သူရ avatar

ဖရီးအင်တာနက်သုံးနေသည်

thura

Published: 03 Sept 2021 › Updated: 03 Sept 2021ဖရီးအင်တာနက်သုံးနေသည်

ဖရီးအင်တာနက်သုံးနေသည်

img_0.326989765981221.jpg
https://unsplash.com/photos/Q69veNk1iJQ
တစ်ကြိမ်တစ်ခါမှ ဒီလိုခေါင်းစဥ်မျိုးနဲ့ ရေးချခဲ့ခြင်းမရှိပါဘူး။
ယခုတော့ မရေးရရင် မနေနိုင်လောက်အောင် ဖြစ်နေတဲ့အတွက်ကြောင့် ရင်ဖွင့်ရေးလိုက်ပါရစေ။
ကျွန်နော်ဒီနေ့ စိတ်ကျေနပ်နေတယ်။
အဘယ့်ကြောင့်ဆိုသော် မိတ်ဆွေတစ်ယောက်ဆီက အင်တာနက်ဖရီးသုံးဖို့အတွက် ကမ်းလှမ်းလာလို့ပါ။
အဲ့ဒီမိတ်ဆွေက ကမ်းလှမ်းလာခဲ့သည်မှာ မနေ့ကဖြစ်ပါတယ်။
အလကားသုံးရမယ့်ကိစ္စကို အိုင်တင်ခံနေခဲ့ပါတယ်။
ဒီနေ့တော့ ထိုမိတ်ဆွေက ကမ်းလှမ်းလာသော အင်တာနက်ဖရီးကိစ္စကို ခေါင်းထဲဝင်လာခဲ့ပါတယ်။
ထိုမိတ်ဆွေဘက်က ကမ်းလှမ်းပို့ဆောင်လာသော အင်တာနက်ဖရီးသုံးနည်းလမ်းအတိုင်း ကျွန်နော်လုပ်ကြည့်သောအခါ အဆင်ပြေလွယ်ကူစွာနဲ့ သုံးစွဲလို့ အဆင်ပြေခဲ့ပါတယ်။
အဲ့ဒီအချိန်မှာ ကျွန်နော် ထခုန်ခဲ့ပါတယ်။
ဒါနဲ့ပဲ ကျွန်နော်သူ့ဆီကို စာပြန်ရေးပြီး ကျေးဇူးတင်ကြောင်းကို ရေးသားပြီး ပေးပို့ခဲ့ပါတယ်။
လွန်ခဲ့တဲ့​ေ ခြာက်လခန့်တုန်းက ယခုလိုပဲ အင်တာနက်ကိုဖရီးသုံးခွင့်ရခဲ့ဖူးပါတယ်။
ဖရီးအင်တာနက်သုံးစွဲမှုနဲ့ ဝန်ဆောင်မှုပေးပြီး အင်တာနက်ကို အခကြေးငွေနဲ့ သုံးစွဲမှုမှာ လိုင်းစွဲအား မတူညီတာကို သတိပြုမိပါတယ်။
ယခု ကျွန်နော်တို့ မြန်မာပြည်မှာ အင်တာနက် လိုင်းစွဲအားဟာ မကောင်းပါဘူး။
အဲ့ဒါက အခကြေးငွေပေးရတဲ့ အင်တာနက်ကို ဆိုလိုခြင်းဖြစ်ပါတယ်။
ဖရီးသုံးစွဲလို့ရတဲ့ အင်တာနက်ဖရီးရဲ့လိုင်းစွဲအားဟာ ဝန်ဆောင်မှု ပေးနေရတဲ့ အင်တာနက်ထက် သုံးစွဲရတာ ပိုပြီးအဆင်ပြေနေပါတယ်။
လွန်ခဲ့သောခြောက်လလောက်က ဖရီးအင်တာနက်ကို လေးလလောက်ကို အချိန်ပြည့် သုံးစွဲခွင့်ရရှိခဲ့ပါတယ်။
ငါးလမြောက်ရောက်တဲ့အချိန်မှာတော့ အခကြေးငွေ ပေးဆောင်ရတဲ့ အင်တာနက်ကိုပဲ သုံးစွဲလို့ရပါတော့တယ်။
ဖရီးအင်တာနက်လိုင်းတွေအကုန်လုံး အပိတ်ခံလိုက်ရပါတယ်။
ယခု မြန်မာပြည်မှာ အင်တာနက်လိုင်းတွေ လုံးဝမကောင်းပါဘူး။
အခကြေးငွေ ပေးဆောင်းပြီး သုံးစွဲပေမယ့် လိုင်းက သုံးစွဲလို့မကောင်းတော့ အရမ်းကို စိတ်ညစ်ရပါတယ်။
နောက်ပြီး အင်တာနက် အခကြေးငွေဟာ အဆမတန် စျေးကြီးပေးဝယ်ပြီးသုံးစွဲနေရပါတယ်။
မြန်မာ ကျပ်ငွေ တစ်ထောင်ကို အင်တာနက် 900mb လောက်သာ ရရှိပါတယ်။
ကျွန်နော် ချွေတာပြီးသုံးတယ်။
ဒါပေမယ့် နှစ်ရက်ကို မြန်မာငွေ တစ်ထောင်လောက်ကို ပေးဆောင်နေရပါတယ်။
ယခု ဖရီးအင်တာနက်ကို ငွေကြေးပေးစရာမလိုပဲ အားရပါးရသုံးစွဲစွဲခွင့်ရနေပါပြီဖြစ်ကြောင်းကို ရင်ဖွင့်ရေးသားတင်ပြလိုက်ပါတယ်။
အထက်ပါတင်ပြခဲ့သမျှဟာ အတိုချုပ်ပြီး လိုရင်းလောက်သာ ရေးသားခဲ့ခြင်းဖြစ်ပါသည်။
စာကရှည်နေပြီဆိုတော့ ဒီလောက်ပဲရေးတော့မယ်။
thura@thura

Leave ဖရီးအင်တာနက်သုံးနေသည် to:

Written by

Read more #ecency posts


Best Posts From သူရ

We have not curated any of thura's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From သူရ