zawzaw007 avatar

Hive နှင့် အမှတ်တရ...

zawzaw007

Published: 30 Dec 2021 › Updated: 30 Dec 2021Hive နှင့် အမှတ်တရ...

Hive နှင့် အမှတ်တရ...

img_0.18676767566298677.jpg

Hive Myanmar အဖွဲ့သားများအားလုံး မင်္ဂလာပါ...

Hive ပေါ်မှာ စာမရေးဖြစ်တာကြာပါပြီ။ ဘာရေးလို့
ရေးရမှန်းလည်းမသိပါ။ စာရေးပြီး ဝင်ငွေရတယ်လို့သိထား
ပေမဲ့ တကယ်ရောရရဲလားလို့ သံသယ ဝင်ခဲ့မိပါတယ်။

ဒါနဲ့နှစ်သစ်ကူးည မုန့်လုပ်စားဖို့ ငွေလိုနေတာနဲ့ မြန်မာကိုကို
ကျနော့်ယောက်ဖကို မင်းတို့ Hive က တကယ်ရော ငွေရရဲ့
လား။ ရရင်မနက်ဖြန်မုန့်လုပ်စားဖို့ ငွေလိုလို့ ရောင်းချင်တယ်လို့၊
ပြောတော့ သူက တကယ်ရပါတယ်။ တကယ်လို့အကိုသိချင်တယ်
ဆိုရင် လာရှင်းပြပေးပါ့မယ်လို့ပြောပြီး လာရှင်းပြပေးခဲ့ပါတယ်။

ကျနော့်ကိုသူက အသေးစိပ်ရှင်းပြပေးခဲ့ပါတယ်။ Gate.ioမှာ
ရောင်းဝယ်လုပ်လို့ရတဲ့အကြောင်းပြောပြပြီး အကောင့်ဖွင့်ပေးကာ
အစမ်းအနေနဲ့ 1 Usdt ကို ဝယ်ရောင်းလုပ်ပြပေးခဲ့ပါတယ်။
သူကတာ မရပ်မနား တရက်စက်ရှင်းပြနေပေမဲ့ ကျနော့်မှာ
ဒီလိုနည်းပညာများနဲ့ မရင်းနှီးလို့ ဘာမှ သိပ်နားမလည်ခဲ့ပါဘူး။
Bank အကောင့်နဲ့ချိတ်ဆက်ပြီး ရောင်းလို့ရတယ်လို့လည်း
ပြောပြခဲ့ပါတယ်။ သူကတော့ လိုင်းပေါ်မှာ ဝယ်တဲ့လူတွေစီ
အလွယ်ရောင်းတယ်လို့ပဲ ပြောပါတယ်။

img_0.21964521724812544.jpg

img_0.12096126257488381.jpg

သူကမရောင်းဖို့တားပါတယ်။ Hive Power အရေးကြီးတဲ့
အကြောင်းများကိုလည်း စိတ်ရှည်လက်ရှည်ရှင်းပြပေးပါတယ်။
ဒါပေမဲ့ ကျနော်မယုံမှာစိုးလို့ ငွေလိုရင် သူဝယ်ပေးပါ့မယ်ဆိုပြီး
ကျနော့်ဆီက 3.4 Hive ကို 10000 ကျပ်နဲ့ ဝယ်ပေးခဲ့ပါ
တယ်။ အမှန်က 8000 ကျပ်ကျော်ပဲ ရပေမဲ့ ရင်နှီးတာက
တစ်ကြောင်း၊ သူ့တူမလေးကို မုန့်ဖိုးအဖြစ်ပေးတာဆိုပြီး
10000 ကျပ်နဲ့ဝယ်ပေးခဲ့တာပါ။

img_0.8655101266145879.jpg

မယုံချင်ခဲ့ပေမဲ့ ခုလိုလက်ထဲငွေရောက်လာတော့ ယုံလိုက်ရပါပြီ။
နှစ်သစ်မှာ အမှတ်တရလည်း ဖြစ်သွားတာပေါ့။ မနက်ဖြန်ညတော့
သမီးကလေးနှစ်ယောက်ကို ဖေဖေစာရေးလို့ရတဲ့ ငွေနဲ့ ခုလိုမျိုး
မုန့်ကျွေးတာလို့ ကြွားလုံးထုတ်လို့ရပြီပေါ့ဗျာ။

စိတ်ရှည်လက်ရှည်ဖက်ပေးလို့ Hive Myanmar
အဖွဲ့သားများကို ကျေးဇူးတင်ပါတယ်ခဗျာ။

zawzaw007@zawzaw007

Leave Hive နှင့် အမှတ်တရ... to:

Written by

Account Created via LeoFinance.io

Read more #hive-122133 posts


Best Posts From zawzaw007

We have not curated any of zawzaw007's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From zawzaw007