The Lost Truth
This is a letter written about the workers in our country. If you do not read Myanmar, read translate. 😁😁
လွန်ခဲ့တဲ့၂ရက်က
ကျနော် အလုပ်တစ်ခုသွားခဲ့တယ်
ဖုန်းလိုင်းကေဘယ်ကြိုးဆက်ရန် လိုအပ်သော မြောင်းတူးအလုပ်လေးပါ ရှင်းရှင်းပြောရရင်လူကြမ်းပေါ့😁အိမ်ကနေ ဆိုင်ကယ်ဆီးသွားရင် ၁၅မိနစ်ပဲဝေးတဲ့နေရာပေါ့ ရောက်ပြီမှတ်လို့ နံဘေးက အစ်ကိုတွေကို ဘယ်နားတူးကြတာလဲမေးတော့ လက်ညိုးထိုးပြတယ် "ဟိုးအပေါ်မှာတဲ့" လှမ်းကြည့်လိုက်တာ တမျှော်တခေါ် တောင်တန်းကြီးတွေပေါ်မှာ မြေနီရောင်မြောင်းလေးလှမ်းမြင်ရတယ်😁 ကဲတက်ကြစို့
"အဲ့မြောင်းရဲ့အဆုံးကနေ ဆက်တူးရမှာလေ"တဲ့ဗျ
မြောင်းတလျှောက်တက်လာလိုက်တာ ဟော့ တောင်ပေါ်ရောက်ဖို့ ၂နာရီကျော်ကြာပါတယ်ဗျ
ရောက်လည်းရောက် ဗိုက်ကဆာပြီ နာရီကြည့်တော့ ၉နာရီထိုးနေပြီ
ကဲ ထမင်းစားကြ😁😁
အလုပ်မလုပ်ရသေးဘူး ချွေးတွေစိုချွဲ ကုန်ပြီ
စားပြီးတော့ ၉နာရီခွဲ စတူးကြတယ်ဗျ
ကိုယ့်အလုပ်ခွင်ကိုယ်နေရာယူကြတာပေါ့ သူကဒီကနေဟိုထိ ဘာညာသာရကာပေါ့
ကဲကိုယ်လဲတူးမယ်ပေါ့ အစကတည်းက မြောင်းတလျှောက်ခြေလျင်တက်လာရတာဆိုတော့ မြောင်းအနေအထားအနက်သိpp
မသိတာက အရှည်ဘယ်နပေကို ဘယ်လောက်ပေးမှာလဲပဲမသိတာ
ကဲ ကိုယ်လဲ သူများမှတ်ပေးတဲ့နေရာလေးသွားပြီးခြုံလေးတွေအရင်ရှင်းနေတုန်း အနောက်ကနေ "အကို ဘယ်နှမီတာယူမှာလဲတဲ့" ဟော့ စာရင်းကိုင်ကောင်လေးလှမ်းမေးတော့ကိုယ်လဲကြောင်သွားတယ် (ပေနဲ့ပဲ တူးဖူးတာလေဗျာ)
"ကဲ ဒီငုတ်နှစ်ငုတ်ကဘယ်နှမီတာလဲညီ" ဆိုတော့ "ဆယ်မီတာ"တဲ့
သောက်ကျိုးနည်း 😁😁😁၃၃ပေဟ
ပြောဦးမယ်ဗျာ အနက်က ၃ပေ၃လက်မ အကျယ်က၈လက်မအကွာအဝေး၃၃ပေ
ကိုယ့်အရပ်တောင် ၆ပေမပြည့်တာ ခါးရင်းလောက်တူးရမယ်တဲ့
ကဲတူးပြီဗျာ တူးတယ် မောရင်နားတယ် ရေသောက်
ကွမ်းလေးဝါး ပြီးရင်ဆက်တူး အဲ့လိုနဲ့ အတော်လေးပန်းလာတယ်ဗျာ
အနက်က ၃ပေနီးနီးရှိနေပြီ မြေကတော့ပွနေလို့တော်ပါသေးတယ်
တနေကုန်ဆိုတော့လူက အားတွေချည့် 😁 အမျိုးသမီးကဘေးနားကနေ
နည်းနည်းပါးပါးလုပ်ကူရှာပါတယ်
