Shinn Thant avatar

ကြိုးပြန်တပ်ပေးပါ။

shinnthant

Published: 18 Apr 2019 › Updated: 18 Apr 2019ကြိုးပြန်တပ်ပေးပါ။

ကြိုးပြန်တပ်ပေးပါ။

ကြိုးမဲ့နွား

image

ကျနော်က အသက် ၅နှစ်သား သာမန်နွား
တကောင်ပေါ့ဗျာ။နဲနဲထူးတာက တခြား
နွားတေလို နဖားကြိုးတပ်ထား တာမဟုတ်
တဲ့ကြိုးမဲ့နွား တကောင်ပေါ့၊

ဖြစ်ပုံက ဒီလိုဗျ
ကျနော့်အသက် ၂နှစ်ခွဲလောက်တုန်းက ဒီလို
သကြန် အချိန်မှာပဲ ခြံထဲက ခလေးတသိုက်က ကျနော့ ကိုယ်မှာ အလှပ
တေဆင် ချိုမှာ အောင်သပြေစည်းလို့
ရွာထဲကို ရေ ကစားထွက်ခဲ့တယ် ကျနော်လဲ
ပျော်ခဲ့ဖူးတာပေါ့ အတာရယ်..

ုညနေ ခြံပြန်ရောက်တော့ ငြီးစီစီကြီး ဖြစ်နေတာနဲ့ ခဏနားနေတုန်း ငယ်ထိပ်က
ကျင်ကနဲခံစားမှုကြောင့် မျက်လုံးဖွင့်ကြည့်
လိုက်တော့ ခဲတလုံးကိုင်ပီး မညှာမတာထု
နေတဲ့လူတယောက်...ကျနော်လည်းစိတ်ပါက်ပေါက်နဲ့ ပြေးတိုက်ပလိုက်တယ်..

ချိုနဲ့လား...မလုပ်ရဲပါဘူးဗျာ လူတယောက်ကို
ထိခိုက်ဒါဏ်ရာ ရအောင် လုပ်ရင်ကျနော်
ဂျေးထဲအောင်း...အဲ ဒိုင်ရောက်သွားမှာပေါ့ 😃
အဲ့အချိန်မှာပဲ နောက်ကနေ တင်ပါးကိုမညှာတမ်း လာရိုက်နေတဲ့ လူတယောက် ကိုလည်း ဘယ်ခွာနဲ့ နောက်
ပေါက် တလုံးကြွေးလိုက်တယ်..ထိမထိတော့
မသိလိုက်ဘူး သူတို့်တော့ ထွက်သွားကြတယ်။
ညကျတော့ ဘေးတင်းကုတ်က စကားသံ သဲ့သဲ့
ကြားရတယ်..ညနေကလူ ၂ယောက်က
သခင့်ရဲ့ အမျိုးတေတဲ့.....သွားပြီ..ဒီခြံထဲနေပီး
သခင့်ရဲ့ အမျိုးတေနဲ့မှ ပြဿနာ တက်မိတဲ့
ကျနော့လိုနွား တကောင်အတွက်တော့ မိုးပြို
ပီပေါ့..

မနက်လင်းအောင် တထိတ်ထိတ်နဲ့ စောင့်နေ
မိတယ်..တခြားခြံကိုထွက်ပြေးဖို့ကလဲ မသွား
ဖူးတာရယ် ထွက်ပြေးလောက်တဲ့အကြောင်း
မယ်မယ်ရရ မရှိတာရယ်ကြောင့် ဒိတိုင်းလေး
ပဲ..စောင့်နေမိတယ်၊
သိတယ်လေ..ကျနော်ကဒီခြံမှာမွေး
ဒီခြံမှာကြီးခဲ့တာပဲ ဒီခြံအကြောင်းမသိဘဲနေမလား...

