Tho Hi avatar

SteemIt ပေါ်ကမတူညီတဲ့ ခံယူချက်

thohi

Published: 24 Jan 2018 › Updated: 24 Jan 2018SteemIt ပေါ်ကမတူညီတဲ့ ခံယူချက်

SteemIt ပေါ်ကမတူညီတဲ့ ခံယူချက်

ဒီ platform ပေါ် က မြန်မာတွေရဲ့ ဖွဲ့စည်းပုံ ခံယူချက် စတာတွေ စိတ်ဝင်စားမိလို့ လေ့လာကြည့်ဖြစ်ပါတယ် ။ စတွေ့တဲ့ အများဆုံး ကိစ္စက လူလိမ် ပြသနာ ပါပဲ ။
အခြေခံတဲ့ အကြောင်းအရင်းကလဲ လောဘတက်ကြတာက စတာပဲ။ အဖွဲ့တွေ ဖွဲ့ ၊ vote များအောင်လုပ် ၊ ငွေတွေလွှဲခိုင်း စတာတွေ ရှုပ်ကြတာပါပဲ။
တကယ်ဖြစ်သင့်တဲ့ ရိုးရှင်းတဲ့ ခံယူချက်က ကိုယ်စိတ်ဝင်စားတာ ကိုရေးပြီး ကိုယ့်ကြိုးစားမှု့ အတွက် စာရေးခ သဘောမျိုး နည်းနည်းပါးပါး ခံစားခွင့်ပြန်ရရင် အဆင်ပြေပါပြီ။ တခြား ဆိုရှယ် ပလက်ဖောင်း တွေမှာ အချိန်ကုန် ကြိုးစား ရေးထားတာတွေ ဒီအတိုင်း ပျောက်ကွယ်သွားမည့် အတူတူ ဒီမှာရေးပြီး တချိန် ကိုယ်လဲပြန်ဖတ်နိုင် တခြားသူလည်း ဗဟုသုတရ ၊ စာရေးတဲ့ အားထုတ်မှု့အတွက် ခံစားခွင့်လေးရရင် ကျေနပ်စရာပါ ။ ဒီမှာ ပြန်ခံစားရတဲ့ ရသလေးတွေက တချိန်က blog ခေတ်အတိုင်း ခံစားမိစေတာပါ။
ကိုယ်လည်း ဗဟုသုတရ ၊ တခြားသူတွေကိုလည်း ပြန်လည် မျှ ဝေတဲ့ ပုံစံအတိုင်း လောဘ မတက်ကြဘဲ အေးဆေး နှစ်ချီ ပြီး စာရေးသွားရင် အားလုံးအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင် တခုဖြစ်လာမှာပါ ။
အားလုံးပဲ ကျွန်တော့ ဆိုလိုရင်းကို သဘောကျပြီး လက်ခံနိုင်တယ် ဆိုရင် ဖတ်လို့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဗဟုသုတတွေ ရမယ်ဆိုတာ သေချာပါတယ် ။

Leave SteemIt ပေါ်ကမတူညီတဲ့ ခံယူချက် to:

Written by

Read more #myanmar posts


Best Posts From Tho Hi

We have not curated any of thohi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Tho Hi