
ဂျင်း ပဲဟေ့
"အိပ်ယာထဲဇီမ်နဲ့fbပွတ်နေစဉ် ကျနော်၏ချစ်သူဖုန်းဝင်လာသည်
"hello ချစ်လေးပြော
"ကိုကြီး ချစ် မေသီလှဝတ်တော့မယ်
"ဟမ်း ဗုဒ္ဓေါ ဘယ်လို ဘယ်လို
မနောက်ပါနဲ့ကွာ ဘာဖြစ်တာလဲ
"မနောက်ဘူးတစ်ကယ်ပြောတာ
ချစ်လေ လောကီအပူတွေစိတ်ကုန်
သွားပြီ ဝယ် လို စား ဆိုတဲ့ကဒ်ကြီး ၃ ပါး
ကြောင့် လောဘ မောဟ ဒေါသတွေက
အင်မတန်ပူလောင်တယ် ကိုကြီးရယ်
"ဟင် အို နာ သေ မဟုတ်ဘူးလား
"ဟုတ်ဘူးအဲ့တာဘုရားဟောတာ
ဒါက ချစ် ဟောတာ
"ဟိုက် တစ်နေ့နေလို့ဘုရာရှင်ခိုး
မအိပ်တဲ့သူကဘုရားတရားအကြောင်း
တွေပြောပြီ မေသီလှဝတ်မယ်ထလုပ်နေတာ
တစ်ကယ်များဝတ်သွားရင်ဒီဘဝ
ဌက်ပျောတုန်းဖက်အိပ်ရဖို့သေချာပြီ
မဖြစ်ချေဘူးဌက်ပျောတုန်းဖက်ပြီ
ချီးပန်းတော့အသေမခံနိုင်ဘူး
ချော့မေးကြည့်မှရမယ်
"ကိုကြီးကိုရှင်းပြပါလား ဝယ် လို စား
ဆိုတဲ့ကဒ်ကြီး ၃ ပါးနဲ့မေသီလှဝတ်တာ
ဘယ်လိုဆိုင်တာလဲ
"အင်းးကိုကြီးလဲဒီ ဝယ် လို စား ဆိုတဲ့
လောကီကြောင့်ပူလောင်နေရမှာဘဲ
ဒါကြောင့်ကိုကြီးကို နိဗ္ဗာန်ရောက်အောင်
လမ်းပြပေးမယ်
"တင့်ပါ့ ဘုရား အဲ့လေ ဆရာလေး
ဟာ ဒါလဲမဟုတ်သေးဘူး တင့်ပါ့
ချစ်လေး ငါ့နှယ့်နော် ငတိ့မလုပ်တာနဲ့
ဘယ်ကိုဦးချရမှန်းမသိ့တော့ဘူး
"ဒီလို ကိုကြီး ချစ် မနေ့က
တော်ဝင်စင်တာကိုပျင်းလို့
လျောက်သွားကြည့်တယ် စင်တာရဲ့
တစ်နေရာရောက်တော အရုပ်မမှာ
တပ်ထားတဲ့အကျီ င်္လေးတွေ့တယ်
လှချက်ကိုကြီးရယ် အသားကလဲ
ကောင်းမှကောင်း ဘောင်းဘီကလဲ
လန်းထွက်နေတာဘဲ စလင်းဘက်
အိပ်လေးကလဲလှမှလှ အဲ့ဟာလေး
ချစ်သာဝတ်လိုက်ရင် မိုးယုစံလှတယ်
ဆိုတာချစ်ကိုမှီမယ်မထင်ဘူး
"ဟင် တရားဟောတာလား
အဝတ်စားကြေငြာနေတာလား
"ဟာ စကားကိုပြီးအောင်နားထောင်မယ်
မရှိ့ဘူး ဘာမှမပြောဘဲချစ်ပြောတာ
နားထောင် နားရွတ်ဆွဲလိမ်ခံချင်တာလား
"ဟိုက် ကောင်းလိုက်တဲ့တရားဟော
"ဟုတ် ဟုတ် ဆရာလေးတပည့်တော်
နားထောင်နေပါတယ်
"ဟွန့်ပြီးရော် ဆတ်ပြောမယ်
"ချစ်လေ အဲ့အကျီင်္လေးရယ်ဘောင်းဘီရဟ်
