ဝိတ်ချဖို့ရာ လေ့ကျင့်ပါ
ဝိတ်ကျဖို့ အလွယ်ဆုံးနည်းလမ်းက ပိုလျှံနေတဲ့ အဆီကယ်လိုရီတွေကို လောင်ကျွမ်းစေတာ ဖြစ်ပါတယ်။ ဝိတ်အမြန်ဆုံးကျချင်သူတွေအနေနဲ့ လေ့ကျင့်ခန်းမှတစ်ပါးအခြားမရှိဘူး။ လေ့ကျင့်ခန်းကို စနစ်တကျလုပ်သင့်တယ်။ ဝိတ်ချတယ်ဆိုတာ ရေတိုလေ့ကျင့်ခန်းမဟုတ်ပါဘူး။ ရေရှည်လုပ်ရမယ့် အလုပ်မျိုးဖြစ်တာကြောင့် အားအင်ကုန်ခန်းတဲ့အထိ ဆက်တိုက်မလုပ်ပါနဲ့။ ခဏနားပြီးမှ လုပ်သင့်တယ်။ ယေဘုယျအားဖြင့် ရက်သတ္တတစ်ပတ်ကို တစ်ရက်နားပြီး ခြောက်ရက်လောက်ပဲ လုပ်သင့်တယ်။
ကျွန်တော်တို့ နေ့စဉ်လုပ်နေတဲ့ လေ့ကျင့်ခန်းတွေကို Cardio Exercise ခေါ်ပါတယ်။ နှလုံးခုန်မြန်စေတဲ့ ဘယ်လေ့ကျင့်ခန်းမဆို နှလုံးလေ့ကျင့်ခန်း(Cardio Exercise) ခေါ်ပါတယ်။ တချို့က Aerobic Exercise လို့လဲ ခေါ်တယ်။ လမ်းလျှောက်တာ ပြေးတာ စက်ဘီးစီးတာ ရေကူးတာ ကြိုးခုန်တာ စတာတွေဟာ နှလုံးလေကျင့်ခန်းတွေဖြစ်ပါတယ်။
နှလုံးခုန်မြန်ရင် ဇီဝဖြစ်စဉ်တွေက အလိုလိုမြန်လာတယ်။ ကယ်လိုရီလောင်ကျွမ်းမှု အားကောင်းလာတယ်။ ဒါ့ပြင် ကိုယ်ခန္ဓာအစိတ်အပိုင်အသီးသီးကို သွေးပို့လွှတ်ရလို့ စွမ်းအင်းကို ပိုမိုသုံးစွဲရတယ်။ သွေးလျှောက်အားများလာသလို အောက်စီဂျင်လဲ ပိုလိုတယ်။ အသက်ရှူ မြန် နှလုံးခုန်မြန်တဲ့ လေ့ကျင့်ခန်းမှန်သမျှ စွမ်းအင်းပိုထုတ်ရတာကြောင့် အဆီပိုမှန်သမျှ လောင်ကျွမ်းနိုင်တယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းကို ဂရုတစိုက်လုပ်သင့်တယ်။ ဒါပေမယ့် သာမန်လှုပ်ရှားသွားလာမှုမျိုးကို လေ့ကျင့်ခန်းထဲ မထည့်ရပါ။ လေ့ကျင့်ခန်းလို့ ပြောလိုက်တာနဲ့ နှလုံးခုန်မြန်ဖို့လိုသလို အသက်ရှူ လည်မြန်လာတဲ့ လှုပ်ရှားမှုမျိုးကိုပဲ ခေါ်ပါတယ်။
Leave ဝိတ်ချဖို့ရာ လေ့ကျင့်ပါ to:
Read more #myanmar posts
Best Posts From phyo
We have not curated any of phyo's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.