Nann Htike avatar

ပြည်ထောင်စုနေ့

nannhtike

Published: 05 Feb 2018 › Updated: 05 Feb 2018ပြည်ထောင်စုနေ့

ပြည်ထောင်စုနေ့

**ပြည်ထောင်စုနေ့# **

1946-ခုနှစ် ဇန်န၀ါရီလတွင် ရွှေတိဂုံဘုရားကုန်းတော် အလယ်ပစ္စယံတွင် ကျင်းပပြုလုပ်သော မဆပလ ညီလာခံကြီးမှ
မြန်မာ့လွတ်လပ်ကြိုးပမ်းမှုတွင် တောင်းတန်း မြေပြန့်မခွဲခြားဘဲ တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်မှုကို ရယူခဲ့ပြီး
မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း နှင့် မြန်မာခေါင်းဆောင်ကြီးများ အတူတကွပူးပေါင်းကြိုးပမ်းဆောင်ရွက်
မှုတို့ကြောင့် မြန်မာ့လွတ်လပ်ရေးကို ထိုက်ထိုက်တန်တန်ရရှိခဲ့ရပါတယ်။
ဗြိတိသျှနယ်ချဲ့အစိုးရတို့က တောင်တန်းသားတို့အား မိမိတို့လက်ထဲသို့ မပေးချင်သောကြောင့် နည်းအမျိုးမျိုးနှင့်
သိမ်းသွင်းစည်းရုံးကာ မြေပြန့်နှင့်တောင်တန်း တိုင်းရင်းသားတို့အား သွေးမကွဲ ကွဲအောင် ပြုလုပ်ဆောင်ရွက်ကြသေးပါတယ်။
ဗြိတိသျှ နယ်ချဲ့တို့ ၀ါဒဖြန့် စည်းရုံးသွေးဆော်မှုကြောင့် အဟုတ်ထင်မှတ်ကာ နားဝင်နေသော ရှမ်းအမျိုးသားများအား
ထို့သို့ မဟုတ်ကြောင်း နားလည်သပေါပေါက်အောင် ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် မိမိတို့ အမျိုးသားစုတို့အား
အကျယ်တ၀င့်ရှင်းပြကာ ပြန်လည်စည်းရုံးခဲ့ရပါသေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားခေါင်းဆောင်များက
ဗြိတိသျှအစိုးရအား မြန်မာ့လွတ်လပ်ရေးပေးရာတွင် တောင်တန်း နှင့် မြေပြန့် မကျန် အကုန်စင်ပေးရန် တောင်ဆိုခဲ့ကြပါသည်။
သို့သော်ဗြိတိသျှနယ်ချဲ့အစိုးရတို့မှာ တောင်တန်းဒေသကို ချန်လှပ်ထားချင်နေပါတယ်။ တောင်တန်းနှင့်မြေပြန့်ခွဲခြားပြီး
လွတ်လပ်ရေးပေးမည်ဆိုပါက အဘယ်သို့ ပြည့်စုံသည်မရှိကြောင်း ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့ခေါင်းဆောင်များက
ဝိုင်းဝန်းတောင်းဆိုကြပါသည်။ သွေးထိုးလှုံ့ဆော်ထားသောကြောင့် ဥာဏ်နီဥာဏ်နက်များလှသော ဗြိတိသျှ နယ်ချဲ့အစိုးရတို့က တောင်တန်းနှင့်မြေပြန့် စည်းလုံး
ညီညွတ်လျှင် အားလုံးပေးမည်ဟု ပြောရာဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့ခေါင်ဆောင်များမှာ တောင်တန်းနှင့်မြေပြန့် ညီအစ်ကိုသားချင်းတို့အား
သွေးစည်းညီညွတ်ဖို့ အမျိုးမျိုးအဖုံဖုံ လှည့်လည်စည်းရုံးခဲ့ကာ အောင်ဆန်းအက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါသည်။ ဖေဖေါ်ဝါရီ(11)ရက်တွင်
မြန်မာတိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်မှုကိုရရှိခဲ့ပြီး ထိုသို့ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သောနေ့အဖြစ် ဖေဖေါ်ဝါရီ(12)အား ပြည်ထောင်စုနေ့အဖြစ်
သတ်မှတ်ခဲ့သောနေ့အဖြစ် အခြေပြုစတည်လာသော ထို့နေ့ကို မြန်မာနိုင်ငံသားအားလုံးက မမေ့မလျော့အပ်သော နေ့ထူးနေ့မြတ်တစ်ခုအဖြစ် ယနေ့အထိ
ကာလရှည်ကြာစွာ အောင်မြင်နေခဲ့ပါသည်။
people.jpg

