yuzana avatar

လူတိုင်းနဲ့ဆိုင်တဲ့နိုင်ငံရေး

yuzana

Published: 29 Sept 2023 › Updated: 29 Sept 2023လူတိုင်းနဲ့ဆိုင်တဲ့နိုင်ငံရေး

လူတိုင်းနဲ့ဆိုင်တဲ့နိုင်ငံရေး

သူငယ်ချင်းတို့ မင်္ဂလာပါ။
ကျွန်တောအလုပ်တွေများတော့ ပိုစ်မတင်နိုင်တာ ခွင့်လွှတ်ပေးကြပါ။
အလုပ်လုပ်ရတာလည်း ပစ္စည်းစျေးတွေကတက်တော့ ဘာလုပ်လုပ်အဆင်မပြေသလိုပါဘဲ။

ကျွန်တော်တို့ ဒိုင်နမို မော်တာ ပြင်သမားတွေလည်း ကွိုင်ကြိုးစျေးတက်တော့ ပိုင်ရှင်ဆီပိုက်ဆံတောင်းရတာအားနာစရာကောင်းတယ်၊
စစ်အာဏာမသိန်းခင်က တပေါင်ကို ၇၀၀၀ကျပ်ကနေ အာဏာသိန်းပြီးတော့ တပေါင်ကို ၂၅၀၀၀ကျပ်ကနေ ၃၀၀၀၀ကျပ်အထိပေးဝယ်ရတယ် ၊
ပုံမှာပြထားတဲ kg ဘီးတွေဆို တဘီးကို ၇သိနျးခှဲ ၈သိန်းပေးရတယ်၊ ဒါတောင် နှစ်သောင်းတန်ရုပ်ရုပ်မဖြစ်ခင်ကမှာဝယ်ရတဲ့စျေး၊ အခုဆိုဘယ်စျေးရှိနေမယ်မသိ၊

ကွိုင်ကြီုးတွေကလည်း ဆိုဒ်အစားစားရှိတာဆိုတော့ ဘီးကလည်း တမျိုးနှစ်မျိုးနဲ့မရ၊ အများဆုံးအသုံးပြုတဲ့ ဆိုဒ်၈မျိုး ၈ဘီးလောက်ဘဲ ဝယ်နိုင်တာ၊ လိုတဲ့ ဆိုဒ်တွေကြတော့ ကိုယ့်မြို့ကအရောင်းဆိုင်မှာဘဲ တပေါင်ခြင်းဝယ်သုံးရတော့တယ်၊ ဆိုဒ်စုံလည်းဝယ်မထားနိုင်ဘူးလေ၊

အခုဝယ်ဝယ်ထားတဲ့ ၇ဘီးဆိုတောင် သိန်းငါးဆယ်လောက် ငွေအောင်းသွားတယ်၊ ဆိုဒ်စုံတာဆိုရင်တော့ အမယ်လေး သိန်းတရာငါးဆယ်လောက်အိပ်သွားလိပ်မယ်။

တော်ပါပြီ အသုံးနဲတဲ့ဆိုဒ်တွေတော့ တပေါင်ချင်းဘဲစျေးကြီးခြင်ကြီးပစေတော့ ဝယ်သုံးတော့မယ်၊
နိုင်ငံရေးကြီးရယ် အမြန်သာဒီမိုကရေစီရပါတော့လို့ ဆုတောင်းရတောမှာဘဲ၊

အားလုံးဘဲစိတ်ချမ်းသာကြပါစေ။

ရေးသားသူ yuzana@yuzana
ဓာတ်ပုံ- yuzana@yuzana

Leave လူတိုင်းနဲ့ဆိုင်တဲ့နိုင်ငံရေး to:

Written by

electronic service shop

Read more #hive-193084 posts


Best Posts From yuzana

We have not curated any of yuzana's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From yuzana