nainglinn avatar

မလျော့သောဇွဲ

nainglinn

Published: 10 Mar 2018 › Updated: 10 Mar 2018မလျော့သောဇွဲ

မလျော့သောဇွဲ

ဇွဲရှိရှိလုပ်​​ဆောင်​ပါကမည်​သို့​သောအခက်​အခဲပင်​ဖြစ်​​စေ​ကျော်​လွှားနိုင်​ပါတယ်​....​အောင်​မြင်​ချင်​သူတိုင်းအတွက်​...ဇွဲဆိုတာမရှိမဖြစ်​လိုအပ်​တဲ့...အရည်​အချင်းတစ်​ခုဖြစ်​ပါတယ်​....

အမြဲတ​စေ...ပြုလုပ်​ရမယ့်​ကြိုးစားခြင်းနှင့်​အတူ....ဇွဲ​ကောင်း​ကောင်းလုပ်​​ဆောင်​ဖို့လဲလိုအပ်​ပါတယ်​..."ဇွဲရှိက​အောင်​မြင်​မည်​”ဆို​သောစကားဟာသိပ်​မှန်​ပါတယ်​....ဇွဲရှိရှိသာလုပ်​​ဆောင်​ပါ...​အောင်​မြင်​မှုပန်းတိုင်​ဆိုတာကို....သင်​ဧကန်​မလွဲ​ရောက်​ရှိမှာပါ...

ဇွဲ​ကောင်းခြင်းရဲ့အရည်​အချင်းကိုးချက်​ရှိပါတယ်​-
၁။လိုရာမ​ရောက်​မီခြိုးခြံစွာ​နေထိုင်​ခြင်း။
၂။တစ်​စတစ်​စအခက်​အခဲများကို​ကျော်​လွှားခဲ့ဖူးခြင်း။
၃။ပင်​ပန်းမည်​ကိုမ​ကြောက်​​သောစိတ်​ဓာတ်​။
၎။ပေါင်းသင်းဆက်​ဆံတတ်​ခြင်းသ​ဘောမှာပြည့်​ဝ,တာ။
၅။ကျန်းမာ​ရေးကိုဂရုစိုက်​​နေတတ်​ခြင်း။
၆။ဆင်​ခြင်​နိုင်​ခြင်းအတိုင်းအတာများ။
၇။သည်းခံခြင်းအပြုအမူများ။
၈။မိမိကိုယ်​ကိုပြန်​လည်​​ဝေဖန်​ဆန်းစစ်​မှုပြုခြင်း။
၉။မ​မေ့မ​လျော့ပြုပြင်​နိုင်​ခြင်း။
ဒီအချက်​ကိုးချက်​ပါမှဇွဲ​ကောင်းခြင်းပီသပါတယ်​...ဇွတ်​တရွတ်​လုပ်​ခြင်းဟာဇွဲ​ကောင်းခြင်းမဟုတ်​ပဲ...မိုက်​ရူးရဲဆန်​ခြင်းသာဖြစ်​ပါတယ်​...

မိမိ၏အကြံအစည်​ကို...လွယ်​လွယ်​နှင်​လက်​မ​လျော့သူတို့၌....မည်​သို​သောအခက်​အခဲများကျ​ရောက်​​စေကာမူ...ကျ​ရောက်​ပြီး​နောက်​မုချ​ပျောက်​ပျက်​ရမည်​ဖြစ်​သည်​...​လောကကြီး၌...ဇွဲ​ကောင်းကောင်းထားပြီး...မိမိ၏ကိုယ်​စွမ်းဥာဏ်​စွမ်းတို့ကို...​ကောင်းမွန်​စွာအသုံးချတတ်​​သောလူ​တွေဟာ...မိမိအကျိုးစီးပွားသာမက...မိမိပတ်​ဝန်းကျင်​ရပ်​ရွာမြို့နယ်​တိုင်းပြည်​၏...အကျိုးစီပွားများအထိ...တိုးတက်​​ကောင်းမွန်​​အောင်​ဖန်​တီးနိုင်​ပါတယ်​....

ဥာဏ်​နှင့်​ယှဉ်​ပြီး....ဇွဲနဲ့အလုပ်​လုပ်​​သော...သူ​တွေသာ​လောကကြီးမှာ..ကြီးစိုးချယ်​လှယ်​​နေကြတာပါ....
image
အ​ကောင်းဟာ အဆုံးမရှိ။
တတ်​ကျွမ်းမှုဟာ အဆုံးမရှိ။
ယဉ်​​ကျေးမှုဟာ အဆုံးမရှိ။
ပညာရည်​ထူးချွန်​မှုက ပန်းတိုင်​မရှိ။
စားဝတ်​​နေ​ရေး တိုးတက်​​ကောင်းမွန်​မှုတို့ရဲ့ ​ပြောင်းလဲခြင်းဟာမိုး​ကောင်းကင်​လို...ကျယ်​ပြန့်​ပါတယ်​...
အဲ့ဒါ​ကြောင့်​ဇွဲဆိုတာ....လူသားတိုင်းမရှိမဖြစ်​...အမြဲထားရမယ်​အရာမျိုးပါ....

