သူရ avatar

အပြစ်တင်မစောပါနဲ့

thura

Published: 22 Apr 2018 › Updated: 22 Apr 2018အပြစ်တင်မစောပါနဲ့

အပြစ်တင်မစောပါနဲ့

image
လူရယ်လိုဖြစ်နေတဲ့ဘဝ မည်သို့သောလူပုဂ္ဂိုလ်မဆို ခက်ခဲ့ခြင်း ကျပ်တည်းခြင်းတွေကိုတော့ အနည်းနှင့်အများ ရှိနေတက်ကြပေမည်………………။
တချို့သောလူတွေမှာ ငါဆိုတဲ့ကိုယ်နဲ့ ကံဆိုသည့်အရာနှင့် တစ်ယောက်ထဲ ငြင်းခုန်နေတက်ကြပေလိမ့်မည်…………။
ကံဆိုသည့်အရာနှင့် အငြင်းခုန်လုပ်ကြသော လူတစ်ချို့သည် မိမိကိုယ်ကို အပြစ်တင်နေတက်ကြသလို
ကံဆိုသည့်အရာကိုလည်း တဖန်အပြစ်တင်တက်ကြပေလိမ့်မည်…………………။
""ငါသည် ဘယ်ကိစ္စကိုပဲ လုပ်လုပ် ဘယ်တော့မှ အပေါက်အလမ်းမတည့်ဘူး…အမြဲလိုလို အမှားယွင်းတွေနဲ့ပဲတွေ့နေရတယ်…အခြားသူတွေ လုပ်ကိုင်ဆောင်ရွက်သမျှ အမြဲလိုလို အဆင်ပြေကြပေမယ့် ငါ့ကျမှ ဘာကြောင့်များ ကံဇာတာက မျက်နှာသာမပေးလာတာလဲ…ဘယ်တော့မှငါဟာ ကံကောင်းလေ့မရှိဘူး…ငါတွေ့ကြုံလာသမျှ ဘယ်တော့မှကောင်းတာတွေကိုမတွေ့ အဆိုးတွေနဲ့ပဲ အမြဲတွေ့ကြုံနေရတယ်…ဘယ်တော့မှ ဒီကံက ငါ့အတွက်ကောင်းလာမှာမဟုတ်ဘူး""ဆိုပြီး အစိုးမရတဲ့ ဘယ်သူမှ မမြင်နိုင်သော ကံကိုအပြစ်တွေတင်နေတက်ကြလိမ့်မည်………………………။
တချို့လူတွေကျပြန်တော့ ကံကိုတော့အပြစ်မမြင်တက်ကြပေမယ့် မိမိကိုယ်ကို အပြစ်တွေတင်နေတက်ကြတာလဲရှိနေကြပေလိမ့်မည်……………။
ကံဆိုးသည်ဖြစ်စေ ကံကောင်းနေသည်ဖြစ်စေ လူတိုင်းလူတိုင်းသည် ဘယ်ကိစ္စကိုပဲ လုပ်ကိုင်ဆောင်ရွက်စေကာမှု ခက်ခဲခြင်း အဆင်မပြေခြင်း တွေကိုတော့ အနည်းနှင့်အများ ပြသနာလေးတွေကိုတော့ တွေ့ကြုံနေရမှာပါလေ………………။
အခက်အခဲဆိုတာရှိရင် လွယ်ကူးတဲ့အရာဆိုတာရှိစမြဲပါ…………………။
ပြသနာဆိုတာကို ကြုံတွေ့ပြီးသွားရင် အဆင်ပြေခြင်းဆိုတာကို တွေ့လာရဦးမှာပါ………………။
အဆိုးဆုံးတွေကို ကြုံတွေ့ခဲ့ပြီးရင်တော့ အကောင်းဆုံးတွေနဲ့ တွေ့ကြုံလာပါလိမ့်မယ်……………။
အဓိကအရေးကြီးဆုံး စကားလေးတစ်ခွန်းကတော့ အခွင့်အခါကြုံလာသောအချိန်တွင် အမိအရဖမ်းဆုပ်လိုက်ပါဟု စိတ်ထဲပေါ်လာတာတွေကို အဆင်ပြေသလိုလေး ပို့စ်တစ်ပုဒ်ဖြစ်အောင် ရေးချတင်ပြလိုက်ပါတယ်ခင်ဗျာ…………………။
ရေးသားတက်ပြလိုက်ပါသည်………………။
ကျေးဇူးတင်ပါတယ်ခင်ဗျာ
image
author:thura@thura
photo:cedit google images

Leave အပြစ်တင်မစောပါနဲ့ to:

Written by

Read more #esteemapp posts


Best Posts From သူရ

We have not curated any of thura's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From သူရ