u oo avatar

ကျွန်တောအချစ်??!!!!??

uookoko

Published: 28 Feb 2018 › Updated: 28 Feb 2018ကျွန်တောအချစ်??!!!!??

ကျွန်တောအချစ်??!!!!??

"ချစ်တယ်"ဆိုတဲ့စကားတစ်ခွန်းကို ကျွန်တော်လက်လွတ်စပယ်ပြောခဲ့တာမဟုတ်ပါဘူး၊
တစ်သက်စာအတွက်ရည်ရွယ်ပြီးပြောခဲ့တာပဲ...
image

အကြောင်းမတိုက်ဆိုင်လွန်းတော့လည်း ဝေးခဲ့ရတယ်၊
ဒါပေမယ့် မေတ္တာစစ်မှန်ရင် အကွာအဝေးနဲ့တိုက်ရိုက်အချိုးချလို့မရနိုင်ပါဘူး...

ကျွန်တော့်ရဲ့ချစ်ခြင်းတရားဟာ တစ်နည်းနည်းနဲ့၊ ပုံစံတစ်မျိုးမဟုတ်တစ်မျိုးနဲ့ ခင်ဗျားအပေါ်သက်ရောက်နေဦးမှာပဲ..

ခင်ဗျားနဲ့စပြီး ခင်ဗျားနဲ့ဆုံးတဲ့ကမ္ဘာမှာပဲ
ကျွန်တော်ဆက်ရှင်သန်မယ်...

ခင်ဗျားသေချာပေါက်ပျော်ရွှင်နေမှာပဲဆိုတဲ့အသိတစ်ခုနဲ့
ကျွန်တော်လည်းပျော်ပျော်နေသွားနိုင်အောင်ကြိုးစားမယ်...

ဆောရီး... ဘယ်လိုမှစိတ်မထိန်းနိုင်ခဲ့တဲ့အခိုက်အတန့်တွေမှာတော့
ကျွန်တော့်အတွက်ကျွန်တော်ငိုမှာပေါ့...

ဘယ်ဘုရားရှေ့ရောက်ရောက်
"ခင်ဗျားအဆင်ပြေပါစေ"ဆိုတဲ့ဆုကိုတောင်းမယ်...

"ချစ်ဦးမေ"သီချင်းကိုကြားတဲ့အခါ
ကျွန်တော့်ကိုသတိရပါ...

ဘုရားစောင်းတန်းက ဆင်မြီးလက်စွပ်လေးတွေကို မြင်တဲ့အခါ
ကျွန်တော့်ကိုသတိရပါ...

ဒီလောက်ပဲဖြစ်ချင်ပါတယ်။ ။

image

Leave ကျွန်တောအချစ်??!!!!?? to:

Written by

Steem is My Life

Read more #esteem posts


Best Posts From u oo

We have not curated any of uookoko's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From u oo