winko avatar

" ပလတ်စတစ်အန္တရာယ် "

winko

Published: 18 Sept 2018 › Updated: 18 Sept 2018" ပလတ်စတစ်အန္တရာယ် "

" ပလတ်စတစ်အန္တရာယ် "

ပလတ်စတစ်ရဲ့ ကောင်းမွေ ဆိုးမွေများအကြောင်း အနည်းငယ်ရေးသားဖော်ပြလိုပါတယ် အကောင်းထက် အဆိုးကိုသာဖြစ်ပေါ်စေတဲ့ ပလတ်စတစ်တွေဟာ ကျွန်တော်တို့ လူသား များသာမက သက်ရှိ သက်မဲ့နဲ့  သဘာဝပတ်ဝန်းကျင်ကို အများကြီးထိခိုက် ပျက်စီးစေပါ တယ် ပလတ်စတစ်ကို စတင်ထုတ်လုပ် သုံးစွဲလာတာကတော့ လွန်ခဲ့သောနှစ်ပေါင်း ၅၀ ကျော် လောက်ကလို့ ဖတ်ရှုမှတ်သားဖူးပါတယ် တစ်ဖြည်းဖြည်း ပြောင်းလဲလာတဲ့ ခေတ် အရရော နည်းပညာအရပါ ပလတ်စတစ်က လူသားတို့ အတွက် မဖြစ်မနေ အသုံးပြုလာ ရတဲ့ ပစ္စည်းတစ်ခုအဖြစ် နေရာယူလာပါတယ် ပလတ်စတစ်ကို အလွယ်တကူ အသုံးပြု လာကြ သလို အလွယ်တကူလည်း စွန့် ပစ်လာကြပါတယ်

imageCrd-org-source

အခုခေတ်အနေအထားနဲ့ ပဲရေးသားပြောရမယ်ဆိုရင် ပလတ်စတစ်တွေဟာ နေရာတော် တော်များများမှာ စွန့် ပစ်ပစ္စည်းများအဖြစ်တွေ့ မြင်နေရပါတယ် ပလတ်စတစ်ကျွတ် ကျွတ်အိတ်တွေအပြင် ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ဆက်စပ်ပစ္စည်းတွေဟာလည်း ကျွန် တော်တို့ ကိုရော ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးကိုပါ ရေရှည်များစွာ ဒုက္ခပေးနေပါ တယ် များသောအားဖြင့် ကျွန်တော်တို့ နေ့ စဉ် အသုံးပြုနေရတဲ့ပစ္စည်းတော်တော်များ များမှာ တစ်ဝက်လောက်က ပလတ်စတစ်နဲ့ ပြုလုပ်ထားတာများပါတယ် လူသုံးကုန် ပစ္စ ည်းတွေ အိမ်သုံးပစ္စည်းတွေဟာ ဒီပလတ်စတစ်ပါဝင်တဲ့အရာတွေနဲ့ ပဲ အများဆုံးပြု လုပ် ထားကြပါတယ် ခေတ်စနစ်အနေအထားအရ ပလတ်စတစ်တွေကို စနစ်တကျ စွန့် ပစ်သုံး စွဲမှုအားနည်းလာတော့လည်း အလွယ်တကူစွန့် ပစ်လာကြတာမျိုးကို စိတ်မကောင်းစွာ တွေ့ မြင်နေရပါတယ်
imageCrd-org-source

တစ်ကယ်လူစည်ကားတဲ့နေရာမျိုးတွေမှာ ပိုပြီးစွန့် ပစ်ထားကြတာတွေ့ မြင်နိုင်ပါတယ် ရထားဂိတ် ကားဂိတ်တွေမှာလည်း အမှိုက်တွေရော ပလတ်စတစ်တွေပါ အနည်းနဲ့ အ များ ဆိုသလို စွန့် ပစ်ထားတာတွေ့ ကြမှာပါ ရေနုတ်မြောင်းတွေ တူးမြောင်းတွေမှာလည်း စည်းစမ်းမဲ့အမှိုက် စွန့် ပစ်ထားတာမျိုး ပိတ်ဆို့ နေတတ်တာမျိုးတွေလည်း မြင်တွေ့ မိကြ မှာပါ ဒါ့အပြင် တစ်ခြား မြို့ ရွာလမ်းဘေး လမ်းကြားနဲ့ လမ်းသွယ်တွေမှာလည်း စည်းမဲ့ ကမ်းမဲ့စွန့် အမှိုက်တွေ ပစ်တာမျိုးတွေ တွေ့ မြင်နိုင်ပါတယ် ပလစ်စတစ်အမှိုက်တွေဟာ နေရာတိုင်းလိုလို ပြန့် ကျဲပြီး ရှိနေတတ်တော့ မိုးရွာသွန်းတဲ့အချိန်တွေမှာ မိုးရေ တွေနဲ့  အလွယ်တကူမျောပါပြီး မြစ်ချောင်းတွေထဲ ရောက်ရှိသွားကြပါတယ် မြစ်ချောင်း တွေမှ တစ်ဆင့် ပင်လယ်သမုဒ္ဒရာထိ တိုင်အောင် မျောပါပြီး ပင်လယ်ရေ ညစ်ညမ်းမှုတွေကို ဆက်လက်ပြီး ဆိုးရွားစွာ ဖြစ်ပေါ်လာစေပါတယ်
imageCrd-org-source

ပလစ်စတစ်တွေဟာ အခုဆိုရင် မြေပေါ်မှာရော ရေပေါ်မှာပါ အလွယ်တကူ တွေ့ မြင်လာ နေရပါပြီ အဲ့လိုစွန့် ပစ်ထားမှုတွေကြောင့်လည်း မြေဆီလွှာပျက်စီးခြင်းတွေ ဖြစ်ပေါ်လာရ သလို ရေရဲ့ အရည်အသွေးတွေ ကျဆင်းခြင်းများ ဖြစ်ပေါ်လာရပါတယ် နောက်ပိုင်း အ ကျိုး ဆက်တွေအနေနဲ့ ကတော့ အပင်တွေရှင်သန်ပေါက်ရောက်မှု အားနည်း နှေးကွေး လာပြီး ကုန်းနေ ရေနေ သတ္တဝါတို့ ရဲ့ ရှင်သန်နေထိုင်မှုတွေကိုပါ ထိခိုက်ပျက်စီးလာရတဲ့ အထိ ဆိုးဝါးတဲ့ လက္ခဏာတွေကို ဖြစ်လာစေတာ အမှန်ပါပဲဗျာ……

ဒုတိယပိုင်း မျှော်

MSCး 234

Author >>> Winko (Maun Mou Nja)

Leave " ပလတ်စတစ်အန္တရာယ် " to:

Written by

Read more #myanmar posts


Best Posts From winko

We have not curated any of winko's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From winko