zayarmin

We have not curated any of zayarmin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From zayarmin