နွေ
ဟေမာန်နှောင်းဆုံး
ဆန်းစ သစ်နွေ
ဝေလီ နံနက်
နှင်းမြူ ထပ်၏
နေ့ပူ ညချမ်းတပေါင်းလသရမ်း
ညည့်နက် ဘက်ခြမ်း
စောင်ထူ မဝေး
ချမ်းတုံသေ၏
ဧရာမြစ်တို့
သဲသောင် ထွန်းပေါါ်
ကိုတံငါတို့အဖို့
ပိုက်ချပျော်၏
ကိုင်းထဲကျွန်းပေါ်
ပဲခင်းတစ်မျှော်
ဖရဲသခွား
စိုက်လျက်များ၏
မုရင်းစိမ်းလဲ့
မြစ်ကျိုး အင်းပြတ်
ကျွဲနက် ဗျိုင်းဖြူ
လိုက်ဖက်လှ၏
ကောက်ကြီးသိမ်းတက်
ရိုးပြတ် လယ်ကွင်း
တောင်ရိုး နောက်ခံ
ငှက်တွေ ပျံ၏
ချောင်းရိုး မြောင်းကော
ရေလေး စပ်စပ်
ရွှံ့ဗွက် ရောယှက်
ပက်ကြား အပ်၏
ထန်းပင် ထန်းလက်
ရင်းတောင် ကိုဆွဲ
ချိတ်လျက်မြူအိုး
ထန်းရည်ချ၏
ပေါက်ပန် ပွင့်နီ
သရဖီက
လနှင့်လည်း ညှိ၏
ပင်ရိုးပြိုင်လည်း
လက်ပံပွင့်ရဲ
ဆရက်ငှက်တို့ နှင်းခြေ
ဖုတ်ဖြုတ်ကြွေ၏
ဥသြ သင်းကွဲ
တွန်သံနှော
ဖိုးခေါင်ငှက်အီ
စိတ်တွေလေ၏
လေရူး ဗွေဖောက်
လေဗွေ နှောက်လို့
ရော်ရွက်ဝါ ကြွေ
မြေခလေ၏
မြင်ကွင်း အုံ့ဆိုင်း
ကြည်လင် မမြင်
လွမ်းရ ဘယ်ဆီ
မတမ်းတ တက်ပြီ ။
အို.......နွေ။
Leave နွေ to:
Read more #fleeing posts
Best Posts From theingi
We have not curated any of theingi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.