wai1 avatar

ရွှေလသာသာ

wai1

Published: 03 Sept 2018 › Updated: 03 Sept 2018ရွှေလသာသာ

ရွှေလသာသာ

တစ်နေ့တာအတွက်နေသည် အရေးပါသလို ညအခါတွင်လည်း လမင်း မရှိလျှင်မပြည့်စုံပေ ။လမင်းသည် ကောင်းကင် ၌ ပြည့်ဝစွာ အလင်းပေးချိန် သည် လသာချိန်ဖြစ်သည်။တိမ်ကင်းစင်သော အဖိတ်နေ့ လပြည့်နေ့နှင့် လပြည့်ကျော်ရက်နေ့များတွင် လမင်းသည် အလွန်တရာပင် ထွန်းလင်းလျက်ရှိသည်။လမင်း၏ ထွန်းတောက်ပပုံကို ကျွန်တော်တို့ နှစ်သက်မြတ်နိုး တက်ကြသည်။

wai1.jpg
နေ့အတွက်စွမ်းအင်ပေးသော နေမင်းသည် မိုးကုပ်
စက်ဝိုင်းအောက် မှေးစက်သွားသောအခါ ညအတွက်
လမင်းသည် အလင်းစွမ်းအင်ပေးရန်ထွက်ပေါ်လာသည်။ ည တစ်ညအတွက် ဖိုးရွှေ လမင်းသည် အရေးပါလှသည်။ လမိုက်ညကဲ့သို့ တိမ်မိုး၍ လပျောက်နေချိန်တွင် ဝေဟင်ရှိ ကြယ်တာရာတို့ သည် ညှိုးငယ်နေကြသည်။

လမင်း၏စွမ်းအင် ပြည့်ဝစွာပေးနိုင်သော အချိန်မျိုးတွင် ကြယ်တာရာတို့ ရွှင်ပြုံးကာ တလက်လက် တောက်၍ လမင်းကို ဝိုင်းပတ်နေကြသည်။ ထို့ ကြောင့်ညအလှသည် လမင်းမရှိလျှင် မပြည့်စုံပေ။ လမင်းသည် ညအတွက် အလှပန်းချီဖန်တီးသူ တစ်ဦးနှင့်တူသည်။ လမင်းကြီး
ထွန်းလင်းစွာသာနေချိန်တွင် ကောင်းကင်ရှိ သာယာပုံသည် ရေးချ၍ပင် မကုန်နိုင်ချေ။

Leave ရွှေလသာသာ to:

Written by

Read more #steemit posts


Best Posts From wai1

We have not curated any of wai1's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From wai1