Pann Thiri avatar

ဆက်လို့သာလျှောက်

pannthiri

Published: 05 Nov 2018 › Updated: 05 Nov 2018ဆက်လို့သာလျှောက်

ဆက်လို့သာလျှောက်

လေနှင်ရာ ခရီးဆက်
အဝေးဆုံးကိုထွက်
တည်ရာမဲ့ ခရီးဆက်
အဆုံးစွန်ထိ ရွှက်လွှင့်. . .

ဒီသံသရာ ဒီခရီး
ဒီဘဝကို ရေစုန်မျော
ပဲ့ကိုင်သူမဲ့လို့
လွှင့်ချင်ရာ လွှင့်လို့
လှိုင်းတံပို့တွေ
လူးလိမ့်တွန်းရင်း
တည်ရာမဲ့ လွှင့်မျော
ဘဝကြီးက ရေစုန်မျော. . .

ဝေးလွန်းတဲ့ မိုင်တွေ
ခရီးနှင်လို့ အဆုံးမရှိ
ရပ်နားစရာ သစ်ရိပ်တွေမဲ့
အကာကွယ်မဲ့ ဟင်းလင်းပြင်ထဲ
ဖိနပ်မဲ့လို့ ဆက်လျှောက်ဆဲ
ရပ်တန့်မရတဲ့ အဆုံးမရှိတဲ့
ကောင်းကင်အောက်
ဆက်လို့သာ လျှောက်. . .
image
Author - Pannthiri
Myanmar Steemit

Leave ဆက်လို့သာလျှောက် to:

Written by

No Wait Time and Tide

Read more #myanmar posts


Best Posts From Pann Thiri

We have not curated any of pannthiri's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Pann Thiri