(အချိုရည်တွေထိုင်သောက်နေတာကပိုများသလိုပဲသူက)
ကဲ တူးရင်းညနေ၄နာရီခွဲလောက်ရောက်တော့ ဆရာတွေက ပေလာထောက်တယ် (တုတ်နဲ့)"မရသေးဘူးညီ"တဲ့
အိုကေ ရအောင်တူးမယ်ပေါ့
ကျနော်သိတယ်ဗျ ကျနော်တူးထားတာ ၃ပေ၃လက်မရှိနေပြီ အဲ့လောက်တော့မ"အ"သေးပါဘူး ကဲ အနက်ပါဆက်တူးရင်း၄ပေနီးနီးရောက်တော့
၅နာရီခွဲပြီ
လူက အားတွေအကုန်ပြောင်နေပြီ
လက်တွေလဲပေါက်ပြဲနေပြီ လက်ဖဝါးတွေသွေးတောင်ထွက်တယ် 😔😞😔😞😔😞ကဲ အားလုံးလဲပြိးကုန်ကြပြီဆိုတော့ အတူပြန်ကြတာပေါ့ အလုပ်တဲကတောင်အောက်မှာရှိတာတဲ့လေ အဲ့ကိုရောက်မှ ပိုက်စံရှင်းပေးမယ်ဆိုတော့ အေးဆေးပြန်ကြတာပေါ့
အောက်ရောက်တော့
"ညီက ၁၀မီတာနော်"
"ဟုတ်တယ်ဗျ"ဆိုတော့
၁ထောင်တန်ရှစ်ရွက်ရတယ် 😂😂
(သြော ကိုယ်တူးခဲ့တဲ့မြေက ဒီလောက်ပဲတန်တာကိုးး) ရက်စက်လိုက်တဲ့စျေးနှုန်းပါဗျာ
ကျနော် အောက်သက်ကြေသူတစ်ယောက်ပါ ၆တန်းလောက်ကတည်းက အလုပ်ကြမ်းပေါင်းစုံ လုပ်လာခဲ့တာ ဒီတစ်ခါ ခံလိုက်ရပြီဆိုတာသိလိုက်ရတယ်ဗျာ
လမ်းခင်း မြောင်းတူး ကတ္တရာလောင်း ကွန်ကရစ် ပန်းရံ အိမ်သာကြွင်းကအစ ဗျာ အကုန်လုပ်ဖူးတယ်
ဘယ်ဟာဘယ်လောက်တန်လဲ သိနေပြီးသားကိုဗျာ
ဒီလိုကာလမှာ တို့မြန်မာတွေက ဒီလိုစျေးနှုန်းတွေနဲ့ လုပ်ခိုင်းရက်တာကို ဝမ်းနည်းမိတယ် ဒါတွေက ဘယ်သူ့ကြောင့်ရယ်လို့တော့ ကျနော်မပြောလိုပါဘူး တကယ်ကဒီစျေးက လူတွေကိုပေးတဲ့စျေးမဟုတ်ဘူးဗျ😞
ကျနော်ကတော့ မလုပ်စားလဲ လစာရနေတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်နေပြီဗျ ကိုယ့်ဟာကို airdopလေးဘာလေးနိပ်နေရုံနဲ့ လဲ တစ်လ၁သိန်းခွဲလောက်အပိုရနေတာပဲ မလုပ်ချင်လဲဘာမှမဖြစ်ဘူးး ကျန်တဲ့အလုပ်သမားတွေကို သနားမိတယ် အလုပ်မှာသူတို့ စားတဲ့ထမင်းထုပ်က ၁ထုပ်၂၀၀၀ဗျ
တနပ်စာလေး ဘာတွေနဲ့ဘယ်လို ဖူလုံလောက်ငှကြမလဲ ကဲ တစ်ယောက်ထဲ ၃၃ပေကိုကျော်ပြီး၆၆ပေတူးမယ်ထား 😟ကျွမ်းကျင်လို့ပြီးတယ်ထားဦးတော့ နောက်နေ့တွေ မတူးရတော့ဘူးတဲ့လား နေ့စဥ်ရက်ဆ
က် ဘယ်သူမှ မလုပ်နိုင်ဘူး
ဒါပေမယ့် သူတို့ လုပ်နေကြရှာတယ်
ဘာလို့လဲဆို ဒီလိုကိုဗစ်ကာလ လည်းဖြစ် နိုင်ငံရေးကလည်း ဂယောင်ခြောက်ခြား ဆိုတော့ လုပ်ကြရတာပေါ့ အခွင့်အရေးသမားတွေကတော့
