Alcohol
အရက်သောက်ခြင်းဟာ နိုင်ငံခြား ဘာသာစကား တတ်မြောက်ဖို့ ပိုမိုလွယ်ကူစေ
လူအတော်တော်များများဟာ အရက်သောက်ပြီးတဲ့အချိန် နိုင်ငံခြားဘာသာ စကားလုံးတွေကို မိခင်ဘာသာစကားကြားထဲမှာ အရင်ထက် ပိုညှပ်ညှပ်ပြီး ထည့်ပြောလေ့ရှိကြတယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။
မိခင်ဘာသာစကားမဟုတ်တဲ့ နိုင်ငံခြား ဘာသာစကား တစ်ခုခုကို သင်ယူနေသူတစ်ယောက်အတွက် အရက်သောက်ခြင်း (အယ်လ်ကိုဟော) ဟာ ပိုပြီး လျှင်လျှင်မြန်မြန် တတ်မြောက်စေဖို့ ကူညီပေးပါတယ်။
ဘီယာ ဒါမှမဟုတ် ဝိုင်သောက်လိုက်မယ်ဆို ရှက်နေတဲ့ ကိုယ့်ရဲ့ ကြောက်စိတ်တွေကို လျှော့ချပေးနိုင်ပြီး လူတွေရှေ့မှာ နိုင်ငံခြားဘာသာစကားကို သွက်သွက်လက်လက် ပြောရဲဆိုရဲဖြစ်လာပြီး စကားတွေ ဖောင်ဖွဲ့ဖို့ လွယ်ကူစေပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာလည်း ဆိုးကျိုးအနေနဲ့ အယ်လ်ကိုဟောဓာတ်ဟာ သိမြင်နားလည်သဘောပေါက်စေတာမျိုး၊ မှတ်ဉာဏ်နဲ့ သတိပြုဆင်ခြင်နိုင်စွမ်းတွေကို လျော့နည်းစေပြန်ပါတယ်။ ဒီလိုဖြစ်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်လွန်ကဲ အထင်ကြီးကာ စကားကြီး စကားကျယ်တွေလဲ ပြောမိစေတတ်ပါတယ်။
နယ်သာလန်နိုင်ငံ မာစရိုက် တက္ကသိုလ် (Maastricht University) မှာ တက်ရောက်နေတဲ့ ဂျာမနီနိုင်ငံသား အယောက် ၅၀ ကို တစ်ယောက် ၂ မိနစ်စီ အင်တာဗျူးလုပ်ခဲ့ပါတယ်။ ကျောင်းသား အများစုကတော့ စာမေးပွဲကို ကျော်ဖြတ်နိုင်ဖို့ တစ်ခါတစ်လေ အရက်သောက်ကြတယ်လို့ ဆိုခဲ့ကြပါတယ်။
(မူရင်းဆောင်းပါး၏ အာဘော်အတိုင်းသာဖြစ်ပါသည်)
Ref : TIME "Alcohol helps you speak a foreign language better"
Cj (ရိုးရာလေး)
www.yoyarlay.com
#CJ_yyl #International_yyl
Leave Alcohol to:
Read more #alcohol posts
Best Posts From myatminnzaw
We have not curated any of myatminnzaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.