ပြည်ထောင်စုနေ့ဆိုသည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းခဲ့သော သမိုင်းမှာ အရေးပါလှတဲ့
နေ့ထူးနေ့မြတ်တစ်ခုဆိုတာ မြန်မာနိုင်ငံသားတိုင်းလက်ခံတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။
ဖေဖေါ်ဝါရီ (12)ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် နိုင်ငံတော်မှ သတ်မှတ်ပြဌာန်းပြီး
အစိုးရရုံးများ၊ ကျောင်းများနဲ့ အခြားကုမ္ပဏီများမှလည်း ပိတ်ကာ ပြည်ထောင်စုနေ့အား
အမှတ်တရထားကာ ပြည်ထောင်စုနေ့ အခမ်းအနားကို သိုက်သိုက်ဝန်းဝန်းပြုလုပ်ကြပါသည်။
ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများကျင်းပခြင်း၊ ပြည်ထောင်စုနေ့အထိမ်းအမှတ်
ကျပန်းစကားပြောပွဲများကျင်းခြင်း၊ ပြည်ထောင်စုနေ့နှင့်ပတ်သက်သော စာပေဟောပြောပွဲများပြုလုပ်ခြင်း၊
အထိမ်းအမှတ် အားကစားပြိုင်ပွဲများဖြစ်သော ဘောလုံးပြိုင်ပွဲများ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများ ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊
စစ်တုရင်ထိုးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ မြင်းစီးပြိုင်ပွဲ၊ တာတို၊ တာဝေးပြိုင်ပွဲ၊ ပြေး၊ခုန်ပြစ်ပြိုင်ပွဲများကိုလည်း
ကျင်းပပြုလုပ်ကြပါသည်။ မြို့နယ်များတွင်မှာတော့ နွားအလှပြိုင်ပွဲများဖြစ်သော သွားနှစ်ချောင်းစိုက်၊ သွားလေးချောင်းစိုက်
နွားအကျော့ပြိုင်ပွဲများကျင်းပကြပါသေးသည်။ နွားအကျော့ပြိုင်ပွဲတွင် တစ်ဖက်တွင် နွားပျိုနွားတစ်ကောင်နှင့် အခြားတစ်ဖက်တွင်
နောက်လိုက်နွားအဖြစ် နွားငယ်အား ထည့်သွင်းပြီး အနိုင်အရှုံးပြိုင်ကြပါသည်။ ပြိုင်ပွဲတွင် ပထမရသောနွားအတွဲမှာဆုကြေးများစွာ
မရရှိခဲ့သော်လည်း ၄င်းနွားအရှဉ်းသည် သိန်း(30)လောက်အထိ ဈေးနှုန်းမြှင့်ကာ လာရောက်ဝယ်ယူမှုများရှိခြင်းကြောင့်
လာရောက်ကြည့်ရှု့အားပေးသူများ အလွန်များပြားကာ စည်ကားလှပါသည်။
Pinlong-agreement- 3.jpg
1455256342852.jpg
2IMG_0006.jpg

https://d.tube/#!/c/nannhtike

MSC-164
nannhtikeHive account@nannhtike
author - nannhtike

Leave ပြည်ထောင်စုနေ့ to:

Written by

i can do it !!!!

Read more #myanmar posts


Best Posts From Nann Htike

We have not curated any of nannhtike's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Nann Htike