ဇွဲရဲ့အရည်​အချင်းမှာ...တ​ဖြေး​ဖြေးချင်း..တစ်​ဆင့်​ပြီးတစ်​ဆင့်​...တက်​၍ရ​သောသ​ဘောတရားများရှိပါတယ်​...ပင်းပန်းတယ်​ဆိုတာကို​ကြောက်​မ​နေပဲ...တစ်​စတစ်​အခက်​အခဲများကို...​ကျော်​လွှားနိုင်​မယ်​ဆိုရင်​...​အောင်​မြင်​ခြင်းဆိုတဲ့...အ​ကောင်​အထည်​ရုပ်​လုံး...​ပေါ်လာမှာပါ...

ဇွဲနဲ့ကြိုးစားပြီးလုပ်​ကိုင်​မယ်​ဆိုရင်​....မပြီးနိုင်​ဘူးထင်​တာ​တွေလဲ...ပြီးစီ​အောင်​မြင်​လာမှာပဲ...မဖြစ်​နိုင်​ဘူးလို့ထင်​ထားတာ​တွေလဲ...ဖြစ်​လာရမှာပဲ...အဓိကကျတာ...သင်​ဇွဲရှိရှိလုပ်​​ဆောင်​ဖို့ပဲ...လိုအပ်​တာပါ...

တရုတ်​နိုင်​ငံမှာရှိတဲ့...ကမ္ဘ​ကျော်​မဟာတံတိုင်းကြီးကို...ဘယ်​လိုတည်​​ဆောက်​ခဲ့လဲ....အုတ်​တစ်​ချပ်​ချင်းစီကိုစီပြီး....ဇွဲရှိရှိနဲ့တည်​​ဆောက်​ခဲ့တာပါ...စပြီးမတည်​​ဆောက်​ခင်​က...ဒီ​လောက်​အကြီးကြီးပြီးနိုင်​ပါ့မလား...လုပ်​နိုင်​ပါ့မလားဆိုတဲ့စိတ်​..ထားခဲ့မယ်​ဆိုရင်​....ဒီ​နေ့ဒီအချိန်​မှာ..မဟာတံတိုင်းကြီးဆိုတာကို...ကျွန်​​တော်​တို့မြင်​​တွေ့နိုင်​မှာမဟုတ်​ပါဘူး...အီဂျစ်​ပြည်​မှာရှိတဲ့..ပိရမစ်​ကြီး​တွေ၊ပြင်​သစ်​နိုင်​ငံမှာရှိတဲ့ပဲရစ်​​မျှော်​စင်​ကြီး​တွေ....ဒါ​တွေကိုလဲ...အုတ်​တစ်​ချပ်​သဲတစ်​ပွင့်​သံတစ်​​ချောင်းက​နေ....စပြီးအချိုးကျကျ....ဇွဲရှိရှိနဲ့တ​ဖြေး​ဖြေးချင်း....လုပ်​ယူခဲ့ကြတာပါ....ဇွဲဆိုတာတ​ဖြေး​ဖြေးချင်း...လုပ်​ယူရတဲ့အရာမျိုးပါ...

လူတိုင်းလူတိုင်းမှာ...ဇွဲဆိုတာမရှိမဖြစ်​...ရှိ​နေဖို့လိုအပ်​ပါတယ်​...ဇွဲမရှိတဲ့သူဟာ​အောင်​မြင်​မှု...ပန်းတိုင်​ဆိုတာလဲမ​ရောက်​နိုင်​ပါဘူး...ခရီးတစ်​ခုကို...​ခြေတစ်​လှမ်းက​နေစတင်​ပြီး​တော့...ခရီးဆုံးပန်းတိုင်​​ရောက်​ဖို့ဆိုတာ...ဇွဲနဲ့​လျှောက်​လှမ်းရတာပါ...

မြန်​မာရာဇဝင်​...ဇာတ်​​တော်​​တွေထဲက...မဟာဇနကမင်းသားဇာတ်​​တော်​မှာ...အ​လောင်း​တော်​မဟာဇနကမင်းသားဟာ....သမုဒ္ဒရာထဲမှာ​လှေမြုပ်​​တော့....ခုနှစ်​ရက်​တိုင်​တိုင်​မ​လျော့​သောဇွဲနဲ့...ကူခတ်​ခဲ့တယ်​...မင်းသားရဲ့ဇွဲလုံးလကို​လေးစားပြီး...သမုဒ္ဒရာ​စောင့်​တဲ့...မဏိ​မေခလာနတ်​သမီးက...​ရေထဲက​နေကယ်​တင်​ခဲ့တယ်​လို့ဖတ်​ဖူးခဲ့ပါတယ်​....ဒါဟာဇွဲ​ကောင်းခြင်းရဲ့အကျိုးကို...ပြန်​လည်​ခံစားရတာပါပဲ....

မည်​သည့်​အလုပ်​မဆိုဇွဲရှိရှိနဲ့သာကြိုးစားပြီးလုပ်​ကိုင်​ပါ..စိတ်​ဓာတ်​မကျပါနဲ့...အားမ​လျော့ပါနဲ့...အခက်​အခဲဆိုတာဟာ...​ကျော်​လွှားဖို့ပါ...အဲ့ဒီအခက်​အခဲ​တွေကို...ဖြတ်​သန်းပြီးရင်​...​အောင်​မြင်​မှုပန်းတိုင်​ဆီကို...တည့်​တည့်​မတ်​မတ်​​ရောက်​ရှိပါလိမ့်​မယ်​....

ဖတ်​မိသမျှပြန်​လည်​မျှ​ဝေပါသည်​။

Author. nainglinn image

Leave မလျော့သောဇွဲ to:

Written by

Read more #myanmar posts


Best Posts From nainglinn

We have not curated any of nainglinn's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From nainglinn