Myint Mo Shwe Shan avatar

A lizard laying eggs

myintmo.shweyi

Published: 13 Oct 2025 › Updated: 13 Oct 2025A lizard laying eggs

A lizard laying eggs

One day, I was visiting a friend's house. While I was talking to her, I noticed a lizard digging a hole and a pile of garbage on top of it.

When I asked my host friend why the lizard was digging a hole and laying eggs, she said it was to lay eggs, so I thought I would record it. I was able to record the lizard laying eggs. It laid 7 eggs.

I saw the 7 eggs laid and the steps taken to ensure their safety. I saw the ground being raked to prevent the eggs from being exposed, the ground being pounded with the corner of her foot, the ground being hammered with a hammer to make them even with the ground, and the steps being taken to ensure that they were level with the ground. I did not know when the eggs would hatch, so I could not record them.

Have you ever seen a lizard laying eggs? If you haven't, I'd like to share my story with you.

တနေ့မှာ မိတ်ဆွေတစ်ဦး၏အိမ် အလည်ရောက်ဖြစ်ခဲ့သည်။ မိတ်ဆွေနဲ့ ဆုံတုန်း စကားစမြည် ပြောဖြစ်ခဲ့သည်။ စကားပြောနေစဉ် ပုတ်သင်ညို တစ်ကောင် ကျင်းတူးပြီး ၎င်း ကျင်းပေါ်သို့ ကားယားအနေထား ရှိနေသည်ကို သတိထားမိခဲ့သည်။

အိမ်ရှင် မိတ်ဆွေအား ပုတ်သင်ညို ဘာကြောင့် ကျင်းတူးပြီး ကားယား အနေထားရှိသည် ပြောသည့်အခါ ဥချရန် ဖြစ်သည်ဟု ပြောပြသည့် အတွက် မှတ်တမ်းတင်ထားရန် စိတ်ကူးမိခဲ့ပါသည်။ ပုတ်သင်ညို ဥချနေသည်ကို အမိရမှတ်တမ်းတင်ထားနိုင် ခဲ့ပါသည်။ ၎င်းသည် ၇ ဥ ဥချခဲ့ပါသည်။

၇ ဥ ဥချခဲ့ပြီး ဒီအတိုင်းမထားပဲ လုံခြုံစိတ်ချရန် ဆောင်ရွက်နေမှုများ ကိုလည်း မြင်တွေ့ခဲ့ရပါသည်။ ဥချခဲ့သည့် အလုံးလေးများ ပေါ်ထွက်မနေစေရန် မြေများ ယက်ချခြင်း၊ ခြေထောင့်ဖြင့် ဆောင့်ခြင်း၊ နုတ်သီးဖြင့် မြေကြတ်စေရန် ထိုးသိပ်ခြင်း နှင့် မြေသားနှင့် တစ်ပြေညီဖြစ်‌နေစေရန် လုပ်ဆောင်နေသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပါသည်။
အကောင်လေးများ ပေါက်မည့်ရက် ကိုတော့ မသိသဖြင့် မှတ်တမ်းမတင်ထားနိုင်ခဲ့ပါ။

မိတ်ဆွေတို့ရော ပုတ်သင်ညို ဥချ နေသည်ကို တွေ့ဖူးပါသလား။ မ‌တွေ့ဖူး သေးပါက သိရှိရန် မှတ်တမ်းချပြလိုက်ရပါသည်။

Leave A lizard laying eggs to:

Read more #hive-117778 posts


Best Posts From Myint Mo Shwe Shan

We have not curated any of myintmo.shweyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Myint Mo Shwe Shan