Steemit voter avatar

စိတ်​ဓာတ်

yinmyo

Published: 16 Mar 2018 › Updated: 16 Mar 2018စိတ်​ဓာတ်

စိတ်​ဓာတ်

လူတစ်​​ယောက်​​ဟာ ဘယ်​​လောက်​ပဲဆင်းရဲဆင်းရဲ စိတ်​ဓာတ်​မဆင်းရဲဖို့အ​ရေးကြီးပါတယ်​။ ဘဝဆင်းရဲတာကိုခုတုံးလုပ်​ပြီး စိတ်​ဓာတ်​ကျဆင်း​အောင်​မလုပ်​သင့်​ပါဘူး။ လူဆင်းရဲတာချမ်းသာဖို့ ကြိုးစားရင်​ရပါတယ်​။ စိတ်​ဓာတ်​သာဆင်းရဲ​နေမယ်​ဆို ဘဝတစ်​​လျောက်​လုံး မီးလိုပူတဲ့ဘဝကိုပဲရလိမ့်​မယ်​။ မိမိဘဝဆင်းရဲမှု​ကြောင့်​စိတ်​ဓာတ်​​တွေပြင်းထန်​ပြီး မျက်​စိကန်းတဲ့သူလိုကြိုးစားမယ်​ဆို မ​ကောင်းမှုဘက်​ကို​ရောက်​သွားလိမ့်​မယ်​။ လွယ်​လွယ်​နဲ့ပိုက်​ဆံရှာတာကို နှစ်​သက်​တဲ့သူ​တစ်​ချို့က ဘဝခရီးရဲ့​သေတွင်းထဲကိုခုန်​ချသလိုမျိုးပဲ။ ကိုယ်​လုပ်​တဲ့အလုပ်​ကတစ်​​နေ့ကိုဘယ်​​လောက်​ရလဲ။ ​နောက်​​နေ့ဒီထက်​ပိုရ​အောင်​လူပ်​မယ်​လို​တွေးမိရင်​​တော့ အလွယ်​လမ်းဘက်​ကို ​ရောက်​သွားလိမ့်​မယ်​။ ဘဝဆိုတာ တို​တောင်းလွန်းပါတယ်​။ ဒီလိုတိုတောင်းတဲ့ဘဝမှာစိတိဓာတ်ကိုမြင့်မြင့်ထားဖို့လိုအပ်​ပါတယ်​။ ကိုယ်​စိတ်​ဓာတ်​ကျဆင်းမှု​တွေ​ကြောင့်​ရလာတဲ့အကျိုးဆက်​​တွေရဲ့​ကောင်းမှုမ​ကောင်းမှုကို မသိနိုင်​​တော့ပါဘူး။ အမှားတစ်​ခုကိုကျူးလွန်​တဲ့အချိန်​မှာ ဒါဟာပထမဆုံးမို့လို့ပါဆိုတဲ့စကားနဲ့တင်​ ​နောက်​တစ်​ခါပြုလုပ်​တတ်​ကြတယ်​။ ထိုအမှား​တွေ​ကြောင့်​ချမ်းသာလာပင်​မဲ့ ထိုချမ်းသာမှုရဲ့​နောက်​ကွယ်​က ရလဒ်​ကဘာလဲဆိုတာ မသိချိန်​မှာ ထိုအမှားကိုထပ်​ခါထပ်​ခါကျူးလွန်​မိ​နေတယ်​။
ချမ်းလာဖို့တစ်​ခုတည်းနဲ့ အလွယ်​နည်းကိုမလိုက်​သင့်​ပါဘူး။ ကိုယ့်​​ချွေး​တွေနဲ့​ပေးဆပ်​ပြီးရလာတဲ့ချမ်းသာမှုက​အေးချမ်းပါတယ်​။ ထို့​ကြောင့်​ အမြဲပူ​လောင်​မှုကို မခံစားရတဲ့အပြင်​ ​လူ​ကောစိတ်​ပါ ​အေးချမ်းပါတယ်​။ ဘဝဆင်းရဲတာက ရှက်​စရာမဟုပါဘူး စိတ်​ဓာတ်​ဆင်းရဲတာမှရှက်​စရာပါ။ ဘဝဆင်းရဲမှုကို ဘယ်​သူမှလိုလားတာမဟုတ်​ပါဘူး ဘဝ​ပေးကံ​ကြောင့်​သာဖြစ်​လာတာပါ။ အတိတ်​ဘဝက အကုသိုလ်​ကံ​တွေ​ကြောင့်​သာ ဒီဘဝမှာ ခံ​နေရတာပါ။ ဒါ​ကြောင့်​ဒီဘဝမှာစိတ်​ဓာတ်​​ကောင်းမွန်​​အောင်​​နေထိုင်​ရမယ်​။ ဒါမှ အနာဂါတ်​မှာ ​ကောင်​မွန်​တဲ့ ရလဒ်​​တွေနဲ့မိမိကိုယ်​မိမိပြုပြင်​နိုင်​လိမ့်​မယ်​။ ဘာမှစားစရာမရှိ​အောင်​ မွဲ​တေ​နေပါ​စေ ​ကောင်းမွန်​တဲ့အလုပ်​​လေးလုပ်​ပြီး အသက်​​မွေးဝမ်း​ကြောင်းနဲ့ အသက်​ဆက်​ပါ။ မိမိလုပ်​ရက်​​ကြောင့်​မိသားစုကောင်းကျိုးခံစားချင်​လား ၊ မိမိလုပ်​ရက်​​ကြောင့်​မိသားစုဒုက္ခ​ရောက်​​စေချင်​လား ​တွေး​တောပါ။ကောင်း​သောစိတိ​မွေးတဲ့သူက​နောင်​လာ​နောင်​သား​တွေကိုဘယ်​လိုပြုပြင်​ရမလဲ ဆိုတဲ့ဦး​နှောက်​ရှိသလို ဖြစ်​သင့်​မဖြစ်​သင့်​​ကို​တွေး​တောနိုင်​တဲ့အကြံဥာဏ်​လဲရှိပါတယ်​။ ဘဝဆင်းရဲမှုကို​ဖြေ​ဖျောက်​ပြီးလုပ်​ကိုင်​ကြတဲ့အထဲမှာ ချမ်းသာတဲ့သူ​တွေအများကြီးရှိသလို၊ မချမ်းသာရင်​​တောင်​ဘဝတစ်​​လျောက်​​အေး​အေးချမ်းချမ်းနဲ့​နေလို့ရပါတယ်​။ ဘာမှလဲပူပင်​စရာမလို​တော့ဘူး​ပေါ့။ စိတ်​ချမ်းသာ​တော့ရုပ်​က အလိုလိုပင်​ ​တောက်​ပလာပါတယ်​။
ပိုက်​ဆံသာအများကြီးရ​နေပြီး ကိုယ်​လုပ်​တဲ့အလုပ်​က​ကောင်းလားမ​ကောင်းဘူးလား ၊ ကိုယ့်​ပတ်​ဝန်းကျင်​ကဘယ်​လို​ဝေဖန်​​နေကြလဲ ဆိုတာကိုလဲ သိရပါမယ်​။ ဘယ်​​လောက်​ပဲပင်​ပန်း​နေပါ​စေကြိုစားအားထုတ်​မှု​ကြောင့်​ရတဲ့ ပိုက်​ဆံဆိုရင်​ ​ပျောရွှင်​ပြီး ​အေး​အေးချမ်းချမ်းရှိ​နေလိမ့်​မယ်​။ ချမ်းသာမှုကိုလိုလားပြီး​လောဘတတ်​တဲ့သူ​တွေက သူတို့ရဲ့ဘဝကို ​သေမင်းဆီအပ်​နှံထားခဲ့တာပဲ​လေ။ ​လောဘရှိတာ​ကြောင့်​​သောက​တွေပါ မာန်​မာန​တွေပါဖြစ်​​ပေါ်လာပါတယ်​။ ဘဝလဲချမ်းသာ စိတ်​လဲချမ်းသာပြီး မိသားစုနဲ့သာ​ပျော်​​ပျော်​ရွှင်​ရွှင်​​နေရရင်​ အဲ့အရာကို ဘာနဲ့မှလဲလို့မရ​ပါဘူး။
လူတိုင်းပဲ စိတိဓာတ်​ကိုမြင့်​မြင့်​ထားပြီးကြိုးစားမယ်​ဆို အရာရာဟာ တိုးတတ်​​အောင်​မြင်​လာပါလိမ့်​မယ်​။

Leave စိတ်​ဓာတ်​ to:

Written by

BTS fan

Read more #esteem posts


Best Posts From Steemit voter

We have not curated any of yinmyo's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Steemit voter