ဝဿန် အ ကြောင်း ၁
မြန်မာနိုင်ငံတွင် ဥတု ၃ခုရှိကာ ၄င်းတို့ မှာ နွေမိုးဆောင်းဟု၍ လူတိုင်းသိကြကြသည်။ ၁၂ လ ရသီများအနက် နယုန်လမှ သီတင်းကျွတ် လ အထိ ၅ လတာ ကြာမြင့်သည်။ ဝဿန် ရာသီ၏ အလှများကား စာဖွဲ၍ မကုန်နိုင်ပေ သစ်ပင်များ စိမ်းလန်းစိုပြေစေရန် မိုးသည် အရေးပါသည်။ မိုးကြောင့် သစ်တောများကြီးထွားရသည် မြေဆီမြေသြဇာတို့ ပြည့် ဝကြရသည် လူသားတို မှီခို အားထားရသော အဓိက အစားအစာဖြစ်သော ဆန်စပါး အပါအဝင် စိုက်ပျိုးရေး လုပ်ငန်းအများစုသည် မိုးကို မှီခို အားထားကြရသည်။ ထိုကြောင့် မိုးရွာမှ ပျိုးသာမည် ဟု ဆိုစမှတ် ပြုခဲ့ကြသည် မဟုတ်ပါလော။
မိုးတွင်အနောက်တောင် မုတ်သုံလေ တိုက်ခတ်ပါသည် ။မိုးမရောက်ခင် တပါင်းတခူး ကတည်းက တပေါင်းတန်ခူး မိုးသားကျုး ဟု ဆို ရလောက်အောင်မိုးသံပေးတက်သည်။
မိုးရာသီ ရောက်လျှင်မူ အနောက်တောင်ဘက်ရှိ တောင်တန်းကြီးများသည် ညို့မှိုင်းအုံဆိုင်းတက်ကြသည်။ ဝဿန် အဦးအစဖြစ်သော နယုန်လတွင် မိုးစက်မိုးပေါက်များ သေးငယ်စွာကြရောက်တက်ကြပါသည်။ မိုးသည်းထန်စွာ မရွာတက်သေးသောကြောင့် လည်း နယုန်မိုးသေး မြက်သားမွေး ဟု ဆိုစမှတ် ပြုကြပါသည်။ ဝါဆို ဝါခေါင်လတို့ တွင်မူ ဝါဆို ဝါခေါင်ရေဖောင်ဖောင်ဟူသော စကားနှင့်အညီ မိုးများစတင် ရွာလေပြီ။ တော်သလင်း၌ တော်သလင်းမိုး ကန်သင်းကျိုး တော်သလင်မိုး အိမ်အောက်လျှိုး ဟူသော စကားတို့ နှင့်အညန သည်းထန်စွာ ရွာသွန်းတက်သည်။သီတင်းကျွတ် လ၌ မိုးနှောင်းဖြစ်သော်လည်းမိုးမကုန် တက်သေးချေ။ဆိုလိုသည်မှာ မိုးဦးမှ မိုးနှောင်းထိ အားကောင်းကောင်းဖြင့် ရွာ သွန်းတက်သောကြောင့် ပေ။
Leave ဝဿန် အ ကြောင်း ၁ to:
Read more #steemit posts
Best Posts From zabatar
We have not curated any of zabatar's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.