Ye Wint avatar

ဘားကမ့်ဆိုသည်မှာ

wailinn

Published: 18 Feb 2018 › Updated: 18 Feb 2018ဘားကမ့်ဆိုသည်မှာ

ဘားကမ့်ဆိုသည်မှာ

ဘားကမ့်ဆိုသည်မှာ သမားရိုးကျ ပြုလုပ်နေကြ နည်းပညာဟောပြောပွဲ၊ စာပေးဟောပြောပွဲ ပုံစံများမှ ခွဲထွက်ပြီး လူအများစုပေါင်းကျင်းပသော လွတ်လပ်သည့် အသိပညာမျှဝေနိုင်သော၊ နည်းပညာဖလှယ်နိုင်သော ပွဲတစ်ခုဖြစ်ပါတယ်။ ဘားကမ့်မှာဆိုရင် ဟောပြောပွဲများနှင့် အဓိကမတူညီသည်က လူတစ်ဦးတစ်ယောက်ချင်းဆီမှ မိမိတို့သိရှိထားသမျှဖြစ်သည့် အသိပညာ၊ အတတ်ပညာများကို ဆွေးနွေးမှု့ပုံစံဖြင့် အပြန်အလှန် တင်ပြနိုင်ကြခြင်းပဲဖြစ်ပါတယ်။
ပညာရပ်ပိုင်းဆိုင်ရာ ပွဲတစ်ခုဖြစ်သော်လည်း သမားရိုးကျ ပွဲကျင်းပပုံများမှ ခွဲထွက်သွားပါတယ်။ ဝါသနာတူရာ၊ ရည်မှန်းချက်တူရာ လူများစုဝေးပြီး အတွေ့အကြုံများ၊ အသိပညာများကို ရင်းနှီးချစ်ခင် ပွင့်လင်းစွာ ဆွေးနွေးဖလှယ်ကြသည့်ပွဲ ဖြစ်ပါတယ်။ ဘားကမ့်မှာ ဟောပြောပွဲလည်းမဟုတ်။ သရုပ်ဖော်ပြသခြင်း သက်သက်လည်းမဟုတ်။ ဆွေးနွေးပွဲအကြီးကြီးလည်း မဟုတ်သည့်အပြင် conference ပုံစံမျိုးလည်းမဟုတ်သည့်အတွက် Un-conference လို့ပင် ခေါ်ဆိုပါသေးတယ်။
image
ဘားကမ့်တွင် expert များက non-expert များကို ဆရာလုပ်သည့် ပုံစံမျိုးလည်းမဟုတ်ပါ။ မိမိတို့ကျွမ်းကျင်သည့်ကဏ္ဍများ၊ တစ်ပါးသူများကို ဝေမျှနိုင်သည့် အကြောင်းအရာများ လူတိုင်းတွင် ကိုယ်စီရှိတတ်ကြသည်လို့ ဘားကမ့်ပွဲများက ယူဆထားပါတယ်။ ထို့ကြောင့် ဘားကမ့်ဆိုသည်မှာ ပညာဖြန့်ဝေခြင်းပုံစံကို လုံးဝပြောင်းပြန်လှန်ထားသည့် event တစ်ခုသာဖြစ်ပါသည်။
ဘားကမ့်ဆိုသည်ကို အလွယ်ကူဆုံး အဓိပ္ပာယ်ဖွင့်ဆိုပြရမည်ဆိုလျှင် လက်ဖက်ရည်ဆိုင်(သို့)နေရာတစ်ခုခုတွင် သူငယ်ချင်းတစ်စု စုံစည်းမိပြီဆိုလျှင် ရောက်တတ်ရာရာလေးများ ပြောဆိုပြီး ထိုအကြောင်းအရာများကို သူ့အမြင် ကိုယ့်အမြင် အပြန်အလှန်ပြောဆို ငြင်းခုံကြသကဲ့သို့ပင်ဖြစ်ပါတယ်။ ဘားကမ့်ပွဲများကို မြန်မာနိုင်ငံတွင် လူငယ်များမှ ဦးဆောင်ကျင်းပလေ့ရှိပြီး အထူးသဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းနှင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များအသင်းမှ အသင်းသားများမှ ဦးဆောင် ကျင်းပပေးလေ့ရှိသည်။ ကျင်းပသည့်မြို့နှင့် ခုနှစ်ကိုလိုက်ပြီး ပွဲနာမည်ပေးတတ်ကြပေသည်။
ယခုနှစ် 2018 တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဘားကမ့်ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး Barcamp Monywa 2018 ဟု ခေါ်ဆိုထားသည်။ မုံရွာမြို့ မြို့တော်ခန်းမတွင် ၁၀.၃.၂၀၁၈ နှင့် ၁၁.၃.၂၀၁၈ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တစ်ခြားမြို့ကြီးများမှ ဘားကမ့်ကို စိတ်ပါဝင်စားသူများလည်း တက်ရောက်ဆွေးနွေးပြောဆိုကြမှာဖြစ်ပါတယ်။
ဘားကမ့်ပွဲများ ကျင်းပပြုလုပ်ရာတွင် စီစဉ်ကြသည့် Organizer များမှ ဘားကမ့်ပွဲသို့ တက်ရောက်လာသူများကို တီရှပ်နှင့် sponsor ပေးထားသူများမှ ပေးအပ်လေ့ရှိသော လက်ဆောင်ပစ္စည်းများကို အမှတ်တရအနေဖြင့် ပြန်လည်ပေးလေ့ရှိပါတယ်။ ထိုကဲ့သို့ လက်ဆောင်များကို ထုတ်ယူနိုင်ရန်အတွက်မူ ပထမဦးစွာ တက်ရောက်မည့်သူများမှ register ပြုလုပ်ရန် လိုအပ်ပါသည်။ Online မှတဆင့် register ပြုလုပ်နိုင်သလို Phone ဖြင့်လည်း ဆက်သွယ် လုပ်ဆောင်နိုင်ပါသည်။ Register ပြုလုပ်ခိုင်းရခြင်းမှာ တက်ရောက်မည့် လူဦးရေ အရေအတွက်အလိုက် တီရှပ်များ ရိုက်နှိပ်နိုင်ရန်ဖြစ်ပါတယ်။ ပွဲကျင်းပသည့်နေ့တွင် မိမိတို့ရရှိထားသည့် register no. များကို ပြသပြီး ပွဲစီစဉ်သူများထံမှ လက်ဆောင်ထုတ်ယူနိုင်မည်ဖြစ်ပါသည်။
ဘားကမ့်သို့ရောက်ရှိလာပြီဆိုလျှင် ဘာတွေလုပ်ကိုင်ရမလဲ ပြောပြပါမယ်။
ဘားကမ့်ကို ရောက်လာပြီဆိုလျှင်-

