Introduction to Steempayco

Steempayco ဆိုတာကတော့ @asbear စလုပ်လိုက်တဲ့ project steempay(steempay.co) ရဲ့ နာမည်ပဲ ဖြစ်ပါတယ်။ ဒီ project က steempay android app နဲ့ဘာမှ မဆိုင်ပါဘူး။
Steempayco ဆိုတာကဘာလဲ
Steempayco ဆိုတာကတော့ web app တစ်ခုပဲဖြစ်ပါတယ်။ ဒီ app က Steem Dollars ကို သုံးတဲ့အခါမှာ ရောင်းတဲ့သူ ဒါမှမဟုတ် ဝယ်တဲ့သူတွေက အချိန်အကြာကြီးစောင့်နေရတာကို ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။
ဒါက ဘယ်လိုအလုပ်လုပ်သလဲ။
ရောင်းတဲ့သူက steem အကောင့်တစ်ခု exchange အကောင့်တစ်ခုမှတ်ပုံတင်ဖို့လိုပြီး steempayco မှာ store တစ်ခုလုပ်ဖို့လိုပါတယ်။ ပြီးတော့မှ ကိုယ်ရောင်းမည့် ပစ္စည်းတစ်ခုချင်းစီကို ဈေးသတ်မှတ်ဖို့လိုပါတယ်။ ပြန်လည်တွက်ချက်မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် crypto တွေရဲ့ ဈေးနှုန်းနဲ့ပဲ သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ အဲ့ဒိနောက်မှာတော့ ဝယ်သူကနေ ဝယ်ယူမဲ့ ပစ္စည်းကို ရွေးချယ်ပေးပြီးတော့ ပေါ်လာမဲ့QR code ကိုပဲ ပြပေးဖို့လိုပါတယ်။
ဝယ်သူအနေနဲ့ကတော့ ဒီနေရာမှာ steempayco နဲ့ ဝယ်ယူလို့ရပါတယ်ဆိုတဲ့ ဆိုင်တွေကို သွားလိုက်ရုံပါပဲ။ ဆိုင်ထဲရောက်ရင် ကိုယ်လိုချင်တဲ့ပစ္စည်းကို ရွေးပါ။ ပြီးတာနဲ့ ပိုက်ဆံကို steempayco နဲ့ပေးမယ်လို့ပြောလိုက်ရုံပါပဲ။ အဲ့ဒိအချိန်မှာ ရောင်းတဲ့သူက QR code ကိုပြပါလိမ့်မယ်။ အဲ့ဒိ QR code ကို ကိုယ့်ဖုန်းနဲ့ ဖတ်လိုက်ပါ။ နောက်တစ်ဆင့်မှာတော့ Steemconnect ကနေ ပိုက်ဆံလွဲတာကို အတည်ပြုရုံပါပဲ။(Steemconnect ကနေ login ဝင်ပေးဖို့ပဲလိုပါတယ်)
အောက်က gif တွေကို ကြည့်လိုက်ပါ။
Setup လုပ်ရတာလဲ လွယ်တယ်။ ရောင်းရတာလဲ လွယ်ပါတယ်။




မြန်မာငွေနဲ့ ထည့်ပေးဖို့တော့ပြောထားတယ်။ ကျွန်တော်တို့ဆီမှာ ရှိတဲ့ ပြဿနာက exchange တွေကနေ ပြန်ထုတ်တဲ့အချိန်မှာ ဖြစ်တာပါ။ ဒီအချက်ကို ပြေလည်အောင် ဖြေရှင်းနိုင်ရင်တော့ အဆင်ပြေသွားမယ်ထင်ပါတယ်။
လက်ရှိပေါက်ဈေးနဲ့ တွက်ချက်ပြီးတော့ Steem ဒါမှမဟုတ် Steem Dollar ကိုတောင်းပါတယ်။
Steempayco နဲ့ဆို Steem သို့ SBD နဲ့အလွယ်တကူဈေးဝယ်လို့ရပါတယ်။ မြန်မာပြည်သားတွေလဲ စာရေးပြီးတော့ ပိုက်ဆံရှာလို့ရပါလိမ့်မယ်။ မိမိအိမ်ထောင်စုရဲ့ဝင်ငွေကို တစ်ဖက်တစ်လမ်းကနေ ဖြည့်ဆည်းပေးလို့ရတာပေါ့။
ကျွန်တော်လုပ်ချင်တာ တစ်ခုတော့ရှိပါတယ်။ အဲ့ဒါကတော့ nigeria မှာလုပ်တာပါ။ ဖုန်းဘေလ်ကို steem,Sbd နဲ့ ဝယ်လို့ရပါတယ်။ အခုဟာကတော့ ပိုမြင့်တာပေါ့။ ဘယ်လိုကုန်ပစ္စည်းမျိုးကို မဆို steem,sbd နဲ့ဝယ်လို့ရပါတော့မယ်။
Leave Introduction to Steempayco to:
Read more #steempayco posts
Best Posts From Oval
We have not curated any of ptcmyanmar's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From Oval
- Opening last season rewarded cards
- Opening 7th season rewarded cards
- Opening Season Rewarded cards
- Opening SM season rewarded packs
- လွမ်းမော ဖွယ်ရာ နေ့စွဲများ
- Freemoney, freemoney and freemoney
- Winning in duo card game
- Hardfork will commence at 21:00 hr myanmar time
- မနေ့က ဖြစ်သည်
- Utopian-io:[suggestion to steem-plus] fix displaying wrong expected vote value in minnowbooster tab