SPLINTERLANDS စဆော့မည့်သူများအတွက်
မင်္ဂလာပါ ခု ကျွန်တော်ကတော့ ရှိသမျှ SPLINTERLANDS Monsters ကဒ်တွေ အကုန် ရောင်းစားပြီးပြီဆိုတော့ ခုမှစ အသစ်ဆော့နေရသလိုပါဘဲ ။ ခုအချိန် အသစ်စဆော့ကြတဲ့သူတွေလဲ များလာကြတဲ့ အချိန်ဖြစ်ပြီး ဆော့ရတာ ခက်ခဲနေပါလိမ့်မည် ။ ယခင်ကထက်ခက်ခဲသည်မှာ မှန်သော်လည်း များစွာခက်ခဲလွန်းလှသည်တော့ မဟုတ်ပါ ။ အချို့မှာ အလွန်ခက်ခဲသည်ထင်ကာ လက်လျှော့သွားမည် စိုးသောကြောင့် SPLINTERLANDS နှင့် ပတ်သက်သည့်အရာများကို နည်းနည်းချင်း ပြောပြပေးချင်ပါသည် ။ ပြောပြပေးမည် ဖြစ်သော်လည်း ကျွန်တော်ကိုယ်တိုင်မှာလည်း Pro Player မဟုတ်သည့် အပြင် ရှိသမျှ အကုန်ကို MMK 2,000,000 ကျော်လောက်နဲ့ရောင်းစားပြီး ယခုမှ ပြန်စဆော့နေရသော လူသစ်သဖွယ်ဖြစ်တာကြောင့် အတူတူ အားမလျှော့ဘဲ ခုကစ ဆော့ ကြရအောင် ။
Hive Posting Key နဲ့ splinterlands သို့ ဝင်ရောက်ပြီး Spell book ဝယ်ပြီး စတင်ရသည်ကိုတော့ Hive မှဆရာများအတွက် အထူးပြောပြစရာ လိုမည်မထင်ပါ ။ ထို့နောက် နေ့စည် Quest လေးတွေပေးထားတာရှိပါသည် ။ ဒီနေ့ ကျွန်တော့ Quest ကတော့ Sneak Queat ပါ။
တစ်နေ့မှာ Quest တစ်ခု ပြီးဖို့ရန်အတွက် ငါးပွဲတော့ အနည်းဆုံးနိုင်အောင်ဆော့ပေးရပါမည် ။ အကယ်၍ Natural Quest ဖြစ်မယ်ဆိုလျှင်တော့ သုံးပွဲနိုင်ရုံဖြင့်ရပါမည် ။ Water Quest ဆိုလျှင် water summoners / Fire Quest ဆိုလျှင် Fire Summoners အစရှိသည်ကတော့ ရှင်းပါသည် နောက်များမှာ Summoners များအကြောင်း ပြန်တင်ပေးပါမည်(ရေးစရာ ရတာပေါ့ ) ။ ယခု ကျွန်တော်က Sneak Queat ဆိုတော့ Sneak abilities ရှိတဲ့ Monster အနည်းဆုံးတစ်ကောင်ပါဝင်ပြီး နိုင်အောင်ဆော့ပေးရပါမည် ။သူက Melee ဖြစ်နေလျှင်တောင် အနောက်ကနေပြီးတိုက်ခိုက်နိုင်ပါသည် ။ Enermy Monsters ကို ရှေ့ဆုံးကကောင်ထက် နောက်ကကောင်ကို တိုက်ပါတယ် တစ်ကယ်လို့ သူက ရှေ့ဆုံးမဟုတ်ရင်ပေါ့ ။
ခု Sneak တစ်ကောင်နဲ့ ဥပမာပြထားပါတယ် video တော့မယူထားလိုက်ပါဘူး ကျွန်တော့အတွက် ခက်လို့ပါ ။ တစ်ရက်ကို Quest တစ်ခု ပြီးလျှင် ဆော့စအကောင့်များ အနေဖြင့် Loot chest တစ်ခုရပါတယ် ။
ကျှန်တော်တော့ ဒီနေ့အဆင်မပြေလိုက်ဖူး ။ နောက်နေ့အဆင်ပြေမှာပါ ။ ကိုယ်ကခုမှ တစ်ခုရတယ်ဆိုပေမဲ့ စိတ်မပျက်ပါနဲ့နော် တစ်ရက် ကို ငါးပွဲလောက်တော့ နိုင်အောင်ဆော့သင့်ပါတယ် ။ နောက်နေ့တွေမှာ ထပ်ပြီး Splinterlands game အကြောင်းလေးတွေ တင်ပေးပါဦးမယ် ။ သိချင်တာလေးတွေ ရှိလျှင်လဲ comment မှာမေးခဲ့ကြလို့ရပါတယ် သိသလောက်ကတော့ ပြောပြပေးပါမယ် ။ အဖိုးတန်ကဒ်များအပြင် DEC တွေ SPS တွေနဲ့ အခြားအရာများစွာကိုပိုင်ဆိုင်နိုင်ကြပါစေ ။
Leave SPLINTERLANDS စဆော့မည့်သူများအတွက် to:
Read more #proofofbrain posts
Best Posts From smartdealear
We have not curated any of smartdealear's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From smartdealear
- Want to play Splinterlands again
- Sell BOOGEYMAN splinterlands
- Summoners and Monsters Levels များ
- RULES OF COMBAT များအကြောင်း
- SPLINTERLANDS စဆော့မည့်သူများအတွက်
- I Get Lease Some Cards
- 6/2021 Season will be end
- What is Sps and how to get ? Questions
- 27/6/2021 My Splinterlands rewards
- 26/6/2021 splinterlands rewards @smartdealear