အဟုတ်ပဲပေါ့ဗျာ စျေးရောင်းရင်းလည်း အခွင့်အရေးချောင်းမြောင်း
လုပ်ငန်းခွင်တွေထဲလဲ အခွင့်ရေးချောင်းမြောင်းကြ နဲ့ မြန်မာအချင်းချင်း အဆိပ်ခတ်နေကြတယ်
စီးပွားရေးလုပ်တာက တိုးတက်အောင်လုပ်သူတိုင်း လူ၂မျိုးတည်းရှိ တယ် အခွင့်အလမ်းရှာသူနဲ့ အခွင့်အရေးရှာသူ
အခွင့်အလမ်းသမားက သူများပြသနာကို ဖြေရှင်းပေးပြီးစီးပွားရှာတယ်
(ဥပမာ ကိုယ့်အိမ်ရှေ့ဆိုင်ကယ်တွေဆီခဏခဏပျက်တာတွေ့လို့ ဆီဘူးလေးတင်ရောင်းထားလိုက်တာမျိုးပေါ့)
အခွင့်အရေးသမားတွေက သူများကိုပြသနာပေးပြီး
ဖြေရှင်ပေးသယောင်ယောင်နဲ့
စီးပွားရှာတယ် (ဥပမာ ကိုယ့်ဆီက အလုပ်သမားကို စျေးနှိမ်ချင်တာနဲ့ပဲ
ဒီအချိန်မှာက အလုပ်မရှိတာနဲ့ ဘဂျက်မကျတာနဲ့ ဒီစျေးပေးနိုင်တယ်ဆိုတာမျိုး)သက်သက်မဲ့ရိုက်စား လုပ်တာမျိုးတွေပေါ့
အဲ့လို အခွင့်အရေးသမားတွေက
သူတို့ဘဝနေဝင်ချိန်ထိ အေးချမ်းမှုမရနိုင်ပါဘူးး
ဒါကြောင့်ဗျာ မိတ်ဆွေတို့သာ လုပ်ငန်းအကြီးအကဲပဲဖြစ်ဖြစ် စျေးသည်ပဲဖြစ်ဖြစ် ဝန်ထမ်းပဲ ဖြစ်နေနေ
ဘယ်နေရာပဲရောက်နေပါစေ လူတွေရဲ့ချွေးနဲစာ လေးတွေကို ခေါင်းပုံမဖြတ်ကြပါနဲ့
လမ်းဘေးက ၁လုံး၁၀၀တန်တွေကို
၂၀၀ဖိုး၃လုံးမလိုချင်ပါနဲ့ 😟😟
မုသားသုံးပြီးတော့ ကိုယ့်စီးပွားကိုမရှာပါနဲ့
ကျနော်ကိုယ်တိုင်လည်း အဖေနဲ့အတူတူ အလုပ်ခေါင်းဆောင်လုပ်ဖူးလို့ ဒီလို လုပ်ငန်းခွင်အတွင်းက ဖျံတွေ အကြောင်းနောကြေနေခဲ့ပါပြီ
ဒီစာက ကျနော့်ရင်ဘတ်နဲ့ရေးထားတာပါ လွဲချော်နေတာတွေ.သက်ပုံအမှားတွေလဲ ပြင်ဖတ်ပေးကြပါ
သဘောထားကျဥ်းမြောင်းတဲ့စာသားလေးတွေပါရင်လည်းခွင့်လွှတ်ပါ
အားလုံးကျေးဇူးပါဗျာ
Writer @phyothuzar![img_20210909_170309.jpg
](
| Column 1 | Column 2 | Column 3 |
|---|---|---|
| Text | Text | Text |
Leave The Lost Truth to:
Read more #hive-122133 posts
Best Posts From Aungthwinphyo
We have not curated any of phyothuzar's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.