Ye Wint avatar

MBA ဘောလုံးအသင်းအတွက်

wailinn

Published: 22 Feb 2018 › Updated: 22 Feb 2018MBA ဘောလုံးအသင်းအတွက်

MBA ဘောလုံးအသင်းအတွက်

image
နှစ်စဉ်ကျင်းပနေသော မုံရွာစီးပွားရေး တက္ကသိုလ် မေဂျာပေါင်းစုံ ဘောလုံးပြိုင်ပွဲကြီး ကျင်းပပြီးစီးခဲ့လေပြီ။ ဗိုလ်လုပွဲမရောက်တာ ၇ နှစ်ကြာနေပြီဖြစ်သော စီမံခန့်ခွဲမှုပညာဘောလုံးအသင်း(BBA)မှ ဗိုလ်လုပွဲတက်ရောက်ပြီး အုပ်စုတွင်းမှာတွေ့ဆုံပြီး ရှုံးနိမ့်ခဲ့သော ECO အသင်းအား အနိုင်ရရှိပြီး ပထမဆုဒိုင်းကို ရယူသွားနိုင်ခဲ့သည်။
image
ကျောင်းပွဲတွင် အုပ်စု နှစ်အုပ်စု အသင်း (၆) သင်း ယှဉ်ပြိုင်ကစားခဲ့ကြသည်။ နှစ်စဉ်နှစ်တိုင်း အိမ်ဖြည့်အဖြစ်သာ ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိသော MBA နှင့် MPA နှစ်သင်းမှာ နှစ်တိုင်းပင် ရှုံးပွဲများဖြင့်သာ အုပ်စုကထွက်ခဲ့ရခြင်းသာ။ ရှုံးပွဲကြုံတွေ့သည်ဆိုရာတွင်လည်း သာမာန်ကာလျှံကာ ရှုံးခြင်းမဟုတ်။ ပွဲတိုင်း ဂိုးပြတ်သာ။ ဂိုးပြတ်ဆိုရာတွင်လည်း အနည်းဆုံး (၈-၀) (၁၂-၀)။
ဒီနှစ်တွင်တော့ MBA အသင်းအနေနဲ့ အုပ်စုတွင် Eco. BBA အသင်းများနှင့်တွေ့ဆုံလျှက်ရှိရာ MBA အနေဖြင့် ဘယ်လိုပဲကစားကစား အုပ်စုကကျော်လွှားနိုင်မည်မဟုတ်ကြောင်း တစ်ကျောင်းလုံးသိရှိထားကြသည်။ ထို့ထက်ဆိုးသည်က MBA အသင်းတွင် ပွဲထွက်ကစားသမား ၁၁ နှင့် အရံအဖြစ် တစ်ယောက်သာ ပါဝင်လျက်ရှိရာ ပြိုင်ဖက်အသင်းတိုင်း၏ အထင်သေးခြင်းခံခဲ့ရလေသည်။ အုပ်စုပထမပွဲအဖြစ် ECO နှင့် BBA ပွဲစဉ်တွင် ECO မှ 2-1 ဖြင့် အနိုင်ရရှိခဲ့သည်။ ဒုတိယပွဲစဉ်အဖြစ် MBA နှင့် ECO ပွဲစဉ်တွင် ECO အသင်းမှ အုပ်စုမှတက်သွားပြီဖြစ်သည်က တစ်ကြောင်း၊ MBA အသင်းနှင့်ကစားရမည်ဖြစ်သည်ကတစ်ကြောင်း အရံကစားများဖြင့် ကစားသွားခဲ့ပြီး 2-0 ဖြင့် အနိုင်ရရှိသွားခဲ့သည်။သို့သော် လွယ်လွယ်ကူကူအနိုင်ရရှိခဲ့ခြင်းမဟုတ်ဘဲ MBA အသင်းမှ ရှိသည့်လူအင်အားဖြင့် ခံကစားသွားသည့်အတွက် ဒုတိယပိုင်းတွင် လူကောင်းများ ပြန်လည်ထည့်သွင်းပြီး ရင်ဆိုင်သွားခဲ့ရလေသည်။
image
အုပ်စုနောက်ဆုံးပွဲဖြစ်သည့် MBA နှင့် BBA အသင်းတို့ပွဲစဉ်သည် အုပ်စုတက်ရေး အဆုံးအဖြတ်ပွဲဖြစ်လာခဲ့သည်။ အနိုင်ရရှိသည့်အသင်းက နောက်တစ်ဆင့်တက်မည်ဖြစ်သော်လည်း BBA အသင်းအနေဖြင့် သရေကျရုံမျှဖြင့် အုပ်စုမှ တက်နိုင်နည့်အခွင့်အရေးကို သွင်းဂိုး တစ်ဂိုးအသာဖြင့် ရယူထားသည်။ MBA နှင့် BBA အသင်းမှာ ဌာနတစ်ခုထဲမှ အသင်းနှစ်သင်းဖြစ်ကြသည်။ MBA အသင်းသည် လူအင်အားမရှိ၊ ရှိသည့်ကစားသမားများမှာလည်း အသက် ၃၀ ပတ်ချာလည်တွေဖြစ်သော်လည်း အသက် ၂၀ အောက် လူငယ်လေးများကို ပထမပိုင်းတစ်ပိုင်းလုံး သရေခံကစားသွားခဲ့သည်။ ဒုတိယပိုင်းတွင်မူလအရံအင်အားမလုံလောက်သည့် MBA အသင်း အားမတန် မာန်လျော့ခဲ့ရပြီး ပွဲအပြီးတွင် MBA အသင်းမှ 2-1 ဖြင့် ပွတ်ကာသီကာ ရှုံးနိမ့်သွားခဲ့ရသည်။ ကျောင်းတွင်းမေဂျာပွဲများတွင် သမိုင်းတစ်လျှောက် ပေးဂိုးအနည်းဆုံးနှစ်တစ်နှစ်လည်း ဖြစ်ခဲ့ရသည်။
