ဘောလုံးသမားနည်းပြဘ၀ကပိုပြီး
ဝေးလ်စ်အသင်းနည်းပြအနေနဲ့ ပထမဆုံးကိုင်တွယ်ရမယ့် ပွဲစဉ်မတိုင်ခင်မှာ နည်းပြ ရိုင်ယန်ဂစ်က သူ့ရဲ့အလုပ်သစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကစားပေးခဲ့စဉ်ကထက်ပိုပြီးတော့ စိတ်လှုပ်ရှားစရာ ကောင်းကြောင်းပြောကြား လိုက်ပါတယ်။ ရိုင်ယန်ဂစ်ဟာ သူ့ရဲ့ နည်းပြဘ၀ ပထမဆုံးပွဲစဉ်အဖြစ် Guangxi Sports Center Stadium မှာ တရုတ်လက်ရွေးစင် အသင်းနဲ့ ယှဉ်ပြိုင်ကစားမှာလည်းဖြစ်ပါတယ်။ ဝေးလ်စ်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်ခွင့်နဲ့ လွဲချော်ခဲ့ရပြီးနောက် နည်းပြဟောင်း ခရစ်စ်ကိုးလ်မန်းကို ထုတ်ပယ်ခဲ့ပြီး ရိုင်ယန်ဂစ်က ဆက်လက်ကိုင်တွယ်ခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က နည်းပြမိုယက်စ် ထုတ်ပယ်ခံရစဉ်တုန်းက ရိုင်ယန်ဂစ်ဟာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ယာယီနည်းပြအဖြစ်ကိုင်တွယ်ခဲ့ဘူးပါတယ်။ ဒါပေမယ့် ယခု ဝေးလ်စ်နည်းပြအဖြစ်ကိုင်တွယ်တာဟာ သူ့အတွက် ပထမဆုံး အမြဲတမ်းနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ခြင်းလည်းဖြစ်ပါတယ်။ “ ကျွန်တော့်အတွက် ကစားသမားအဖြစ်နဲ့ ကစားတာထက်ကို ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ” လို့ ရိုင်ယန်ဂစ်က Sky Sports ကိုပြောပါတယ်။ “ ကစားသမားဘ၀တုန်းကတော့ ဒီလိုမျိုး စိတ်လှုပ်ရှားမှုတွေမရှိပါဘူး။ ဒါပေမယ့် နည်းပြတစ်ယောက် ဖြစ်လာတော့ လုံးဝကို ခြားနားသွားပါတယ်။ တွေးစရာတွေအများကြီးရှိလာတယ်။ ကစားသမားတစ်ဦး အနေနဲ့ကတော့ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်လည်းဖြစ်တယ်။ အသင်းနဲ့အတူ သေချာလိုက်လုပ်ရုံပဲ။ ဒါပေမယ့် နည်းပြဖြစ်လာတော့ အမြဲတမ်းတွေးနေရတယ်။ ဘာတွေများ မေ့နေသေးလဲ? ဘာတွေတိုး တက်နိုင်လဲ? စသဖြင့် အမြဲတမ်းတွေးတောနေရပါတယ်။
ကျွန်တော့်နည်းပြအဖွဲ့ဝင်တွေနဲ့အတူ ကောင်းနိုင်သမျှ အကောင်းဆုံးဖြစ်အောင်ပြင်ဆင်မယ်။ ဘာတွေအကောင်းဆုံးလုပ်ခဲ့လဲ။ ဘာတွေ ပိုပြီးတော့ကောင်းအောင်လုပ်နိုင်ဦးမလဲ တွက်ဆရပါတယ်။ ဒါကတော့ ကစားသမားဘ၀တုန်းကထက် ကွဲပြားမှုတွေပါပဲ။ ” လို့ ရိုင်ယန်ဂစ်ကပြောပါတယ်။ ရိုင်ယန်ဂစ်ကဆက်လက်ပြောကြားခဲ့ရာမှာ – “ အရေးကြီးဆုံးကတော့ နိုင်ပွဲတွေရဖို့ပါ။ ဒါပေမယ့် အခု လောလောဆယ်တော့ ကစားသမားဘ၀တုန်းကလိုဖြစ်နေတယ်။ ဆွဲဆောင်မှုရှိရှိနဲ့ ရသပေးစွမ်းနိုင် အောင် ကစားချင်တယ်။ ဒါပေမယ့် အခြေခံတွေကို အကောင်းဆုံး ကြိုးစားရပါဦးမယ်။ စိတ်ဓာတ်နဲ့ စုစည်းမှုအားကောင်းတဲ့အသင်းကို ဆက်ခံကိုင်တွယ်ရတာဖြစ်လို့ ကံကောင်းတယ်ပဲပြောရမယ်။
အောင်မြင်တဲ့အသင်းတစ်သင်းဖြစ်ဖို့အတွက် အသင်းစုစည်းမှုအားကောင်းရပါမယ်။ ” လို့ဆိုပါတယ်။ ဝေးလ်စ်အသင်းဟာ လက်ရှိ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ အဆင့် (၂၀)နေရာမှာရပ်တည် နေပြီး ရိုင်ယန်ဂစ်ရဲ့ ပထမဆုံးပြိုင်ဘက်အသင်းထက် (၄၅)ဆင့်ကွာဟနေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၀၆ ခုနှစ်က အီတလီအသင်းကို ကမ္ဘာ့ဖလား ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်ခဲ့ တဲ့ နည်းပြလစ်ပီက လက်ရှိချိန်မှာ တရုတ်အသင်းကို ကိုင်တွယ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ရိုင်ယန်ဂစ်အနေနဲ့ လျှော့တွက်လို့မရကြောင်းဆိုပါတယ်။ “ ပြင်ဆင်မှုအားကောင်းကောင်းလုပ်ထားပါတယ်။ ဒါပေမယ့် နည်းပြကောင်းတစ်ဦးကိုင်တွယ်တဲ့ တရုတ်အသင်းနဲ့ ကစားရမှာဖြစ်လို့ ခက်ခဲမှာပါ။ နည်းပြကြောင့်သာမကဘဲ တရုတ်အိမ်ကွင်းလည်း ဖြစ်နေပါတယ်။ သူတို့အသင်းကစားတဲ့ဗီဒီယိုတွေပြန်ကြည့်တော့ တရုတ်အသင်းက တိုက်စစ်အား ကောင်းကောင်းနဲ့ကစားတတ်တဲ့အသင်းဆိုတာကို သိထားပါတယ်။ ” လို့ ရိုင်ယန်ဂစ်ကပြောပါ တယ်။
Leave ဘောလုံးသမားနည်းပြဘ၀ကပိုပြီး to:
Read more #esteemapp posts
Best Posts From steemitlovess
We have not curated any of steemitlovess's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.