"ကော်ဖီလို ဘဝတွေ"
စာမရေးဖြစ်တာတော်တော်ကြာသွားပါပြီ မရေးချင်တာလည်းမဟုတ်သလို မအားတာ လည်း မဟုတ်ပါဘူး ရေးချင်တဲ့Mood အနည်းငယ်ပျောက်နေသလို ခံစားမိပြီး မရေးဖြ စ်တာနဲ့ အလုပ်မအားလို့ မရေးဖြစ်တာနဲ့  ရက်ကြာသွားပြီး တစ်ခြားသော စားဝတ်နေရေး အလုပ်နဲ့ သင်တန်းနဲ့ အိမ်မှုကိစ္စတွေ(အိမ်ထောင်သည် မဟုတ်ပါ မိသားစု အကြောင်း အ ရာလေးတွေပါ )ရှုပ်နေတာနဲ့  မရေးဖြစ်သလို ဖြစ်ခဲ့ရပါတယ် ဒီအတိုင်းမရေးပဲနေရင် ရေး ချင် တဲ့စိတ် Feeling ပျောက်ဆုံးသွားမိမှာလည်း စိုးမိပါတယ် အခုလည်း စာလေးရေးချင် စိတ်ပေါက်တာနဲ့  ရေးသားပါဦးမယ် အမြဲ post မတင်ဖြစ်ပေမယ့်ရံဖန်ရံခါတော့ post ရေးသား တင်နေပါ့မယ်
ဒီနေ့ တော့ စိတ်ရဲ့ ခွန်အားဖြစ်စေတာလေးတွေ စိတ်ဖြေနည်းတွေကို ရေးသားချင်မိပါတ ယ် တော်လို့ သိလို့ တော့ မဟုတ်ရပါဘူး ဟိုနည်းနည်း ဒီနည်းနည်း ဖတ်ထားတာလေးတွေ ရော ကိုယ်တွေးမိတာလေးတွေပါ ပေါင်းစပ်ရေးသားကြည့်တာပါ ကိုယ်တိုင်လည်း လက် ရှိ သိပ်အဆင်အပြေကြီး ဖြတ်သန်းနေရတာ မဟုတ်တော့ အဆင်ပြေမယ့် စိတ်အဟာရ လေးတွေ ဖတ်လိုက်တွေးလိုက် ဖြေသိမ့်လိုက် ကျင့်ကြံလိုက်နဲ့ ပဲ အားကိုးအားထားပြုနေ ရတာဆိုတော့လည်း ကိုယ်တိုင်ခံစားမိတာရော ဆင်ခြင်မိတာလေးတွေပါ ထည့်သွင်း ရေး သားမိခြင်းဖြစ်ပါတယ်
ကျွန်တော်တို့ အားလုံးဟာ တစ်ကယ်ဆိုရင် ဘဝတစ်ခုကို လက်ခံယုံကြည်တဲ့ နေရာမှာ ကိုယ့်စိတ်ကြိုက် မှန်ကန်အောင် ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ် ဆိုလိုတာက လွတ်လပ် စွာ သဘောထားကွဲလွဲနိုင်တယ်ဆိုတာကို ပြောချင်တာပါ ဒါပေမယ့်အပြုသဘောလေးတွေ နဲ့ ကိုယ့်ဘာသာကွဲလွဲ ခံယူတတ်ဖို့ တော့ လိုပါလိမ့်မယ် ဒါပေမယ့် လမ်းမှားမှန်းသိရက်နဲ့ လျှောက်နေတာမျိုး တိုက်ခိုက် ပုတ်ခတ်နေတာမျိုးတော့ မဖြစ်စေကြနဲ့ ပေါ့လေ သဘော ကတော့ ကော်ဖီတစ်ခွက်ကို မှာသောက်မိသလိုပေါ့ (ဖျော်သောက်လည်းရပါတယ်) ဥပမာ ပြောပြတာပါ ဆိုင်တစ်ဆိုင်မှာကော်ဖီ လက်ဖက်ရည်မှာတယ်ထားပါတော့ ကိုယ့်ကို လာ ချပေးတယ် များသွားလည်းကောင်းတယ်လေ ကြိုက်တဲ့သူဆိုပိုသောက်ရတယ် မကြိုက်တဲ့ သူလည်း ဒီလောက်တစ်ငုံစာလောက်ပိုသောက်မိတာ ဘာဖြစ်လို့ လဲပေါ့ ပြဿနာမရှိပါဘူး ကော်ဖီက ပူနေလား အေးသွားပြီလား ဒါတွေဟာလည်း သိပ်ပြီး ကြီးကျယ်တဲ့ ကိစ္စတွေ မဟုတ်သေးပါဘူး