@steemhenry avatar

ဘယ်တော့မှ မတွေးလိုက်ပါနဲ

steemhenry

Published: 04 Sept 2018 › Updated: 04 Sept 2018ဘယ်တော့မှ မတွေးလိုက်ပါနဲ

ဘယ်တော့မှ မတွေးလိုက်ပါနဲ

ငါ ဒုက္ခရောက်နေတာကို အခြားသူက မကူညီရကောင်းလား

ဆိုပီး ဘယ်တော့မှ မတွေးလိုက်နဲ့။



ငါ ငွေလိုနေလို့ အခြားသူက မကူညီရကောင်းလားလို့

ဘယ်တော့မှ မတွေးလိုက်နဲ့ ။



ငါ လဲကျနေတာကို အမြင်မတော်တဲ့သူက မထူရကောင်းလားလို့

ဘယ်တော့မှ မတွေးလိုက်နဲ့။



ငါ မျက်ရည်ကျနေတာကို တကယ်ချစ်ပါတယ်ဆိုတဲ့ လူတွေက

မနှစ်သိမ့်သင့်ဘူးလားလို့ ဘယ်တော့မှ မတွေးလိုက်နဲ့။



ငါ အကောင်းဆုံးပေးဆပ်ခဲ့ပါလျက်နဲ့ ငါ့အလှည့်ကျတော့

ဘယ်သူမှ ပြန်မသိတတ်ပါလားလို့ ဘယ်တော့မှ မတွေးလိုက်ပါနဲ့။



ငါ ကတော့ လူတိုင်းကို စေတနာထားပါလျက်နဲ့

ငါ့ကိုကျတော့ ဘယ်သူကမှ ဖြည့်မတွေးပါလားလို့တွေးပြီး

ကိုယ့်ကိုယ်ကို မနှိပ်စက်မိစေနဲ့။



အဲ့လိုတွေးလိုက်တာနဲ့ သင့် အနာက ပျောက်သွားမှာမဟုတ်သလို

ပိုပိုပီး နာကျင်နေရပါလိမ့်မယ်။

လူသားတိုင်းမှာ သူ့အခက်အခဲနဲ့ သူရှိနေပီး သင်ကောင်းခဲ့သလို

သူတို့ပြန်ကောင်းဖို့ဆိုတာ မသေချာဘူးလေ။



သင် ကောင်းခဲ့တာတွေက သူတို့အတွက် အကူအညီအထောက်အပံ့

ဖြစ်ခဲ့ပေမယ့် သင့်ကိုပြန်ကူညီပေးပါ့မယ်လို့ သူတို့က သင့်ကို

ကတိမပေးခဲ့ဘူးလေ။



သူငယ်ချင်း....

သင့်ရဲ့ ကောင်းမွန်တဲ့စိတ်ကလေးကို ဆက်လက်ထိမ်းသိမ်းပြီး

သင်ကောင်းခဲ့တဲ့ အကြိမ်တစ်ရာကို သင့်ရဲ့ အဆိုးတစ်ကွက်ထဲနဲ့

အလကားမဖြစ်စေနဲ့နော်။



"ငါ တစ်ခုခု ဖြစ်ရင် ငါ့ရဲ့ ကယ်တင်ရှင်ဟာ ငါပဲ"လို့

အမြဲတမ်းတွေးပီး ဘဝကိုယုံကြည်မှူရှိရှိနဲ့ ဆက်လျှောက်ပါနော်။

Leave ဘယ်တော့မှ မတွေးလိုက်ပါနဲ to:

Written by

Read more #never posts


Best Posts From @steemhenry

We have not curated any of steemhenry's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From @steemhenry