steemngazun1 avatar

ပညာတန်ဖိုး

steemngazun1

Published: 06 May 2018 › Updated: 06 May 2018ပညာတန်ဖိုး

ပညာတန်ဖိုး

ပညာတတ် ဆိုတာ

ပညာတတ်ဆိုတာဘာလဲ ဆိုသောမေးခွန်းကို မဖြေမှီ၊ စာတတ်ပေတတ် (Literate person) ဆိုသည်ကို ပြန်လည် ဆန်းစစ်ဘို့လိုလိမ့်မည်ထင်သည်။ ကျွန်တော်တို့ နားလည်သိရှိထားသော သမားရိုးကျ အဓိပ္ပါယ်တို့ကို ဗြောင်းဆန်အောင် ပြိုနေသောကြောင့်ဖြစ်ပါသည်။
image
image
အရေးအဖတ်အတွက် “အသုံးလုံး” ကြေလျှင် စာတတ်ပေတတ်ဖြစ်ပြီဟု အကြမ်းအားဖြင့် ဆိုနိုင်ပါသည်။ မမှားပါ သို့သော်မမှန်တော့။ အရေးအဖတ် အတွက်အပြင် နောက်ထပ်လိုအပ်ချက်တွေ တစ်သီကြီးလိုက်လာသောကြောင့် ဖြစ်သည်။ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်တွင် မိခင်ဘာသာစကား တစ်ခုတည်းကိုသာ ရေးတတ်ဖတ်တတ်ရုံနှင့်စာတတ်ပြီဟု မခေါ်နိုင်တော့ပါ။
image
ကမ္ဘာသုံးဘာသာစကား (အထူးသဖြင့် အင်္ဂလိပ်စာ)တတ်ဖို့လိုပါသည်။ သို့မှသာ “ ကမ္ဘာ့အတိုင်းအတာ စာတတ်မြောက်ခြင်း (Global Literacy) ဟုခေါ်နိုင်ပါလိမ့်မည်။ ပြောရလျှင် ဤမျှနှင့်ပင်မလုံလောက်သေးပါ။ ကွန်ပျူတာနှင့်မောာင်း နေသော ပညာခေတ်တွင် ကွန်ပျူတာတတ်ဘို့ (Computer Literacy) လည်းလိုပါသည်။ ထို့ထက်မိမိ၏ လုပ်ငန်းဆောင်တာများကို ကွန်ပျူတာနှင့်ချိတ်ဆက်၍ အလုပ်လုပ်တတ်ရပါဦးမည်။ ဒစ်ဂျစ်တယ် စာတတ်မြောက်ခြင်း (Digital Literacy) ဟုခေါ်ပါသည်။
image
ဤအရာအားလုံး တတ်ပါမှ စာတတ်ပြီဟု ခေါ်နိုင်ပါလိမ့်မည် ။ ပညာတတ် တစ်ယောက်ဖြစ်ဖို့ ပထမဆုံးစာတတ်ရပါလိမ့်မည်။

ဆက်လက်၍ ပညာတတ်တို့၏ ဂုဏ်အင်ကို ဆက်လက်ဆန်းစစ်ကြည့် ပါမည်။

၁။ လွန်ခဲ့သော စက်မှုခေတ်မှာ “အထူးပြုလေ့လာကြရသောခေတ်” (Age of specialization) ဖြစ်သည်။ ပညာရပ်တစ်ခုခုကို အထူးပြုတတ်မြောက်ပြီဆိုလျှင်ပညာတတ် ဟုခေါ်နိုင်ပါသည်။ ယခုမလုံလောက်တော့ပါ။ ပညာခေတ်တွင် ပညာရပ်အသီးသီးမှာ မိမိဘာသာ ထီးထီးကြီးကျောက်ချရပ်တည်နေ၍မရတော့ပါ။ ပညာရပ်အားလုံး ဒွေးရောယှက်တင် ဆက်စပ်လာသည်။ ဥပမာ ဘောဂဗေဒတွင် သင်္ချာ (ခေးအော့သီအိုရီ) ပါလာသည်။ မနုဿဗေဒ တွင် ဇီဝဗေဒမှ D.N.A ပုံစံခွဲ ပညာရောလာသည်။ သမိုင်းမှာ ဓာတုဗေဒလာ ကာဗွန်သက်တမ်း တွက်ချက်နည်းနှင့် တွဲလာရသည်။ ဤအခင်းအကျင်းသစ်တွင် ပညာတတ်တစ်ယောက်မှာ မိမိကျွမ်းကျင်ရာ ပညာရပ်တစ်ခု နှင့်မလုံလောက်တော့ပါ။ ပညာရပ်အားလုံး၏ လောကအားလုံးသဘော (Universalization of Knowledge) ကို ဆုပ်မိကိုင်မိဘို့ လိုလာပါသည်။ ဤသည်မှာ ပထမလိုအပ်ချက် (တစ်နည်း) ပထမဂုဏ်အင် ဖြစ်ပါသည်။
image

Leave ပညာတန်ဖိုး to:

Written by

Read more #crytocurrency posts


Best Posts From steemngazun1

We have not curated any of steemngazun1's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From steemngazun1