myintoo avatar

ဂေါ်ဖီထုတ် (CABBAGE )

myintoo

Published: 13 Mar 2018 › Updated: 13 Mar 2018ဂေါ်ဖီထုတ်  (CABBAGE )

ဂေါ်ဖီထုတ် (CABBAGE )

ဂေါ်ဖီထုတ် (CABBAGE )

download.jpg

ဂေါ်ဖီထုတ်ဟာ မြန်မာ့အစားစာဖြစ်တဲ့ လက်သုတ်အမျိုးမျိုးမှာ မရှိမဖြစ်ဟင်းရွက်အဖြစ် အမြဲပါဝင် အသုံးတော်ခံလေ့ရှိပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်တဲ့ဗီတာမင် စီဓာတ် ပါဝင်ပါတယ်။
ဒါ့အပြင် သွေးခဲရာတွင် မရှိမဖြစ်ဗီတာမင် ဖြစ်တဲ့ ဗီတာမင်ကေဓာတ် အပါဝင် သွေးအားကောင်းစေတဲ့ ဖောလစ်အက်စစ်နှင့်ဗီတာမင် ဘီအုပ်စုများဖြစ်တဲ့ဗီတာမင်ဗီဝမ်း၊ ၊
ဗီတာမင်ုဘိတူး၊နိုင်ယာစင်ဓာတ်တို့လည်း ကြွယ်ဝပြန်ပါတယ်။
ဂေါ်ဖီထုတ်ဟာ အဆီဖြစ်တဲ. ကိုလက်စထရောလည်း လုံးဝမပါဝင်တဲ.အတွက် အဆီရှောင်နေ၇သူ များအားလုံးအတွက် အထူးသင့်တော်လှပါသည်။
ဂ်ါဖီးထုပ် ၁၀၀ မီလီဂရမ် (၆ကျပ် တစ်မတ်သား)မှာပါဝင်တဲ့ အာဟာရဓာတ် တန်ဖိုးကတော့ ၂၅ကယ်လိုရီ၊ကာဗိုဟိုက်ဒြိတ် ၅.၃ ဂရမ်၊ ပရိုတိန်း ၁.၃ ဂရမ်၊ အဆီဓာတ် (၀)၊ကယ်(လ်)စီယမ် ၄၆ မီလီဂရမ်၊ ဗီတာမင်အေ ၁၂ မိုက်ခရိုဂရမ် ၊ဗီတာမင်ဘီဝမ်း ၀.၀၆ မီလီဂရမ်၊၀.၀၃ မီလီဂရမ်၊နိုင်ယာစင် ၀.၄မီလီဂ၇မ်၊ဗီတာမင်စီ ၂၂ မီလီဂရမ်၊ဖြစ်ပါတယ်။ ဘယ်(လ်)ဂျီယမ်နိုင်ငံ၊ဘရပ်ဆဲ(လ်)မြို့ မှထွက်တဲ့ Beussels sprouts ဘရပ်ဆဲ(လ်)စပရောက်(စ်)လို့ခေါ်တဲ့ ဂေါ်ဖီထုပ်ငယ်လေးများရဲ့ အာဟာရဓာတ် တန်ဖိုးနဲ့ မြန်မာဂေါ်ဖီထုပ်နဲ့ နှိုင်ယှဉ်တဲ့အခါ၊၄င်ဒဂေါ်ဖီထုပ်ငယ်လေးတစ်ခုရဲ့ (၁၀၀ မီလီဂရမ်မှာ)အာဟာရတန်ဖိုးကတော့ ၁၀ ကယ်လိုရီ၊ အသားဓာတ် ၂၈ ဂရမ်၊ အဆီ (၀)၊ ရေဓာတ် ၉၂ ဂရမ်၊ ကယ်(လ်)စီယမ် ၂၅ မီလီဂရမ်၊ သံဓာတ် ၀.၅ မီလီဂရမ်၊ဘီတူး ၀.၁ မီလီဂရမ်၊ နိုင်ယာစင် ၀.၉မီလီဂရမ်၊ဗီတာမင်စီ ၄၀ မီလီဂရမ် ဖြစ်ပါတယ်။
လိမ္မော်သီး ၁၀၀ မီလီဂရမ်မှာပါတဲ့ ဗီတာမင်စီဓာတ် ၃၀ မီလီဂရမ်နဲ့ သိပ်မကွာလှကြောင်း တွေ့ရပါတယ်။
ဒါ့အပြင် အမျှင်ဓာတ်များတဲ့ ဂေါ်ဖီထုပ်က ၀မ်းမချုပ်အောင် ကာကွယ်ပေးပြန်ပါတယ်။ ဒါ့အပြင် အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာ တို့မှလည်း ကာကွယ်ပေးပြန်တယ်ဆိုတာ သတ်သေပြနိုင်လာပါပြီ။
နိုင်င့တစ်ကာက ထုတ်ဝေတဲ့ စာစောင်တွေထဲက အသီးအရွက်တွေအကြောင်း လေ့လာရေးသားကြတဲ့ ဆောင်းပါး ၈၅ပုဒ်ကို လေ့လာကြည့်ရာတွင် ၇၀%က ဂေါ်ဖီထုပ်၊ ၆၇%က ပန်းမုန်လာနဲ့ ၅၆%က ပန်းမုန်လာစိမ်းတို့ဟာ ကင်တာရေဂါဖြစ်ပွားမှုကို လျှော့ကျစေပါတယ်လို့ ဆိုကြပါတယ်။
အထက်ကဖော်ပြခဲ့တဲ့ ဗီတာမင်တွေအပြင် အသီးအရွက်တွေမှာ ကျန်းမာစေတဲ့ဓာတ်တွေဟာ ဂလူကိုစင်နိုလိတ်(Glu-cosinolates)ဆိုတဲ့ ဖိုက်တိုမီကယ်တွေပဲ ဖြစ်ပါတယ်။ အဲ့ဒီအုပ်စုထဲမှာပါတဲ့ တိုက်ကယ်မီကယ်တစ်မျိုးဖြစ်တဲ့ (Indole-3-Carbinal (13C)) အင်ဒိုယရီးကာသီနော (အိုင်သရီးစီ) ဟာဆိုရင် ရင်သားကင်ဆာကို ကာကွယ်ပေးပါတယ်။
နယူရော့(စ်) ကင်ဆာ ကာကွယ်ရေးဌာနက သုတေသီများက ပန်းမုန်လာအမျိုးနွယ်ဝင်တွေနဲ့ 13C ကို ရင်သားကာကွယ်ကုသဆေးအဖြစ် ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။
ရောဂါကို ကာကွယ်နိုင်မယ်လို့ အတိအကျပြောဖို့ စောလွန်းနေပါသေးတယ်။
ဒါပေမဲ့ ဂေါ်ဖီထုပ် တစ်နေ့နှစ်ကြိမ် စားထားရင် ရင်သားကင်ဆာရောဂါကာကွယ်ဖို့ အသင့်ပြင်ထားနိုင်ကြောင်း အမျိုးသမီးများအတွက် သတင်းကောင်း ပါးလိုက်ပါရစေ။

images (1).jpg

images.jpg
myint oo

photo from google

Leave ဂေါ်ဖီထုတ် (CABBAGE ) to:

Written by

Read more #hfs posts


Best Posts From myintoo

We have not curated any of myintoo's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From myintoo