"Web Design HTML Lesson 1"
Web Design ဘာသာရပ် မှာ
1.HTML/HTML5
2.CSS/CSS3
3.JAVASCRIPT
4.JQUERY
5.BOOTSTRAP
သာသာရပ် ၅မျိုးရှိပါတယ် အဲ့ခုကျွန်တော် ပြပေးမဲ့ ဘာသာရပ်က HTML Language ဘာသာရပ်ကို ပထမဦးဆုံးသင်ကြားပေးပါမယ်
HTML ဆိုတာဘာလည်း
HTML Language ဟာ web ဆိုဒ်ရေးရာ မဖြစ်မနေ လေ့လာရတဲ့ ဘာသာရပ်တစ်ခု ဖြစ်ပါတယ်
HTML ဆိုတာ Hyper Text Markup Language လို့အရှည်ကောင့်ဆိုပါတယ်
HTML Tag တွေကို ဖတ်ပေးတဲ့ Internet Browser Explorer , Firefox , Chrome , Opera , Safari အစရှိတဲ့Browser တို့ပဲဖြစ်ပါတယ်
HTML သမိုင်း
1989 ခုနှစ်က Tim Berners Lee နဲ့ Rober Calliau ဟာ Research Document တွေကို ပိုမိုမြန်ဆန်ကောင်းမွန်မယ့်
နည်းလမ်းကောင်းတွေကို ရှာဖွေခဲ့ပါတယ်။ ၂ နှစ်လောက်ကြာတော့ Berners Lee ဟာ browser တွေက
ကြည့်ရှုဖတ်သားနိုင်တဲ့ tag များနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ နည်းပညာကို ပြုလုပ်နိုင်ခဲ့ပါတယ်။
အဲဒီ tag တွေထဲမှာ Hyper-Link နဲ့ document တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နိုင်တဲ့ tag တွေကိုပါ ထည့်သွင်းနိုင်ခဲ့ပါတယ်။
Berners Lee ရဲ့ နည်းပညာကတော့ Hyper Text Markup Language ဆိုတဲ့ HTML ပါပဲ
HTML ကို Tag တွေနဲ့ဖွဲ့စည်းထာတာဖြစ်တဲ့အတွက်ကြောင့် Tag အကြောင်းကိုလေ့လာကြည့်ရအောင်
Tag ဆိုတာဘာလည်း
Tag ဆိုတာကတော့ ပုံမှန် စာသားတွေနဲ့ HTML code တွေကို ခွဲခြား လို့ရအောင် လုပ်ထားပေးတယ်လို့ အလွယ်ဆိုလို့ရပါတယ်။
ဥပမာ။ This is bold ကို browser မှာ ကြည့်ရင် စာလုံးက bold ဖြစ်နေပါမယ်။
က အဖွင့်ဖြစ်ပြီး ကတော့ အပိတ်ပါ။
ပုံမှန် အားဖြင့် tag တွေက အဖွင့်နဲ့ အပိတ်ပါပါတယ်။ အပိတ်တွေကတော့ / လေးနဲ့ ဆုံးပါတယ်။
HTML ရေးဖို့ အတွက် Editor
HTML အတွက် Editor တွေ IDE တွေအများကြီး ရှိပါတယ်။ Mac OSX မှာ Text Mate ကို အသုံးပြုနိုင်ပါတယ်။
စတင်လေ့လာတဲ့ သူတွေ အနေနဲ့ notepad , notepad++ , sublime text လိုမျိုး editor တွေကို အသုံးပြုနိုင်ပါတယ်
ကျွန်တော်လက်ရှိသုံးနေတာကတော့ Visual Studio Code ဆိုတဲ့ IDE ကိုသုံးပါတယ်
ကျေးဇူတင်ပါတယ် Lesson 2 သင်ခန်စာကိုလည်းဆက်လက်ရေးသား သွားပါမယ်
https://steemit.com/@seinwinoo
တွင်သင်ခန်းစာများကိုလာရောက် လေ့လာနိုင်ပါတယ်
Vote ပေးမို့လည်းမမေ့ပါနဲ့နော် မသိတာရှိ comment ပေး၍မေးမြန်းနိုင်ပါတယ်
Leave "Web Design HTML Lesson 1" to:
Read more #webdesign posts
Best Posts From Sein Win Oo
We have not curated any of seinwinoo's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.