စလင်းဘက်အိပ်ရယ် အဲ့၃ခုပေါင်းကို
ဈေးနူန်းကတစ်သိန်းတဲ့ကိုကြီးရယ်
ချစ်ကဘယ်လိုလုပ်ဝယ်နိုင်မှာလဲ
မဝယ်နိုင်တော့ မောဟဆိုတဲ့အပူမီး
တွေရတယ်လေ ရှင်းပြီလား
"ကောင်းလိုက်တဲ့တရားဟော
ခွေထုပ်ရင်အောင်မြင်မဲ့တရားတော်
ပြောလိုက်တာရှင်းနေတာဘဲ
ဆတ်ဟောပါဦး
"omm ချစ်လဲမဝယ်နိုင်တော့
တပ်ခေါက်ပြီတစ်ခြားနေရာကို
သွားလိုက်တယ်
"ဘုန်းကြီးကျောင်းကိုလား
"ဟင့်အင် ဟုတ်ဘူး အလှကုန်ဆိုင်
" မှတ်သားစရာပါလား
ဆတ်ဟောပါဦး
"အဲ့အလှကုန်ဆိုင်ထဲဝင်တော့
ကိုကြီးရယ် မိတ်ကပ်ဗူးလေးတွေ
လှလိုက်တာနှုတ်ခမ်းနီဗူးလေးတွေ
ကာလာစုံဘဲ အကုန်လုံးကအကောင်းစား
တွေကြည့်ဘဲနောက်ပြီးအသားလှခရမ်စ်
တွေလဲမျိုးစုံဘဲ ချစ် သာအဲ့ဟာတွေ
လိမ်းကြည့်ပါလား ကမ္ဘာကျော်မင်းသား
ဂူဂျွန်ဖြိုးတို့အဖွဲ့ချစ်အလှမှာ
ဝပ်စင်းသွားမှာသေချာတယ်
"ဒါလဲတရားဟောတာထဲပါလား ဟင်
"ပါတယ် ကိုကြီးရဲ့ ချစ်ကအဲ့တာတွေ
မဝယ်နိုင်တော့ ဂူဂျွန်ဖြိုးမပြောနဲ့
ကြာစိ့တောင်အရေးလုပ်မှာမဟုတ်ဘူး
ကိုကြီလိုနွှားအိုမြက်နုကြိုက်ကြီးဘဲ
ချစ်အနားမှာရှိ့တာလေ ဆိုတော့ကာ
လို ချင်တာမရတော့ဒေါသဖြစ်တယ်လေ
အဲ့တာလဲအပူဘဲ
"ငှယ့် နေရင်းထိုင်ရင်ကိုယ်ပါ
နွှားအိုဖြစ်ရလားအသက်ကြီးပေမဲ့
မပျက်စီးသေးဘူးမယုံရင်စမ်းကြည့်
"ဘာပြောတာလဲမမိုက်ရိုင်းနဲ့နော်
ဒီကတရားသဘောနဲ့ပြောနေတာကို
"အင်းလေကိုကြီးကလဲအသက်ကြီး
ပေမဲ့မပျက်စီးဘူးလို့မယုံရင်ချစ်လေးကို
ပွေ့ပြီ ရန်ကုန်ရေကြီးတဲ့နေရာမှာ
ပွေ့ဖက်ပြမယ်လို့ပြောတာ
"ဟွန့်နော် နာတော့မယ်
ဆတ်ပြောမယ် ချစ် လဲအဲ့တာတွေ
မဝယ်နိုင်တော့တပ်ခေါက်ပြီ
တစ်ခြားနေရာသွားလိုက်တယ်
"မယ်သီလှကျောင်းကိုလား
"ဟုတ်ဘူး မုန့်ဆိုင်ဘက်ကို
"ငါနှယ့်နော် သေချင်စိတ်တောင်
ပေါက်လာပြီ ဘယ်လိုတရားဟောနဲ့
လာတွေ့နေမှန်းမသိ့ဘူး ငတိ့မ
စိတ်ချမ်းသာအောင်သာနားထောင်လိုက်တာ
နားအေးတယ်
"ဆတ်ဟောပါဦးဆရာလေး
မုန့်ဆိုင်ရောက်တော့ဝင်စားလိုက်လား
"မစားနိုင်ပါဘူး ကိုကြီးရယ်
