Original version
လူတွေရဲ့ ရင့်ကျက်မှုဆိုတာ ဘယ်လို ပုံသဏ္ဏာန်ရှိလဲ
ကျွန်တော် မသိဘူး....
ကျွန်တော် Technic ကတော့
စၾကာၤဝဠာ တစ္ခုလုံးမွာ
ကျနော်ဟာ သိမ်းနုပ်လွန်းတဲ့ အမှုန်စလေးတစ်ခုဆိုတာ
နားလည်ြ်ပီးတဲ့နောက်ပိုင်း
ကျနော်ရဲ့ အတွင်းမသိစိတ် သိစိတ်နစ်ခုလုံးမှာ ဘာမှ မကျန်ခဲ့တော့ဘူး.....
ကျနော်အတွေးတွေ
ကျနော်ရဲ့ ပတ်ဝန်ကျင်
ကျနော်အမြင်အားလုံးဟာ ဗလာနတ္တိ ဖြစ်သွားခဲ့တယ်။
လူတွေဟာ ကိုယ့်ကိုကိုယ် အချစ်ဆုံးဆိုတဲ့
အဆိုအရ ဆို ကျနော်ကိုယ်ကျနော်တောင်
သိပ် လေးလေးနက်နက် အရေးပါးတယ်လို့ မတွေးမိတဲ့
အချိန်ကစပြီး ကျနော် ဘာကိုမှ အဆန်းတကျယ်မရှိတော့တာပဲ....။
ဥပမာ- ခင်ဗျာနားလည်အောင် ပြေားရရင်....
ရေဟာ ရွှေခွက်ထဲမှာပဲ ရှိရှိ ငွေခွက်ထဲမှာပဲရှိရှိ
ဝါးကျဉ်တောက်ထဲမှာပဲ ရှိရှိ
ကျနော်အတွက်တော့ ပုံသဏ္ဏာန်မည်သို့ပဲ လှည့်စားထားပါစေ
ရေ ကိုသာ ကျနော် တည့်တည့်မြင်တယ်။
ပြီးတော့ ချယ်သပုံဖော်ထားတဲ့ ဒီရေကနေပဲ
သဏ္ဏာန် ခြားနားစွာ ထွက်ပေါ်လာတဲ့
Alcohol ဖြစ်ဖြစ် အချိုရည်ဖြစ်ဖြစ် ရေသန့်ပဲဖြစ်ဖြစ်
ဒီ ရုပ်ဝါဒီ တွေကို ကျနော် မမြင်ဘူး
ကျနော်မြင်တာ မူလအစ ရေ ဆိုတဲ့ အရာကိုပဲ....။
တချို့ရေတွေက မူးတယ်
တချို့ ရေတွေက ချိုတယ်
တချို့ ရေတွေက ဆေးဖြစ်တယ်
တချို့ရေတွေက ဘေးဖြစ်တယ်.
ဒါဆို ကျနော်ရဲ့ လူ လောကအပေါ်
လူ့ အသိုင်းအဝိုင်း အပေါ် ခံစားမိတဲ့ psychoကို
ခင်ဗျာ နားလည် ပြီလို့ထင်ပါတယ်....။
......
ညံ့တာ/တော်တာ/ အောင်မြင်တာ/ထူးချွန်တာ/ရှူံးနိမ့်တာ
လှတာ ရုပ်ဆိုးတာ ယုတ်မာတာတွေကအစ ကျနော်မှာ
Version ပဲ ရှိတယ် Sense မရှိဘူး...
လူအများစုရဲ့ စိတ် နဲ့်အပြေားအဆို တွေဟာ
ထက်အောက်ရာထူးတွေ
ဆင်းရဲချမ်းသာတွေ
မိန်းမ ယောကျာင်္းဆိုတဲ့ colour တွေကို ပိုင်းခြားပြီး
ဆက်ဆံ နေထိုင်သွားတဲ့ လူတွေကိုပဲ ခင်ဗျာ ဘဝ
တစ်ရှောက်လုံးတွေ့ရမှာပါ.....။
ဒါဟာ အမှားတခုလို့ ကျနော် မပြေားဘူးနော်
သရုပ်မှန်နေထိုင်မှု တခုအကြောင်းကို ကျနော် ဝေဖန်ပြတာ
လူ့တစ်ယောက်ဖြစ်တည် လာရင်
လူ့ပတ်ဝန်ကျင်မှာ
လိုက်လျောညီထွေစွာ နေထိုင်နိင်ခြင်းက
ကောင်းပါတယ်....။ဘဝမှာအောင်မြင်ဖို့လဲများသလို
မိတ်ဆွေလဲများတယ် လောကအကျိုးလဲဖြစ်ထွန်းမယ်။
တည်ငြိမ်မှုလဲရှိမယ်။
..................
ဟုတ်တယ်.....ကျနော်ရဲ့ အတွေးကို ဆက်ရရင်
ကျနော် ဘဝနေထိုင်နည်းက ရှင်းပါတယ်....
လူတွေကို လူလို့ပဲ ကျနော် သက်မှတ်ထားတယ်.
မဟုတ်သေးဘူးဗျ...သက်မှတ်တယ်ဆိုတာက
ခံစားချက်တခုရိုသွင်း ပုံနိပ်မှု ဆန်နေတယ်.
