People's Democracy Foundation for National Unity Government avatar

Spring Lottery Drawing and Distribution

pdf-nug

Published: 15 Aug 2024 › Updated: 15 Aug 2024Spring Lottery Drawing and Distribution

Spring Lottery Drawing and Distribution

I want to win the spring lottery.

I drew lottery every month starting the month the spring lottery opened.
The Spring Lottery is a lottery opened by the National Unity Government, a revolutionary government supported by the people of Myanmar, to receive revolutionary funds.
Spring Lottery is a lucky draw in the Web App.
Spring Lottery Web App is connected with Spring Development Bank.
Spring Development Bank is also a bank established by the National Unity Government.
I tried my luck as a supporter of the Spring Revolution.

It's been two months now that I've been reselling the Spring Lottery not only for myself but also for others to try their luck.
This month, 82 spring lottery tickets have been drawn for villagers to try their luck.

Now I am unemployed and have no income while avoiding the danger of war.
Therefore, I am eager to win the Spring Lottery for my family's livelihood and to further support the Spring Revolution.

Please pray for luck in the lottery, friends.

The military dictatorship must be destroyed.
The terrorist army must fall.
The Spring Revolution must be won.

နွေဦးထီ ပေါက်ချင်လှသည်။

ကျွန်တော်သည် နွေဦးထီ စတင်ဖွင့်လှစ်ခဲ့သည့် လမှ စတင်ကာ လစဉ် ထီထိုးခဲ့ပါသည်။
နွေဦးထီ သည် မြန်မာနိုင်ငံ၏ ပြည်သူလူထု ထောက်ခံသော တော်လှန်ရေးအစိုးရ ဖြစ်သည် National Unity Government က တော်လှန်ရေးရံပုံငွေ ရရှိရန် ဖွင့်လှစ်သော ထီ ဖြစ်ပါသည်။
နွေဦးထီ ကို Web App ထဲမှာ ကံစမ်းရခြင်း ဖြစ်သည်။
နွေဦးထီ Web App ကို Spring Development Bank ဖြင့် ချိတ်ဆက်ထားပါသည်။
Spring Development Bank သည်လည်း National Unity Government က တည်ထောင်ထားသော Bank တခု ဖြစ်ပါသည်။
ကျွန်တော်သည် နွေဦးတော်လှန်ရေးကို ထောက်ပို့သည့် အနေဖြင့် ကံစမ်းခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ကျွန်တော်သည် နွေဦးထီ ကို ကိုယ်တိုင် ကံစမ်းရုံသာမက အခြားသူများကိုပါ ကံစမ်းနိုင်ရန် ပြန်လည် ရောင်းချပေးခဲ့သည်မှာ နှစ်လ ရှိခဲ့ပါပြီ။
ယခုလ၌လည်း နွေဦးထီ ၈၂ စောင် ကို ရွာသူရွာသားများ ကံစမ်းနိုင်ရန် ထီထိုးထားခဲ့ပြီး ဖြစ်ပါသည်။

ယခုအခါ ကျွန်တော်သည် စစ်ဘေးအန္တရာယ်ကို ရှောင်ရှားရင်း အလုပ်လက်မဲ့ဖြစ်ကာ ဝင်ငွေ မရှိ ဖြစ်နေပါသည်။
သို့ဖြစ်၍ ကျွန်တော်၏ မိသားစု စားဝတ်နေရေး အတွက် နှင့် နွေဦးတော်လှန်ရေးကို ပိုမို ထောက်ပံ့နိုင်ရန် နွေဦးထီ ပေါက်ချင်စိတ် ပြင်းပြနေပါသည်။

ကျွန်တော် ထီကံကောင်းရန် ဆုတောင်းပေးကြပါဦး မိတ်ဆွေတို့ရေ။

စစ်အာဏာရှင်စနစ် ပျက်သုဉ်းရမည်။
အကြမ်းဖက်စစ်တပ် ကျဆုံးရမည်။
နွေဦးတော်လှန်ရေး အောင်ရမည်။

Leave Spring Lottery Drawing and Distribution to:


Best Posts From People's Democracy Foundation for National Unity Government

We have not curated any of pdf-nug's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From People's Democracy Foundation for National Unity Government