မနက်တော့..သူတို့ရောက်လာတယ်
ကျနော့ကို မဆူဘူး..ရိုက်လဲမရိုက်ဘူး
ကျနော့ နဖားကြိုး တေအကုန် ဖြုတ်ပစ်
လိုက်ကြတယ်...
ပီးတော့.. ထမ်းပိုး ကို ကျနော့ ပုခုံးပေါ်တင်
သံကြိုး၂ချောင်းနဲ့ အသေ သော့ခတ်ပီး
ထွက်သွားကြတယ်...(ဘာလဲ..ဟ ၊ပေါ့)

အဲ့မှာ စတွေ့တာ ပဲ :'( :'( :'(
သခင် ခရီးသွားရင် ကျနော့ လှည်းပေါ်တက်
တယ်
'ဟဲ့' တချက်မမောင်းဘူး ကြိမ်နဲ့တို့
တယ် "ဖြန်း"...

ထားပါလေဒါ..လုပ်ရိုးလုပ်စဉ်ပဲ....

ရှေ့မှာ လမ်းဆုံတခု...ဘယ်လမ်းကိုဝင်ရမလဲ
ကျနော် ရပ်ပီးစဉ်းစားလိုက်တယ်.."ဖြန်း"
အယ်..ညာဘက်လမ်းကိုဝင်မယ်.."ဖြန်း"
ဟ...မဟုတ်သေးဘူး ဘယ်ဘက်လမ်း ဝင်မှ..

ကြိမ်သံမကြားရ...ဪ..သူကဘယ်ဘက်
သွားချင်တာကိုး....

ဟာ...သွားပြီ..သွားပြီ..ရေအိုးလေးကွဲသွားတာ တော့ မဟုတ် 😃
ရှေ့မှာ လမ်းလေးခွဆုံကြီးဗျ :'( ကျနော်မရပ်
တော့ဘူး...ရှေ့တည့်တည့်တူရူကိုဝင်လိုက်
တယ်.."ဖြန်း"
မဟုတ်သေးဘူး...ညာဘက်ဝင်လိုက်တယ်..

ကြိမ်သံမကြားရ....ဟုတ်သွားပီ
ခံရတဲ့ဘဝတောင် ခေါင်းလေးသုံးတော့ နဲနဲ
သက်သာတာပေါ့ =D

လမ်းမှာ ခဏနားတော့ ကျနော်လည်း ဝမ်း
နဲနဲဟာလာတာနဲ့ မျက်ခင်းစိမ်းလေးဘက်
တိုးလိုက်တယ်"ဖြန်း"

ဟာ..ကောက်ရိုးပဲ စားမယ်ကွာ..
သခင် ခင်းထိုင်နေတဲ့ ကောက်ရိုး နဲနဲလှမ်း ဆွဲ
လိုက်တယ်"ဖြန်း"

ကဲ...ကိုင်းရွက်ကြမ်းတေပဲစားတော့မယ်...

ကြိမ်သံမကြား.......

ဪ..စေတနာဆိုးလိုက်တဲ့ သခင်"ဖြန်း"

ဟာ..အလကားနေ အလကား ရိုက်နေတယ်
ငါ--သခင်.."ဖြန်း""ဖြန်း""ဖြန်း"

ဟိုက်..သခင်က နွားစကားတတ်နေတာလား
ဒါမှမဟုတ် ဘာလား.......??
ကိုယ်ကြုံနေတာ ဘာမှန်းမသိအောင်ကို
ချာချာလည်သွားခဲ့၏၊

တနေ့တော့ ကျနော့လည်ပင်းကြီးတခုလုံး
တင်းတင်းကြီးဖြစ်နေတယ်..သခင်ရဲ့ ပြောသံကြားရတာ တော့..ဒီကောင်လည်ထ
နေတယ် ဆိုလားပဲ..
ညနေ အစာစားတော့ ကျနော် နီနီချောချော
နီမ အနား ရစ်သီရစ်သီ လုပ်နေမိတယ် နီမ
ကလည်း နားလည်တဲ့ အကြည့်လေးနဲ့ပေါ့
ပျော်လိုက်တာဗျာ မနက်ဖြန်ကျရင် နီမ သိ
အောင်ပြောလိုက်တော့မယ်...

