nyanlynnhtay avatar

fkho

nyanlynnhtay

Published: 10 Jun 2018 › Updated: 10 Jun 2018fkho

fkho

p"ငါ့တူ ... ဦး​လေးအ​ကောင့်​ကိုကြည့်​​ပေးပါဦးကွာ ...
ဘာဖြစ်​သွားတာလဲမသိဘူး ... "

"ဟမ်​ ... ဘာဖြစ်​တာလဲဦး​လေးရ "

"ဟ ... မသိပါဘူးဆိုကွာ မင်းကြည့်​​ပေါ့ဟ
ငါ့ကိုပြန်​မ​မေးနဲ့ "

"ဂိ ... "

သူ့ဟာကိုလည်းလုပ်​​ပေးရဦးမယ်​ ... သူကအထက်​စီးက
ကျုပ်​ဦး​လေးသာမဟုတ်​ရင်​ ပွဲကလှ​နေ​လောက်​ပြီ
ရှိ​စေ​တော့ သည်းခံရတာ​ပေါ့​လေ

"သုံး​ထောင်​ ကျမယ်​ဦး​လေး "

"ဘို ... "

"သုံး​ထောင်​​လေ မြန်​မာကျပ်​​ငွေ သုံး​ထောင်​ "

"ငါကလည်း ​ဒေါ်လာသုံး​ထောင်​လားလို့မ​မေးမိပါဘူးကွာ "

"ဖီ "

သူ့ပုံစံနဲ့ ​ဒေါ်လာအ​ကြောင်း​တွေဘာ​တွေ​ပြောလို့ ...
တစ်​​ဒေါ်လာတန်​မှာ​တောင်​ ဘယ်​သမ္မတရဲ့ ပုံပါမှန်းမသိတဲ့လူက ...

"​ပေးမှာလား မ​ပေးရင်​ပြင်​လို့မရဘူး ​ဦး​လေး "

"နှစ်​​ထောင်​​တော့လုပ်​ကွာ "

"မရဘူး ... ဒါက အင်​တာ​နေရှင်​နယ်​ စတန်းဒက်​ပဲ သုံး​ထောင်​ "

"ဟမ့်​ ... ဘာမှလဲမဆိုင်​ဘူး "

ကျုပ်​ကလည်း မျက်​နှာခပ်​တင်းတင်းပဲ
ဟုတ်​တယ်​​လေ ခိုင်းစရာရှိရင်​ ခိုင်းပြီး တစ်​ခုခုဖြစ်​ရင်​ အပြစ်​က​ပြော​သေး
တာဆို​တော့ တန်​ရာတန်​​ကြေး​တော့ ​တောင်းရမှာပဲ

"ဒါနဲ့ ငါ့အ​ကောင့်​ကလာဖြစ်​တာလဲ "

"လီဘာကြိုး​လျော့​နေတာ ပလပ်​လည်း​ကြောင်​​နေတယ်​ ကာ​ဗရိုက်​တာ
လဲ ​ဆေးရမယ်​ ... ပြီးရင်​ အင်​ဂျင်​ဝိုင်​ပါလဲရမှာ "

"လခွမ်း ဆိုင်​ကယ်​မဟုတ်​ဘူး​လေ "

"ဦး​လေးဘာသိလို့လဲ မသိရင်​အသာ​နေစမ်းပါ ... ဒီအချိန်​မှာ
ကျွန်​​တော်​က ဆရာ​နော်​ "

"အိ ... "

ပြောလိုက်​​တော့လည်း မျက်​နှာငယ်​နဲ့ တိတ်​သွားပြန်​​ရော ...
အဲသလို ရှုပ်​​အောင်​​ပြောမှလည်း ပိုက်​ဆံကထွက်​လာမှာကိုး
အမှန်​ အ​ကောင့်​က ဘာမှဖြစ်​တာမဟုတ်​ဘူး
ဖုန်းနံပါတ်​ထည့်​ဖို့​တောင်း​နေတာ ... ငတိက သိမှမသိပဲ

