
အတိတ်ပုံရိပ်
အတိတ်ပုံရိပ်
အိမ်မပျော်တဲ့ ညခင်းတွေ
ဖြတ်သန်းပေါင်းများလာတော့လည်း
သန်းခေါင်ယံ ဆိုတာ
ငါ..အရမ်းရင်းနှီးတဲ့..တိတ်ဆိတ်ခြင်းတစ်ခုပါ။
အတိတ်ဆိုတာ
ပြန်မရောက်နိုင်တော့ပေမယ့်
အခေါက်ခေါက်အခါခါ
ပြန်သွားတတ်တဲ့စိတ်ကြောင့်ပဲ
အရိပ် တစ်ခုရဲ့ အကြောင်းအရာ တွေ
ပြန်သစ်လွင် နေတတ်တယ်။
အချစ်စစ် ဆိုတာ
မဖြောင့်တန်းတတ်ဘူးဆိုတာ
ဇာတ်ဝင် တေးသီချင်း တွေမှာ
ငါခဏခဏ နားဆင်ဖူးခဲ့တာပေါ့။
ဒါပေမယ့်.. ..
တို့နှစ်ယောက် ရဲ့ ဇာတ်လမ်း မှာ
နောက်ခံတေး ဖြစ်လာမယ်လို့
မတွေးမိခဲ့ပြန်ဘူး။
သြော်....
ရူးမိုက်တဲ့ အချိန်တွေလွန်
ဟိုအရင်ကသာ တစ်စွတ်ထိုးနိုင်ခဲ့ရင်
မင်းနဲ့ငါ....ခုလိုဝေးမှာ..မဟုတ်ဘူးကွယ်။
နောင်တလည်း မဟုတ်ဘူး....
အမှတ်တရ လည်း မဟုတ်ဘူး...။
ခဏ ခဏ ဝင်လာတတ်တဲ့
အတိတ်ပုံရိပ်လေး တစ်ခုမျှသာ...။
Leave အတိတ်ပုံရိပ် to:
Read more #poem posts
Best Posts From waiwailwin
We have not curated any of waiwailwin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.