image
MBA နည်းတူ MPA အသင်းသည်လည်း 2 ပွဲကန် 2ပွဲရှုံး (၈-၀)(၁၀-၀) ရဂိုးမရှိ၊ ပေးဂိုး ၁၈ ဂိုးဖြင့် အုပ်စုအဆင့်မှပင် လက်ပြနှုတ်ဆက်ခဲ့ကြရသည်။ ဘောလုံးပွဲကြီးလည်း ပြီးဆုံးလေပြီ။
နှစ်စဉ်အရှုံးများဖြင့်သာ ရင်ဆိုင်ရသော MBA အသင်းအတွက် ကျွန်တော်မှ သင်္ကြန်သီချင်းတစ်ပုဒ်ဖြစ်သော တေးရေး - ယုဝမောင်မောင်၏ ညိုမြ သီချင်း အလိုက်ဖြင့် MBA ဘောလုံးအသင်း ဂုဏ်ပြုသီချင်းလေး ရေးသားလိုက်ပါတယ်။
🎶🎶🎼🎼🎶🎶🎼🎼🎵
ကွင်းရဲ့အပြင်မှာ ဟန်ရေးပြတာ
အမ်ဘီအေပါ
ကွင်းလယ်ရောက်ရင် သောက်တလွဲလုပ်တာ
အမ်ဘီအေပါ
အို တော်စမ်းပါ အစ်ကိုတို့ရာ
နောက်နှစ်ဆို မကန်ချင်တော့ဘူး ခင်ဗျာ.......
ကွင်းရဲ့အပြင်မှာ ဟန်ရေးပြတာ
အမ်ဘီအေပါ
ကွင်းလယ်ရောက်ရင် သောက်တလွဲလုပ်တာ
အမ်ဘီအေပါ
အို တော်စမ်းပါ အစ်ကိုတို့ရာ
နောက်နှစ်ဆို မကန်ချင်တော့ဘူး ခင်ဗျာ.......
ဂိုး ဂိုး ဂိုးသွားပြီ
သူများတွေ သွင်းသွားတာ
လွဲ လွဲ လွဲသွားပြီ
တို့များကန်လိုက်တာ
ဂိုး ဂိုး ဂိုးသွားပြီ
သူများတွေ သွင်းသွားတာ
လွဲ လွဲ လွဲသွားပြီ
တို့များကန်လိုက်တာ
🎶🎶🎶🎶
အရင်နှစ်ကလည်း ဒီနှစ်လိုပဲ
တို့များ ရှုံးခဲ့တာ
နောင်နှစ်ခါလည်း ဒီနှစ်လိုပဲ
တို့များ ရှုံးအုံးမှာ
မထူးတော့ပါ အမ်ဘီအေရာ
ဘောလုံးမကစားဘဲ
ဂွေလှိမ့်ကြဖို့
တို့ကဆိုချင်တာ.....
🎶🎶🎶🎶
🎶🎶🎼🎼🎶🎶🎼🎼🎵
ကွင်းရဲ့အပြင်မှာ ဟန်ရေးပြတာ
အမ်ဘီအေပါ
ကွင်းလယ်ရောက်ရင် သောက်တလွဲလုပ်တာ
အမ်ဘီအေပါ
အို တော်စမ်းပါ အစ်ကိုတို့ရာ
နောက်နှစ်ဆို မကန်ချင်တော့ဘူး ခင်ဗျာ.......
ကွင်းရဲ့အပြင်မှာ ဟန်ရေးပြတာ
အမ်ဘီအေပါ
ကွင်းလယ်ရောက်ရင် သောက်တလွဲလုပ်တာ
အမ်ဘီအေပါ
အို တော်စမ်းပါ အစ်ကိုတို့ရာ
နောက်နှစ်ဆို မကန်ချင်တော့ဘူး ခင်ဗျာ.......
ဂိုး ဂိုး ဂိုးသွားပြီ
သူများတွေ သွင်းသွားတာ
လွဲ လွဲ လွဲသွားပြီ
တို့များကန်လိုက်တာ
အားပေးလိုက်ကြတာ
သြဘာသောင်းနင်းပါ
နောက်တော့ရရှိတာ
နှစ်တိုင်းအရှုံးပါ
🎶🎶🎶🎶
အရင်နှစ်ကလည်း ဒီနှစ်လိုပဲ
တို့များ ရှုံးခဲ့တာ
နောင်နှစ်ခါလည်း ဒီနှစ်လိုပဲ
တို့များ ရှုံးအုံးမှာ
မထူးတော့ပါ အမ်ဘီအေရာ
ဘောလုံးမကစားဘဲ
ဂွေလှိမ့်ကြဖို့
တို့ကဆိုချင်တာ.....

wailinn@wailinn
MSC - 144

Leave MBA ဘောလုံးအသင်းအတွက် to:

Written by

Read more #myanmar posts


Best Posts From Ye Wint

We have not curated any of wailinn's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Ye Wint