မနက်မိုးလင်းကတည်းက နီမကိုကျနော်
တခြံလုံး အနှံ့ရှာတယ်...အရိပ်တောင်မတွေ့ရ.
တခြားနွား(ကြိုးတပ်နွား)တေကို မေးကြည့်ဖို့
ကလဲ သူတို့က ကျနော့လိုကြိုးမဲ့နွား တကောင်ကို မခေါ်ရဲ..မပြောရဲ-မခေါ်ချင်..မပြောချင်တာလားမသိ ငူတူတူ
စိုင်တိုင်တိုင် နဲ့..
တတ်နိုင်ပါဘူးလေ..နားစွင့်နေရုံမှတပါးခြားမရှိတော့..

နွားတစု ဖြတ်လျောက်သွားရင်း စကားတေအကျယ်ကြီးပြောသွားကြတယ်..
ဘာတဲ့...နီမကို တခြားခြံရောင်းမယ်ဆိုပီး
သခင်တေ မနက်အစောကြီး လာဆွဲသွားကြ
တယ်တဲ့..
ရက်စက်လိုက်ကြတာဗျာ..ကျနော့မကြိုက်
ကျနော့ အရေးယူပေါ့.. ဘာလို့ မဆိုင်တဲ့သူ
ကို.. :'( :'( :'(
တိုက်ဆိုင်တယ်ပြောပြော ဆိုင်တိုက်တယ်
ဆိုဆို ကျနော့မျှော်လင့်ချက် မှန်သမျှတော့
မီးလောင်သွားတာ ချည်းပဲ :(

ဒီနေ့တော့ အခက်ခဲလေးနဲနဲရှိတယ်..
လယ်ထွန်ရမယ်လေ ပုံမှန်က နွား၂ကောင်
ဆွဲရမယ့်ထွန်ကို ကျနော်ကတကောင်ထဲ ဆွဲရမှာ ......

ထွန်ကြီးကလေးလိုက်တာဗျာ..တတောင်လောက် ရောက်ဖို့ မနဲရုန်းနေရတယ်..၊
အသာလေးလှည့်ကြည့်လိုက်တော့..လား..လား..
ထွန်သွားကြီးကတအားစိုက်နေတာကိုး..
ဒါနဲ့ ကျနော်လည်း လည်လေးမော့ ပုခုံးလေး
အသာပင့်ပီး ဆွဲလိုက်တော့ အနေထားမှန်
သွားတဲ့ထွန်သွားက မြေသားကိုလျှောကနဲ
ခွဲလာတာ မြေစိုင်တေ တဖွားဖွားပေါ့...
"ဖြန်း""ဖြန်း""ဖြန်း"

ဘာလဲဟ...အံ့သြနေတုန်း သခင်ပြောသွား
တာက
"နွားဖြစ်ပီး ခေါင်းလာသုံးမနေနဲ့ မင်းထက်ပိုတတ်တယ်ကွ"တဲ့...
ဟုတ်မှာပါ..သူက သခင်ပဲကိုး :'(

ညအိပ်ရတာ အဆင်မပြေတော့ဘူး...
သခင်က ၃နာရီခြား တခါလာ ရိုက် နေတာ
ထက် တင်းကုတ်ထဲက အတူနေနွား(ကြိုးပါ)
များရဲ့ ငြူစူစောင်းမြောင်းတာကို မခံနိုင်တော့
ဘူး ပြောင်းမယ် (ကျနော်ထွက်သွားတော့မှာပါ 😃 )

ဒီတင်းကုတ်လေးက ကောင်းတယ် တိုက်က
လေးဆိုတော့ အပူအေးမျှတယ် ဒီမှာနေမှ..
"ဖြန်း"

