Nang Mo Kham avatar

online shop အစိတ်တကြောင်း

nangmokha

Published: 10 Sept 2018 › Updated: 10 Sept 2018online shop အစိတ်တကြောင်း

online shop အစိတ်တကြောင်း

တချို့ဝယ်​သူ​တွေက​ပြောတယ်
Online မှာအထည်​မှာတာ အလိမ်​ခံရတဲ့အ​ကြောင်း 
ငွေလွှဲပြီး​ရော ချက်​ချင်း block ခံလိုက်​ရတဲ့အ​ကြောင်း
ဖုန်းမကိုင်​​တော့တဲ့အ​ကြောင်း
အမျိုးမျိုး​ပြောတာ စုံ​နေတာပဲ
အဲ ဒါက ဝယ်​သူဘက်​က အလိမ်​ခံရတဲ့ အ​ကြောင်း 🤗 တခု​ပြောချင်​တာက
ကိုယ့်​ဘက်​ကလဲ အယုံမလွယ်​ဖို့လိုပါတယ်
Online မှာ ပစ္စည်း တစ်​ခု​တွေ့တယ်​ 
ဈေးကရှိသင့်​တဲ့​ဈေးထက်​ ပိုတန်​​နေတယ်
ပြီး​တော့လဲ တကယ့်​တကယ်​ ​ငွေလွှဲ​တော့မယ်​ဆို​တော့ ထပ်​ပြီး​တော့ ​လျှော့​ပေး​နေ​သေးတယ်
၅၀၀ ​လျှော့​ပေးတယ်​​နော်​ ၁၀၀၀ ​လျှော့​ပေးတယ်​​နော်​ နဲ့ သ​ဘော​ကောင်းပြကြတယ်​ ဒါကိုပီတီဖြစ်​​တွေဖြစ်​ပြီး သ​ဘော​ကောင်းလိုက်​တာ မမက 😂😂
အဟင့်​ဟင့်​ ပို့လိုက်​​လေ ပိုက်​ဆံ
နည်း​တောင်​နည်း​နေ​သေးတယ်​ 😂
Online မှာ​ရောင်းတာ
တစ်​ရာ နှစ်​ရာကအစ တန်​ဖိုးရှိပါတယ်
တကယ်​လုပ်​စား​နေတဲ့လူ​တွေက ငါးရာ တစ်​​ထောင်​ မ​ပြောနဲ့ ၁၀၀ ​တောင်​ မ​လျှော့​ပေးပါဘူး 😊☺
ဆက်​​ပြောရအုန်းမယ်
aရာင်းတဲ့သူပဲ ကလိမ်​ကကျစ်​ လုပ်​တတ်​တာ
မဟုတ်​ပါဘူး ဝယ်​တဲ့သူလဲ
ကလိမ်​ကကျစ်​ ​တွေရှိပါတယ်
သူများကို ​ငွေကြိုလွှဲဖို့​တော့ မယုံမကြည်​တဲ့ပုံစံနဲ့
ဆိုင်​မှာလာဝယ်​လို့ရလား ​မေးတယ်​ 😁
လာယူလို့်​လဲရတယ်​ လာလဲပို့​ပေးတယ်
နာမည်​ လိပ်​စာ ဖုန်းနံပါတ်​ အပြည့်​အစုံ​တောင်း​တော့ အင်းမလုပ်​အဲမလုပ်​ 😟
အထည်​​တွေ ဆယ့်​​လေးငါးမျိုး​လောက်​ပြတယ်​ 
ဈေး​တွေတွက်​ခိုင်းတယ်
စိတ်​ရှည်​လက်​ရှည်​တွက်​​ပေးပါ​သေးတယ်
လာပို့​ပေးရမလားဆို​တော့လဲ မဟုတ်​ပြန်​ဘူး
လာယူမှာလားဆို​တော့လဲ ပြန်​​မေးကြည့်​အုန်းမလို့တဲ့) ​ငွေကြိုလွှဲဆို​တော့
အင်​တင်​တင်​နဲ့ အစကတည်းက ဝယ်​ဖို့စိတ်​ကူးမရှိရင်​ လာပြီးအလုပ်​မရှုပ်​ပါနဲ့ 🤗 post တင်​ကတည်းကလဲ
ရောင်းနိုင်​တဲ့​ဈေးနှုန်းနဲ့ ​ရောင်းတဲ့ပုံစံ အထည်​ဆိုဒ်
ကိုယ်​အ​လေးချိန်​ ဘယ်​နှစ်​​ပေါင်​က​နေ
ဘယ်​နှစ်​​ပေါင်​အတွင်း ဝတ်​လို့ရတယ်​ဆိုတာ ပါ 
ရေးထားပါတယ်​ မရှင်းလို့ထပ်​​မေးရင်​လဲ
စိတ်​ရှည်​လက်​ရှည်​ရှင်းပြ​ပေးပါ​သေးတယ်​ ↔ 
ဈေး​တွေတွက်​ခိုင်းတယ်​ ပြီး​တော့ အထည်​ယူဖြစ်​လားဆို​တော့ ​စောက်​ဖက်​လုပ်​ပြီး ပြန်​မ​ပြောဘူး
တစ်​ခုသိထားဖို့က ထမင်းငတ်​လို့
လုပ်​စား​နေတာမဟုတ်​ဘူး Online သုံးရင်း
အပိုဝင်​​ငွေရ​အောင်​ အလုပ်​လုပ်​​နေတာ လို့
ပြောပါရ​စေ​နော်​ အား​နေရင်​လဲ
တခြားမှာသွားကလိ​နေပါ​နော်
စာရင်း​တွေ​ပေါင်း​ပေးရတာ 
ဘောပင်​လဲအလကားမရဘူး
စာရွက်​လဲအလကားမရဘူး ဒါပါပဲ

ဟူးးးးးးးးးးးး ​မောလိုက်​တာ

written by :nangmokha@nangmokha
MSU NO-071

41416290_305058840282445_6310291853954514944_n.jpg

Leave online shop အစိတ်တကြောင်း to:

Written by

Read more #myanmar posts


Best Posts From Nang Mo Kham

We have not curated any of nangmokha's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Nang Mo Kham