  • Online မှာ Register လုပ်ထားတဲ့စာရွက်ကို Print ထုတ် (သို့) Phone ဖြင့် Register လုပ်ထားတဲ့ Code ကို ပြောပြပြီး Registration Desk မှာ တီရှပ်နှင့်အတူ လက်ဆောင်တွေကို ရယူလိုက်ပါ
  • ပြောမှာလား၊ နားထောင်မှာလား။ ဘာပဲလုပ်လုပ် Topic Board ကိုသွားပါ။
  • Topic Board မှာ ရေးထားတဲ့ ခေါင်းစဉ်တွေကိုကြည့်၊ စိတ်ဝင်စားသည့် Topic အလိုက် သတ်မှတ်ထားတဲ့ အခန်းနေရာများမှာသွားနားထောင်ပါ။ နားထောင်ရုံမက ပွင့်ပွင့်လင်းလင်း ဝင်ရောက်ဆွေးနွေးလို့ရပါတယ်။
  • တတ်သိပညာ မနေသာဆိုတဲ့အတိုင်း ဦးဆောင်ဆွေးနွေးမယ်ဆိုရင်တော့ Topic Registration Desk ကိုသွားပြီး ခေါင်းစဉ်ပြော၊ အခန်းတစ်ခန်းတောင်ပြီး ဆွေးနွေးပြောဆိုနိုင်ပါပြီ။
  • ပွဲမှာ အခက်အခဲရှိတာပဲဖြစ်ဖြစ် သိချင်တာပဲဖြစ်ဖြစ် မေးချင်ရင် လည်ဆွဲတွေဆွဲထားတဲ့ Organizer တွေနဲ့ Volunteer တွေကို မေးမြန်းနိုင်ပါတယ်။
    Barcamp Monywa 2018 ကို လာရောက် လည်ပတ်ဆွေးနွေးကြဖို့ ဒီနေရာလေးမှ ဖိတ်ခေါ်လိုက်ပါတယ်ဗျ။

wailinn@wailinn
MSC - 144

Leave ဘားကမ့်ဆိုသည်မှာ to:

Written by

Read more #myanmar posts


Best Posts From Ye Wint

We have not curated any of wailinn's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Ye Wint