Destructive Emotions
Emotion ကို ထိန်းပါ
Emotion ကို ထိန်းပါ ဆိုတာ
ဘာကိုဆိုလိုချင်မှန်း ကျွန်မနားမလည်ခဲ့ပါဘူး
ဒီလိုနဲ့ Trading လုပ်လာတာလည်း တစ်နှစ်ကျော်ခဲ့ပါပြီ Emotion ကို ဘယ်လိုထိန်းရမလဲ ဆိုတာကို
ကောင်းကောင်းနားမလည်ခဲ့ပါဘူး
မိမိကိုကိုယ် နားလည်သဘောပေါက်ဖို့ နဲ့ ထိန်းချုပ်နိုင်ဖို့
ဆိုတာ အင်မတန်မှ ခက်ခဲတဲ့ ကိစ္စရပ်ကြီးဖြစ်နေတာကိုး
ကျွန်မတို့ နေ့စဉ် နိစ္စဒူဝ လုပ်နေတဲ့ အလုပ်တွေတောင်
စိတ်ခံစားမှု Emotion က တိုက်တွန်းခြင်းအားဖြင့်
လက်တွေ့မှာ လုပ်ဆောင်မှု Actionဖြစ်ပေါ်လာခြင်း
ပင် မဟုတ်ပါလား
Winning ဖြစ်နေတဲ့ Trader တစ်ယောက်ဟာ Emotion ကို ထိန်းနိုင်ကြပါတယ်
Emotion ကို ထိန်းနိုင်ဖို့ မိမိကိုယ်ကိုကိုယ်ကောင်းစွာ
နားလည်သဘောပေါက်ဖို့ လိုပါမယ်
အခြေခံအားဖြင့် (4) မျိုး ရှိပါတယ်
- Greed
- Fear
- Hope
- Pride
Greed - Greedy Investor တစ်ယောက်ဟာ Profit များများရရှိရေးသာ အာရုံစိုက်တယ်
အတိတ်မှာလည်း ကံကောင်းထောက်မစွာ
အမြတ်အစွန်းများများရဖူးသူဖြစ်တာကြောင့်
မိမိကိုယ်ကိုယ်ယုံကြည်မှု
လွန်ကဲနေသူလည်းဖြစ်ပေလိမ့်မယ်
ဒါကြောင့် နောင်အကြိမ်တွေမှာ
ကိုယ်တိုင် Analystလိုက်မလုပ်နိုင်ပေမယ့်
အမျိုးအစားတွေစုံစုံလင်လင် Trade ချင်လာမယ်
Account Leverage တိုးမြင့်ထားပြီး
Market တွင်းမှာလည်း Risk များသလား
မသုံးသပ်ဘဲ Money Management ကို
လည်းသတိမမူတော့ဘဲ
Lot Size ကြီးကြီးယူပြီး Trade ကြတယ်
(Volatility)ဈေးအလှုပ်အခတ်ကြမ်းနေချိန်
အမြတ်ရချင်ဇောကပ်ပြီး အလောတကြီး
position ယူမိတာတွေက အင်မတန် Risk များတယ်
အမှားကြီး မှားတတ်တယ်
မြတ်ရင်များများရနိုင့်သလို ရှူံးရင်အဆမတန်
ဆုံးရှူံးနိုင်တာကြောင့် လောဘ မကြီးမိအောင်
မိမိစိတ်ကို ထိန်းချုပ်နိုင်ရမှာဖြစ်တယ်
Fear - လူတိုင်းကတော့ ကိုယ့်ငွေဆုံးရှူံးမှာကို
ကြောက်ရွံ့သူချည်းပါပဲ
ကိုယ် Investment လုပ်ထားတာနဲ့ ပက်သက်တဲ့
သတင်းတစ်ခုခု ကြားရင်
ထိတ်လန့်တုန်လှုပ်တတ်ပါတယ်
ကြောက်စိတ်တွေ စိုးမိုးနေရင် ဆုံးဖြတ်ချက်ချရာမှာ
စိတ်လှုပ်ရှားထွေပြားပြီး အမှားလုပ်တတ်ကြပါတယ်
Position တစ်ခု ဖွင့်ပြီး Price action က
အနည်းငယ် Correction ဖြစ်ရင်ကို ကြောက်လန့်ပြီး
အရှူံးခံ ပိတ်လိုက်တာမျိုး ဖြစ်ဖူးကြပါတယ်
Close order လုပ်ပြီးမှ Trend အမှန်ပြန်သွားတဲ့
အခါ ယူကျုံး မရဖြစ်ကြရတယ်
နောက်ပြီး ပိုဆိုးတာက ဆုံးရှူံးသွားတဲ့ အကျိုးဆက်ကို
တမြေ့မြေ့ခံစားနေတာပါပဲ (ကျွန်မအပါအဝင်ပေါ့)
နောက်ထပ် Position တစ်ခု ဖွင့်ခါနီးတိုင်း
အရင်ကလိုများ ဆိုပြီး လက်တွန့်တာလဲ
အကြိမ်ကြိမ်ဖြစ်ဖူးကြပါမယ်
စိုးရိမ်စိတ်ကို အတတ်နိုင်ဆုံးဖယ်ရှားမှ
ဆုံးဖြတ်ချက်ချရာမှာ အမှားကင်းနိုင်မှာဖြစ်တယ်
