Parent Love
" မိဘတို့၏ မေတ္တာ ဘယ်လိုတုနိုင်းမှာ "
ကမ္ဘာပေါ်မှာ အချစ်ဆုံးထက်
အမွန်မြတ်ဆုံးနဲ့ လဲလည်ခဲ့သလို
ရယူခြင်းမရှိတဲ့ စိတ်ထားတွေနဲ့
ထာဝရတိုင်ထိ ထုတ်ဖော်ပြခဲ့တယ်..။
နှလုံးသားပေါ်က ပန်းချီကားတစ်ချက်ကို
အဖြူရောင်မေတ္တာတွေနဲ့ ဆေးခြယ်ခဲ့သလို
အတိုင်းတာမရှိတဲ့ သံယောဇဉ်တွေနဲ့
နိုင်းတုစရာမရှိအောင် ရေးဆွဲခဲ့တယ်..။
မရှိနွမ်းပါး ဝမ်းရေးခက်သလို
ကြုံရာကျပန် မငတ်ရေးအတွက်
ရုန်းကန်လှုပ်ရှာ ချွေးစက်တိုင်းက
သားသမီးအတွက်ဆို ပြုံးပျော်ခဲ့တယ်..။
ပင်ပန်းတဲ့အလုပ်ကို ရှေ့ကဦးဆောင်လုပ်ရင်း
သားသမီးတွေကို အရိပ်ထဲမှာနေရာပေးခဲ့တယ်
မိဘရှိသေးတဲ့ သားသမီးများ
အချိန်မနှောင်းခင် သိစေချင်လိုက်တာ.........
photo credit from google image
Author @patrickshar
MSU No - 19
Leave Parent Love to:
Read more #msu posts
Best Posts From @patrickshar
We have not curated any of patrickshar's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.