Oval avatar

လွမ်းမော ဖွယ်ရာ နေ့စွဲများ

ptcmyanmar

Published: 02 Dec 2018 › Updated: 02 Dec 2018လွမ်းမော ဖွယ်ရာ နေ့စွဲများ

လွမ်းမော ဖွယ်ရာ နေ့စွဲများ

အချိန်ကို သာ နောက်ပြန်ရွေ့လို့ရမယ်ဆိုရင် ကျွန်တော်ပြန် သွားချင်တဲ့ အချိန် အခိျု့ရှိခဲ့ပါတယ်။ ကျွန်တော် စွမ်းအင်ကို မဝင်ခင်မှာ ပထမဆုံး MRTV ကနေ ခေါ်တဲ့ ပြန်တမ်းဝင် အရာ ရှိရာထူး အတွက် လျှောက်ထားခဲ့ပါတယ်။ ပြီးတော့ ဖြေဆိုခဲ့ပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အဲ့ဒိနောက်မှာတော့ စက်မှု ၂ ကနေ ခေါ်တဲ့ ပြန်တမ်းဝင်ရာ ထူးအတွက် ဝင်ရောက် ဖြေဆိုခဲ့ပါတယ်။


Image Source

အဲ့ဒိမှ သူ(မ)နဲ့ စတွေ့ခဲ့တယ်။ သူ(မ) ကို အခုအချိန် ပြန်တွေ့ရင်တောင် မှတ်မိမယ် မထင်ဘူး။ ဒါပေမဲ့ အဲ့ဒိအချိန်ကို စိတ်ထဲမှာ ပြန်ပြန်ပြီး သတိရနေ တတ်တယ်။ စာမေးပွဲဖြေတော့ သူ(မ)က ကျွန်တော့်နောက် ဖက်နားမှာပါ။ စာမေးပွဲဖြေနေရင်းနဲ့ ခဏခဏ လှည့်ကြည့်ဖြစ်ခဲ့တယ်။ စာမေးပွဲဖြေပြီး သူ စီးတဲ့ လိုင်းကားနဲ့ အတူတူစီပြီး ပြန်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ နာမည်တော့ မမေးဖြစ်ခဲ့ဖူး။

ကွန်တော်က စက်မှု ၂ ကို မရွေးပဲနဲ့ ရေနံကို ရွေးလိုက်မိတယ်။ အဲ့ဒိတော့ သူနဲ့ လွဲသွားတာပေါ့။ ဒါပေမဲ့ ကံကောင်းချင်တော့ ဖောက်ကြီးမှာ တစ်ခါပြန်ဆုံခွင့်ရခဲ့တယ်။ သူက အကြိုဇေယျ မှာ ကျွန်တော်က သူရိန်မှာ တက်နေရင်းပေါ့။ ပထမဆုံး နေ့မှာတော့ သွားတွေ့ဖြစ်တယ်။ သွားကြည့်ဖြစ်တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ နောက်ပိုင်းကျတော့ သွားမကြည့်ဖြစ်တော့ဘူး။ သူက ပြန်တမ်းဝင် အရာရှိ ဖြစ်နေခဲ့ပြီ။ ကျွန်တော်ကတော့ ပဉ္စမ ဆိုတော့ နှစ်ဆင့်လောက် ကွာတာပေါ့။ ကိုယ့်ကိုကိုယ် အားငယ်မိလေ သလား။ ဒါမှ မဟုတ် သူ့အပေါ် စိတ်ဝင်စားမှု လျော့ကျသွားသလားတော့ မသိဘူး။ ဒီလို နဲ့ပဲ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်က လူမသိ သူမသိပဲ ပြီးဆုံးသွားခဲ့ပါတယ်။
သူ(မ)အကြောင်းနဲ့ပတ်သက်လို့ သူက အရပ်ရှည်ရှည် ဆံပင်ရှည်ရှည် ပိန်ပိန်နဲ့ လှုပ်ရှားပုံက သွက်လက်တယ်။ ကျွန်တော့်ထက်လဲ ငယ်တယ်။ နောက်ပြီးတော့ ဇီးကုန်းမှာ နေတယ် ဆိုတာလောက်ပဲ မှတ်မိတော့တယ်။ ဪမေ့လို့ မေးစေ့မှာ အမာရွတ်ရှိတယ်။ ပြန်တွေ့ရင်တောင် မှတ်မိဖို့ မသေချာပေမဲ့ ကျွန်တော် အဆုံး အထိ မလုပ်ခဲ့မိတာကို နောင်တရမိပါတယ်။ ဒီစာကို သူမ ဖတ်မိပါစေ။ ကံကြုံရင်တော့ ပြန်ဆုံချင်ပါသေးတယ်။

Leave လွမ်းမော ဖွယ်ရာ နေ့စွဲများ to:

Written by

I am neither a circle nor a square. I am just an Oval.

Read more #esteem posts


Best Posts From Oval

We have not curated any of ptcmyanmar's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Oval