ဈေးကလဲကြီးတယ်လေ အကုန်လုံးက
စားချင်စရာတွေရှိ့ဘဲ
"Loteria ကြက်ကြော် KFC ကြက်ကြော်
Marry Brown ကြက်ကြော် ရွှေကောင်း
ဟော့ပေါ့ ပီဇာ ထမင်းပေါင်း အဲ့တာလေး
တွေစားပြီ သစ်သီးဖျော်ရည် cola
သောက်လိုက်ရင် စပါယ်ရှယ်ဘဲ
"aww ဒါကကောတရားဟောတာဘဲလား
အစားစာကြေငြာမဟုတ်ပါဘူးနော်
"မဟုတ်ဘူး ဒါလဲတရားဟောတာဘဲ
အဲ့တာတွေစားချင်ပေမဲ့မစားရတော့
ဆိုင်ထဲလုစားချင်စိတ်တွေပေါက်လာတယ်
အဲ့တာလောဘစိတ်တွေဖြစ်လာတာဘဲ
ဒါလဲအပူဘဲ
"မှတ်သားလောက်ပါပေတယ်
အဲ့ကနေဘယ်ဆိုင်သွားသေးလဲ
"ဘယ်မှမသွားတော့ဘူး
အိမ်ကိုဘဲပြန်လာတယ် စင်တာမှာ
လိုချင်တာတွေမရတော့စိတ်ထဲ
ပူလောင်တယ် သေချာစဉ်းစားကြည့်တော့
ဒါဟာ ဝယ် လို စား ဆိုတဲ့ကဒ်ကြီး ၃ ပါး
ကြောင့်ဖြစ်လာတော့တရားတွေ
ပေါက်လာတယ် ချစ်မနက်ဖြန်
မယ်သီလှဝတ်တော့မယ်
"ဟင် ချစ်ရယ်မလုပ်ပါနဲ့
ချစ်လိုချင်တာ~~~~~
"တစ်ကယ် ချစ်ကဝတ်နေပါ့မလား
ကိုကြီးကစာရေးဆရာလို့
မပြောရဘူး အရိပ်ပြရင်အကောင်
မြင်တယ် ဒီအတိုင်းဝယ်ပေးခိုင်းရင်
ဝယ်ပေးမယ်မှန်းသိ့တယ် ကိုကြီး
ချစ် ကိုတစ်ကယ်ချစ်မချစ်စမ်းချင်လို့
ရိုမန်တစ်ဆန်ဆန်နဲ့သွယ်ဝိုက်ပြောတာ
"ဟင်မဟုတ်ဘူးလေကိုကြီးပြောတာက
ချစ်လေးလိုချင်တာကို ကိုကြီးက
"ဝယ်ပေးမယ်ပြောတာမလား
ချစ်လေးကသိ့ပါ့ ဒါဘဲနော်
အမေခေါ်နေလို့မနက်ဖြန် ချစ်လေးကို
လာခေါ် ဒါဘဲကိုကြီး အားပွားမွှမွှ
"ဂါးးးးစကားဆုံးအောင်နားမထောင်ဘူး
မသာမပြောချင်တာပြောပြီ
ဖုန်းချသွားတယ် ဒီကသူလိုချင်တာကိုလစာထုပ်ပြီး
ဖြေးဖြေးချင်းဝယ်ပေးမယ်ပြောမို့ဟာကို
ဖုန်းချသွားတယ်မနက်ဖြန်တော့
ဒုက္ခရောက်ပြီပိုက်ဆံကတစ်ပြားမှမရှိ့
စိတ်ထဲငတိ့မကိုတစ်ခွန်းထဲအော်ဆဲမိ့တယ်
"ဟဲ့ ဂျင်းကောင်မ
အဲ့ဟာတော့မရဘူး မယ်သီလှ
ဝတ်စုံဘဲရမယ်
Leave ဂျင်း ပဲဟေ့ to:
Read more #funny posts
Best Posts From poetrylover
We have not curated any of poetrylover's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.