ကိုယ်က နှလုံးသွင်းတတ်မှဖြစ်တာလာပါ အဆိုးမြင်တဲ့သူကတော့ "ဟာ ပူလိုက်တာကွာ/ မပူသလိုပဲ "စသဖြင့် တွေးမယ် နှလုံးသွင်းမယ် တစ်ကယ်မကောင်းတာဆို ရင်တောင် အကောင်းမြင်စိတ်လေးနဲ့  တွေးမိရင် ကိုယ်လည်းစိတ်အေးချမ်းရပါတယ် အဓိ က,က ကိုယ်ကသွားဂရုစိုက်မိလို့ သာ ဖြစ်ရတာပါ "ချို တယ် ခါးတယ် ဖန်တယ် မကောင်း ဘူး ကောင်းတယ် "ဆိုတာတွေက ကိုယ်က အတိုင်းထက်အလွန် အဆိုးဘက်က သွားဂရု စိုက်နေမိလို့  ခံစားမိတာ ဒေါသထွက်မိတာပါ တစ်ကယ်တော့ ဒါတွေဟာ စိတ်မအေးချမ်း ပါဘူး နောက်ဆုံး စိတ်ဒဏ်ရာရပြီး ကိုယ်ပဲ နာကျင်ရတာပါ နာကျင်တာကတော့ သံသယ စိတ် ကြောင့် ဖြစ်ရတယ်လို့ မှတ်သားဖူးပါတယ် ဘဝဆိုတာလည်း အဲ့သည်လိုပဲလို့ ထင်မိ တယ် ရလာတဲ့အခြေအနေ အချိန်အခါမှာ အလိုမကျတိုင်း သံသယတွေသာထားနေမိရင် ပျော်ဖို့ ဘယ်ကောင်းတော့မလဲဗျာ တစ်ခါ တစ်လေကျ အမြဲတမ်းဆုပ်ကိုင်ထားရတာ ပင် ပန်းပါ တယ် ပေါ့ပေါ့ပါးပါးလေးတွေးကြည့် နေကြည့် မြင်ကြည့်မယ်ဆိုရင် ပျော်ရွှင်မှုအ စစ် အမှန်က ကိုယ့်အနားပဲ အမြဲရှိနေမှာပါ
ကျွန်တော်တို့ က "ဘဝ"ဆိုတဲ့ကော်ဖီသောက်တဲ့သူတွေပဲဆိုပါတော့ လောကဓံတရား(သူ) ကတော့ " ကော်ဖီ " ပေါ့ဗျာ သူက(ကျွန်တော်အပေါ်မှာရေးထားခဲ့သလို) ချိုမယ် ခါးမယ် ကောင်းမယ် မကောင်းဘူး စသဖြင့်ပေါ့ သူပေးလာတဲ့ ကော်ဖီကိုပဲ ကျွန်တော်တို့ ကသော က်ရမယ့်သူတွေဆိုတော့ နည်းနည်းသောက်မှာလား အများကြီးသောက်မှာလား ဘယ်လိုေ ရာသောက်မလဲ စသဖြင့် ကြံဆတွေးပြီး ဖြေရှင်းဖြတ်သန်းသွားကြရမှာပါ ဒါပေမယ့် သူ(လောကဓံတရား)က ဒါပဲသောက်ကိုသောက်ရမှာ ဖန်တီးခွင့်မရှိဘူး အခွင့်မသာဘူးဆိုရင် တော့လည်း ကံတရားအလိုကျပေါ့ဗျာ ခါးစည်းခံကြရတာပေါ့
နောက်ဆုံး ဘဝတွေဟာ ကော်ဖီတွေလိုပဲ ခါးသက်နေပါစေဦးတော့ ကိုယ်မမြင်ရ,မသေချာ တဲ့ အရာတွေကို နားနဲ့ နားမထောင်ပဲ"နှလုံးသားနဲ့ နားလည်ခံစားပေးကြည့်ပါ နှလုံးသားနဲ့ နားဆင်ခံစားကြည့်ပါ"လို့ ဆန္ဒ ပြု ရင်း ကော်ဖီသောက်မိစဉ် ရရှိမိသောအသိတ ရား ဖြစ်ပ်ါမိတာလေးကို ခံစားတင်ပြလိုက်ရပါတော့သည်။
MSCး 234
Author >>> Winko (Maun Mou Nja)
Leave "ကော်ဖီလို ဘဝတွေ" to:
Read more #myanmar posts
Best Posts From winko
We have not curated any of winko's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.