အယ်...ဟိုဘက်က ပျဉ်ထောင် လေးလည်း
အဆင်ပြေတယ်..ရေနဲ့နီးတယ်..
"ဖြန်း"

မဟုတ်သေးပါဘူး..ဟို..ခြံထောင့်စွန်းက ပြိုလု
နီး ဝါးတင်းကုတ်ပဲ နေတော့မယ် အရိပ်အာဝါသ က စွန်းကောင်း......
!!!
ရပီ ဒီမှာပဲနေမယ် နေ့ခင်းဆို အေးနေမှာပဲ
ကုက္ကိုပင် ကြီးတေနဲ့ :)

အဟွတ်.....အဟွတ်
သခင်တောင် ခြင်မီးလာထည့်ပေးနေမှကိုး
မိုးချုပ်တော့မှာပေါ့...
အဟွတ်...မဟုတ်သေးပါဘူး သခင် ခြင်မီး
ထည့်နေတာက..နောက်ချေးချပ်နဲ့ နနွင်းမှုန့်
မှ မဟုတ်တာ.. ကားတိုင်ယာ တေပဲ..အဟွတ်
အဟွတ်..သေပါပီကွာ...

ဒုံ...ဒုံ...ဒုံ
ဪ..ဘုန်းကြီး ကျောင်းက တုံး ခေါက်ပီပဲ
အရုံလာပြီပေါ့ မင်ဂလာရှိလိုက်တာ....တဆက်တည်းကြားလိုက်ရတာက..ဝူး...ဝူး...ဒီ..ဒီ...ဗြစ်...ဗြစ်
ဗြစ်.....ဝုန်း....

ဟ' ဘာတေတုန်းဟ???

သခင့်အသံ အကျယ်ရီး
ကြားလိုက်ရတယ်
"အခုက နွေရာသီ ဆိုပေမယ့်၊ မကြာမီ မိုးကျ လာမှာ..လေဦးမိုးဦးနဲ့သစ်ကိုင်းတေ ကျိုး ကျ
ရင်.. အောက်ကကောင်ကြီး(ကျနော်)ကို ပိပ
စိုးလို့ အရင်းက လှဲပစ်ဟ "တဲ့....

ပူပြီပေါ့ဗျာ အာဝါသ မရှိတဲ့ နေပူကွင်း က တင်းကုတ်လေးမှာ...တနွေလုံး

:'( :'( :'(

ကောင်းလိုက်တဲ့ စေတနာ သခင်
ရယ်..ဘာဆုကို ချီးမြင့်ရမလဲကိုမသိတော့
တာ =D

သီးခံ...သားရီး...သီးခံ မင်း....ကျောင်းတွေက
ကြားနာ နေရတဲ့တရား တေနဲ့ ဧချမ်းအောင်
ဖြေပေါ့ကွား.....

ဟုတ်ကဲ့ပါ သီးလည်း ခံပါတယ် မသီးလည်း
ခံပါတယ်ဗျာ ကျနော်က နွားတကောင်လေ
ဘာတတ်နိုင်မှာမို့လဲ

သခင့် ကိုတောင်းဆိုခွင့် ရှိရင် ကျနော် တခု
လောက်တောင်းဆိုချင်ပါတယ်....
ဘေးမဲ့ပေးတဲ့နွားတွေလို...တောထဲက သဘာဝ ဒီမိုနွား တေလို ဘဝမျိုး ရဖို့ အကြီးရီး
မတောင်းဆိုရဲပါဘူး.....ဖြစ်နိုင်ရင်လေ........

ဖြစ်နိုင်ရင်

"နဖားကြိုးလေး ပြန်ထိုးပေးပါ သခင်ရယ်..."

image
လို့.....

Leave ကြိုးပြန်တပ်ပေးပါ။ to:

Written by

Read more #steemit posts


Best Posts From Shinn Thant

We have not curated any of shinnthant's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Shinn Thant