steemyell avatar

ဝေးသွား​တော့မှ....

steemyell

Published: 04 Sept 2018 › Updated: 04 Sept 2018​ဝေးသွား​တော့မှ....

ဝေးသွား​တော့မှ....

တစ်​ချို့်​​သော ​မေတ္တာ​တွေက

အ​နေနီးချိန်​မသိသာ​ပေမယ့်

ဝေးသွား​တော့မှ အိပ်​​ပျော်​​နေတဲ့

နှလုံးသားက ရူးရူးမိုက်​မိုက်​ဖြစ်​ကျန်​​နေတတ်​တယ်​။



တစ်​ချို့်​​သော ​စေတနာ​တွေက

ပေး​နေချိန်​မှာ တန်​ဖိုးမသိ​ပေမယ့်

စေတနာ​တွေနဲ့ ​ဝေးသွား​တော့မှ

တသသဖြစ်​ကျန်​​နေတတ်​တယ်​။



တစ်​ချို့်​​သော နာကျည်းမှု​တွေက

နီး​နေချိန်​မှာ ​သွေးဆူ​နေတတ်​​ပေမယ့်

ဝေးသွား​တော့မှ ကိုယ်​တကယ်​ သူ့ကိုမမုန်းခဲ့မှန်း

နောင်​တ​တွေနဲ့ သိလာတတ်​တယ်​။



တစ်​ချို့​သော ​ပေးဆပ်​မှု​တွေက

ရ​နေတုန်း​တော့ တစ်​ဖက်​မှာ သိသိသာသာ

ကျေးဇူးတင်​ရ​ကောင်းမှန်းမသိ​ပေမယ့်

ဝေးသွား​တော့မှ တ​မြေ့​မြေ့နဲ့

လွမ်း​ဆွေးတမ်းတ​နေတတ်​တယ်​။



အ​နေနီးခြင်း​ဝေးခြင်းက

တစ်​ခါတစ်​ခါ လူသား​တွေရဲ့ နှလုံးသားကို

အကွာအ​ဝေးဖြစ်​​စေတတ်​ပြီး

အိပ်​​ပျော်​​နေတဲ့နှလုံးသားကို လန့်​နိုး​စေတတ်​သလို

သွေးပူ​နေတဲ့ နှလုံးသားကို ​အေးစက်​သွား​စေတတ်​တာ

သဘာဝတစ်​ခုလိုပါပဲ။

Leave ​ဝေးသွား​တော့မှ.... to:

Written by

Read more #never posts


Best Posts From steemyell

We have not curated any of steemyell's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From steemyell