ကျနော် သက်မှတ်တာမဟုတ်ပါဘူး. ကျနော်မြင်တာလို့ပဲ
ဆိုချင်တယ်။
သမ္မတနဲ့ သူတောင်းစားလဲ ကျနော် လူလို့ပဲ မြင်တယ်.
တပ်မက်ဖွယ်ကောင်းပါတယ်ဆိုတဲ
မိန်းမတို့်ကိုလဲ လှတာရုပ်ဆိုးတာ
ဆွဲးမက်ဖွယ်ကောင်းတာတွေကျနော်ခံစားလို့မရဘူး
ကျနော် အားလုံကို မိန်းမတစ်ယောက်အနေနဲ့ပဲ မြင်တယ်.
ဒါဟာ ကျနော် မိန်းမတွေကို မခံစားတတ်ပါဘူးလို့
ပြေားတာမျိုး မဟုတ်ဘူးနော်....
ကျနော် အတွက် ဘယ်မိန်းမ မဆို ထူးထူးခြားခြား
တပ်မက်တဲ့ feeling မျိုး ဖြစ်မသွားတာကို ကျနော် ဆိုလိုတာ.
မိန်းမဟာ မိန်းမပဲ... တပ်မက်စရာ ကောက်ကြောင်းတွေအမျိုးမျိုးရှိနေတယ်။မြင်သ မျှလိုက်ခံစားနေတာမျိုဟာ... ကျနော် ""ဘယ်စကားလုံးမျိုးနဲ့ပြေားရမလဲ ကျနော် မပြေားတတ်ဘူး"
ဒါမဲ့ ကျနော် သဘေားအရတော့.......
ကျနော် ပကတိသဘေားတရားဖြစ်တဲ့
ရေကို သာ မြင်ပါတယ်။ပြောင်းလဲ နေတဲ့ ခွက်ရဲ့ မာယာကို
ကျနော် မကြည့်မိဘူး။စက္ကန့်ပိုင်းလောက် သာယာမိရင်လဲ
ကျနော် အဓိပ္ပါယ်မဲ့နေတဲ့ ခံစားချက်ကိုထည့်မိသလို
အပြစ်ရှိသလို ခံစားရတယ်။ကျနော်သုံသပ်ပြီး ဒီခံစားချက်ကို
ခန အတွင်း ပြန်သတိဝင်လာပြီး ပြန်ထိန်းသွားတယ်။
ဒါက ကျနော်ရဲ့စိတ်ကို စင်ကြယ်အောင် လုပ်ဖို့ဆိုတဲ့ရည်ရွယ်ချက်မျိုးနဲ့ ကျနော် သူတော်စင်တစ်ယောက် ဖြစ်အောင်
ချုပ်တည်းကျင့်ကြံနေတယ်လို့ မထင်စေချင်ဘူး။
ကျနော်မှာ လောကခံယူချက်မရှိဘူး။
ယုံကြည်ရာလဲ မရှိဘူး။
ငါ ဘယ်လိုနေမယ်ဆိုတဲ့ သဘေားလဲ မရှိဘူး
..........
ကျနော်သိတာကတော့ စကြွာဝဋ္ဌာထဲမှာ ကျနော်မသိတဲ့အရာတွေ
အများကြီးရှိတယ်ဆိုတဲ့အချက်နဲ့ ကျနော် မသိတာကတော ကျနော့်ပိုင်ဆိုင်တဲ့ ဒီဦးနောက်ဟာ ဘယ်လောက်အထိ စူးစမ်းနိင်မလဲ ဆိုတဲ့ အချက်ကိုပဲ.... ။
ရင့်ကျက်မှုဆိုတဲ့ အဓိပ္ပါယ်ကို
ခင်ဗျာနားလည်အောင် စကားလုံးတွေနဲ့ ဘောင်ခတ်ပြေားခဲ့ပေမဲ့...
ကျနော် ဘောင်ထဲကနေ ရပ်တည်နေတဲ့ သေနေတဲ့အတွေးမျိုးအဟုတ်ဘူး။ ကျနော်စကားတွေလဲဘောင်မရှိဘူး။ကျနော် ရင့်ကျက်မှုလဲ ဘောင်မရှိဘူး။
အရားအားလုံးဟာ ကျနော် ဦးနောက်နဲ့ စိတ်ထဲမှာ အလိုလိုဖြစ်နေတာ..။ ဘာကိုမှ ကျနော် ပုံစံချမထားဘူး။
ခင်ဗျာ နားလည်ရဲ့လား...။
S@ttpaing
2018 Nov 18
MSU 011!
Photo -google
Leave Original version to:
Read more #msu posts
Best Posts From Sattpaing
We have not curated any of sattpaing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From Sattpaing
- POL page service free for all in my myanmar ,city.
- INFINITY THINKS
- Original version
- Photography
- Love
- photography
- Foodphotography
- Most beautiful in my life
- Boring
- ပုံကို ကြည့်၍သာ နားလည်စေ....
- Smile:-)
- Reallife is not perfect
- I am a cat (Myanmar- english)
- Shelling fruit are head to split
- Animalphotography
- Flowers is not free
- I am grasshopper
- All are not saints that go to church
- Goldenhourphotography
- "All freights lighten,said the skipper ,as he shoot his wife into the sea"