"ကဲကဲ လက်​ငင်းသုံး​ထောင်​​ပေး ... "

"​အေးပါကွာ ... "

ဆိုပြီး ခါးကြားလိပ်​လာတဲ့ ပိုက်​ဆံ​လေးထုတ်​​ပေးရှာတယ်
ငတိ လက်​​တွေ​တောင်​တုန်​လို့ ...
တုန်​မှာ​ပေါ့ အဲဒါက ည​နေသူ့အတွက်​ အရက်​ဖိုး​လေ

"ကဲ ... ရပြီဦး​လေး "

"ဟ ... မြန်​လှချည်​လား "

"ကျွမ်းတဲ့လူက​တော့ မြန်​မြန်​ပဲ​ပေါ့ဦး​လေးရာ ... လိုချင်​တာရပြီ
မို့လား ... သွား​တော့ "

"​အေးပါ ... ဒါနဲ့ငါ့ဖုန်းက ဘာဖြစ်​တာ "

"စမုတ်​​တွေလဲတယ်​ ​ဂွေ(​ခွေ)ညှိတယ်​ ... ဘရိတ်​ဖမ်းတယ်​ ...
ချိန်းတင်းတယ်​​လေ ... "

"ဟ ... အဲဒါက ဆိုက်​ကားပြင်​တာ​လေ "

"ဦး​လေးဘာသိလို့လဲ မသိရင်​အသာ​နေစမ်းပါ​ဗျာ ... ပြီးပြီမို့လား
ကျွန်​​တော်​သွား​တော့မယ်​ "

"​နေဦး ... "

ပခုံးလှမ်းဆွဲထား​တော့ ကျုပ်​စိတ်​ထဲမလုံ​တော့ဘူး ...
ရိပ်​မိသွားတာများလား​ပေါ့

"ငြိမ်း​မောင်​ ... မင်းငါ့ကို ​သောက်​ရူးများမှတ်​​နေလား "

"အန်​ ... မဟုတ်​ဘူး​လေ "

"ပထမ​ပြော​တော့ ဆိုင်​ကယ်​ပြင်​သလိုလို အခု​ပြော​တော့ ဆိုက်​ကား
ပြင်​သလိုလို ... မှန်​မှန်​​ပြောစမ်း မင်းဘာလုပ်​တာလဲ "

"ဘရိတ်​ဖမ်း ... "

"တိတ်​ "

"ဟို ... ကာ​ဗရိုက်​တာ ​ဆေး "

"​လေး ... ကာ​ဗရိုက်​တာ ​ဆေးပါလား ... ​ခွေး​ကောင်
မင်း လွတ်​​အောင်​​ပြေး ... "

"အ​မေ​ရေ ... အဲ့မှာ ဦး​လေးအနိုင်​ကျင့်​​နေပါတယ်​​ဗျို့ ... "

"ငြိမ်း​မောင်​ကိုနာနာလုပ်​ ငါ့​မောင်​​ရေ ... အဲဒီ​ကောင်​ ညာယူ​နေတာ
ကြာပြီ ... "

ခွီး ... အ​မေကတ​မှောင့်​ ...
ကျုပ်​မှာ ကျုပ်​ဦး​လေးရည်းစား​ဟောင်း အပျိုကြီးအိမ်​တက်​​ပြေးမှပဲ
လွတ်​​ပေ​တော့တယ်​ ... ဒါ​တောင်​ အပျိုကြီးက ထဘီနဲ့လိုက်​အုပ်​လို့
ပြန်​​ပြေးရ​သေးတယ်​ ...

ကျုပ်​ဆို တစ်​​ယောက်​မှအ​ကောင်းမမြင်​ဘူး ရင်​နာဖို့​ကောင်းလိုက်​​ဗျာ
image
က​တောက်​စ်​!
#nnnt ငြိမ်း​မောင်

Leave fkho to:

Written by

Read more #esteem posts


Best Posts From nyanlynnhtay

We have not curated any of nyanlynnhtay's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From nyanlynnhtay