Hope - Trade နေစဉ်အတောအတွင်း
မျှော်လင့်ချက်ထားတာမျိုးရှိတတ်ပါတယ်
ကိုယ်ယူထားတဲ့ Position နဲ့ ဆန့်ကျင်ဘက် လားရာ
ပြောင်းနေတဲ့ အချိန်မှာတောင် အမြတ်ရဖို့ မျှော်လင့်ပြီး Close order မလုပ်ပဲလွှတ်ထားတာမျိုး ရှိတတ်တယ်
တခါတလေမှာဆိုရင် Price action ကို အများကြီး
ရွေ့သွားဖို့မျှော်လင့်မိပြီး TP/ SLကို အဝေးကြီးမှာ သွားထားမိတာမျိုးဖြစ်ဖူးကြပါတယ်
Rational Thinking မလုပ်ပဲ
ဈေးကွက်ဟာကျွန်မတို့ အားသန်တဲ့ လားရာဘက်ကို
သွားနိုင်လိမ့်မယ် မျှော်လင့်ထား ပြီး
အရောင်းဝယ်လုပ်ကြတယ်
(တစ်ခါတစ်လေမှာ Hope ကြောင့်
Profit ရကောင်းရနိုင်လိမ့်မယ်
ဒါပေမယ့် သတိထားပါ Hope နောက်ကို
လိုက်လွန်းရင် Gambling
ဆန်ဆန်ဖြစ်သွားတတ်ပါတယ်)
Pride - ပလွှားမှု / မိမိကိုယ်ကို အထင်ကြီးမှု
ကိုယ့်ကိုကိုယ် အထင်ကြီးတာဟာ ကိုယ့်ရဲ့အတွင်းစိတ်
ပင်ကို အားနည်းချက်များကို
ကိုယ်တိုင်မမြင်နိုင်တော့ပါဘူး
ကိုယ့်ရဲ့ စိတ်ခံစားမှု Emotion
ဘယ်လို အခြေနေရှိလဲ ကိုယ့်ကိုကိုယ်မမြင်နိုင်ပါဘူး
ဒါကြောင့်လည်း ဝါရင့်ဆရာတွေ အတွေ့အကြုံ ရှိ Trader တွေ ရဲ့ အကြုံပြုချက်တွေကို လက်သင့်မခံဘဲ
ခေါင်းမာစွာနဲ့ အရောင်းအဝယ်လုပ်ုကြပါတယ်
အဲဒီလိုခေါင်းမာမှု က ကိုယ့်ကိုကိုယ်
ကျဆုံးခန်းထဲ ဆွဲခေါ်မှန်းမသိ
ဆွဲခေါ်နေတာတောင်မသိနိုင်တော့တဲ့
အထိဖြစ်လာနိုင်ပါတယ်
Money Management , Risk Management
တို့ကို သတိမမူ တော့ပဲ
Equity ကို မထိန်းနိုင်မသိမ်းနိုင်ဖြစ်လာရပါတော့တယ်
Trade လုပ်နေစဉ်မှာ
လောဘ မကြီးမိရန်
စိုးရိမ်စိတ်တွေ မထားရန်
မျှော်လင့်ချက်ထားပြီး ဖက်တွယ်မနေဖို့ရန်
စသည်ဖြင့် မိမိကိုယ်ကို အတတ်နိုင်ဆုံး
ထိန်းချု ပ်ရမှာပဲဖြစ်ပါတယ်
ကျွန်မအနေနဲ့ လိုအပ်ချက်များရှိနေသေးသော်လည်း
အတွေ့အကြုံ အရင်းခံ နှင့်
ဖတ်ရှု လေ့လာထားရသလောက်
မျှဝေခြင်းဖြစ်ပါတယ်ရှင်
နန်းခမ်းသီရိဦး
By @nangkhamthiri
Leave Destructive Emotions to:
Read more #myanmar posts
Best Posts From nangkhamthiri
We have not curated any of nangkhamthiri's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From nangkhamthiri
- ရင်းနှီးမြုပ်နှံသူများ သတိပြုရသည့် ဂျပန်ယန်းငွေ
- Support & Resistance , Break Out Trade
- "Trader တိုင်းသိထားသင့်သည့် Trend Forecasting နှင့် ပက်သက်သော အခြေခံ(5)ချက်"
- "E-commerce လုပ်ငန်းနဲ့ အောင်မြင်ကျော်ကြားသူ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် ကိတ် မောရစ်"
- Destructive Emotions
- ကျွန်မတို့သည် ဧည့်သည်များသာ
- Successful Millionare Trader Ingeborg Mootz
- Trading နဲ့ Hope
- Myanmar Thanakkha - Natural Makeup
- Introducing myself